Friday, 13 October 2017 16:50

ဒဏ်ရာပြဿနာများကြောင့် ငိုကြွေးနေမည်မဟုတ်ကြောင်း မော်ရင်ဟိုပြောကြား လီဗာပူးနှင့်ပွဲတွင် ရလဒ်ကောင်းဆက်ထိန်းမည်ဟု မာတာ ကြုံးဝါး

Written by
Rate this item
(0 votes)

မန်ယူနည်းပြမော်ရင်ဟိုက ဖယ် လိုင်နီအပါအ၀င် ဒဏ်ရာရကစား သမားများ များပြားလာခဲ့သော် လည်း ဒဏ်ရာပြဿနာများကြောင့် ငိုကြွေး နေမည်မဟုတ်ကြောင်း ပြောခဲ့သည်။ဖယ်လိုင်နီသည် ပဲလေ့စ်ကို ၄-၀ဖြင့် အနိုင်ရခဲ့သောပွဲ တွင် နှစ်ဂိုးသွင်း ယူနိုင်ခြင်း အပါအ၀င် ယခုနှစ် ရာသီ ၌ခြေစွမ်း ပြကစားနေ ရာ ဘယ်လ်ဂျီယံ နှင့်ပွဲမှ ဒူးဒဏ်ရာ ကြောင့် အနည်းဆုံးတစ်ပတ် အနားယူရခြင်းက မန်ယူအ တွက် ထိုးနှက်မှုအဖြစ်သုံးသပ် နေကြသည်။ သို့ရာတွင် နည်းပြမော်ရင်ဟိုက "ဒဏ်ရာတွေက ထိုးနှက်မှုမဟုတ်သလို ဘာပြဿနာမှလည်းမဟုတ်ပါဘူး။ ဒဏ်ရာရ သွားတဲ့အကြောင်းခြင်းရာ တွေကြောင့်သာ ငိုကြွေး ကောင်း ငိုကြွေး နိုင်ပေမယ့် ဒဏ်ရာတွေရခဲ့ခြင်းအပေါ် မှာ ငိုကြွေး နေမှာမဟုတ်ပါဘူး။ ဒဏ် ရာရကစားသမားတွေနေရာမှာ ၀င်က စားမယ့်သူတွေအပေါ် ယုံကြည်ထား ရမှာပါ " ဟု ဆိုခဲ့သည်။

 

ထို့အပြင် မော်ရင်ဟိုက ကစား သမားများအနေဖြင့် နိုင်ငံတကာပွဲများ ကြောင့်သာ ဒဏ်ရာရနိုင်သည်မဟုတ် ခြင်းကြောင့် နိုင်ငံတကာပွဲများအပေါ် အပြစ်ဖို့နေမည်မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင် မန်ယူကွင်း လယ် လူမာတာ က လာမည့်လီဗာပူးနှင့် ပွဲမှာ ရာသီအစတွင် ရလဒ်ကောင်းများ ရရှိနေသော အသင်းအတွက် အခက်ခဲ ဆုံးပွဲစဉ်တစ်ခုဖြစ်လာမည်ဖြစ်သော် လည်း ခြေစွမ်းကောင်းကိုဆက်ထိန်းနိုင် ရန်ကြိုးစား သွား မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ မန်ယူသည် ယခုနှစ်ရာသီ အစတွင် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ၁၀ပွဲကစားထားရာတွင် ၉ပွဲအနိုင်ရ ထားရာ အဆိုပါရလဒ်ကောင်းကို လီဗာ ပူးနှင့်ပွဲတွက် ဆက်ထိန်းနိုင်ရန် မာတာ က မျှော်လင့်နေခြင်းဖြစ်သည်။

မာတာက" လီဗာပူးနဲ့ပွဲဟာ ဒီရာ သီမှာ ကျွန်တော်တို့အတွက်အခက်ခဲဆုံး ပွဲတွေထဲမှာပါဝင်နေတာ သံသယဖြစ် စရာမလိုပါဘူး။ ဒီပွဲဟာ အသင်းအတွက် ရော၊ ပရိသတ်တွေအတွက်ပါ ဘယ် လောက်အရေးကြီးသလဲဆိုတာ ပြောပြ နေစရာမလိုပါဘူး။ ရာသီအစကတည်း ကရယူထားနိုင်ခဲ့တဲ့ ခြေစွမ်းကောင်း ကိုဆက်ထိန်းပြီး မန်ချက်စ တာကိုအပြန်မှာ အနိုင် သုံးမှတ်ကို ရယူသွား နိုင်မယ်လို့ မျှော်လင့် ပါတယ် " ဟု ပြော ခဲ့သည်။

ထို့အ ပြင်မာ တာက နိုင်ငံအ သင်းနှင့် ကစားခဲ့ရာ တွင် ဖယ်လိုင်နီ ဒဏ်ရာရရှိခဲ့ပြီးနောက် နောက်ထပ်အသင်းဖော် များ ထပ်မံဒဏ်ရာမရရန် မျှော်လင့်မိကြောင်း၊ ကမ္ဘာ့ဖလားတိုက် ရိုက်ဝင်ခွင့်ကို အင်္ဂလန်အသင်းနှင့် စပိန် အသင်းများရယူနိုင်ခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း ဆက်လက်ပြော ကြားခဲ့သည်။

KKW/Democracytoday

Read 224 times
Login to post comments