Friday, 13 October 2017 16:53

စပါးအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို ရီးရဲလ်ဂိုးသမားနာဗက်စ် လွဲချော်နိုင်

Written by
Rate this item
(0 votes)

ရီးရဲလ်ဂိုးသမား နာဗက်စ်သည် ကော်စတာရီကာအတွက် ကစားစဉ်ရရှိခဲ့ သောဒဏ်ရာကြောင့် စပါးနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်ကြောင်းသိရသည်။ နာဗက်စ်မှာ ညာဘက်ပေါင်ခြံဒဏ်ရာခံစား ခဲ့ရခြင်းဖြစ်ကြောင်း ရီးရဲလ်ကထုတ်ပြန်ခဲ့ပြီး စပိန် မီဒီယာများကမူ နာဗက်စ်အနေဖြင့် ဂီတာဖေးနှင့် လာလီဂါပွဲစဉ်ကို လွဲချော်ရန်နီးစပ်နေပြီး ယင်းနောက် ၌ကစားရမည့် စပါးနှင့်ပွဲကိုပါလွဲချော်ရနိုင်ကြောင်း သတင်းများကဖော်ပြနေကြသည်။

နာဗက်စ်သည် ဟွန်ဒူးရပ်စ်ကို တစ်ဂိုးစီသရေ ကစားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့သော ကော်စတာရီကာအတွက်ကစားစဉ် အဆိုပါဒဏ်ရာ ကိုရခဲ့ခြင်းဖြစ်ပြီး ဂါရတ်ဘေးလ်၊ ကာဗာဂျယ်နှင့် ကိုဗာဆစ်တို့အပြီး ဒဏ်ရာပြဿနာကြုံတွေ့ရသော ရီးရဲလ်ကစားသမားဖြစ်လာခဲ့သည်။

KKW

Read 350 times
Login to post comments