HOT NEWS
Main menu
ရီးရဲလ်နည်းပြ ဇီဒန်းနှင့် စီရော်နယ်ဒို အကြား ပြဿနာအချို့  ရှိနေကြောင်း သတင်းများ ထွက်ပေါ်

ရီးရဲလ်နည်းပြ ဇီဒန်းနှင့် စီရော်နယ်ဒို အကြား ပြဿနာအချို့ ရှိနေကြောင်း သတင်းများ ထွက်ပေါ်

စပိန်လာလီဂါ အမှတ် ပေးဇယားအား ဦးဆောင် နေသည့် ရီးရဲလ်အသင်း၏ နည်းပြဖြစ်သူ ဇီဒန်းသည် လက်စ်ပါးမက်စ်နှင့် သရေကျခဲ့သည့်ပွဲစဉ်တွင် စီ ရော်နယ်ဒိုအား လူစားလဲခဲ့ခြင်းကြောင့် နှစ်ဦးအကြား ပဋိ ပက္ခပြဿနာ အချို့ရှိ နေကြောင်း စပိန်မီဒီယာ များအချို့မှ သတင်းဖော် ပြလျက်ရှိသည်။

ရီးရဲလ်နည်းပြ ဇီဒန်းသည် လက်စ်ပါးမက်အသင်းအား အနိုင်ရရှိနေချိန်၌ စီရော်နယ်ဒိုအား ဗက်ဇ်ကွက်နှင့် လူစားလဲခဲ့ပြီးနောက် ချေပဂိုးပြန် လည်ခွင့်ပြုပေးခဲ့ရခြင်းနှင့်ပတ်သက်၍ အနည်းငယ်ပြဿနာဖြစ်ပွားခဲ့ ကြောင်း လည်း အတည်မပြုနိုင်သည့်သတင်းများ ထွက်ပေါ်လျက်ရှိနေခဲ့သည်။ ထို့ပြင် ဒဏ်ရာပြဿနာများကြောင့် ရာသီအစပွဲစဉ်များအား လွဲချော်ခဲ့သည့် စီရော်နယ်ဒိုသည် ပွဲစဉ်-၆ ပြီးဆုံးချိန်အထိ ရီးရဲလ်အသင်းအတွက် သွင်းဂိုး တစ်ဂိုးသာသွင်းယူပေးထားနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ဖော်ပြမှုများရှိနေခဲ့သည်။


သို့သော် မီဒီယာအများစု၏ဖော်ပြချက်တွင်မူ နည်းပြဇီဒန်းအနေ ဖြင့် ဒေါ့မွန်အသင်းနှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်-၂ အတွက် စီရော်နယ်ဒိုအား အနားပေးသည့်အနေဖြင့် လူစားလဲလှယ်ခဲ့ခြင်း ဖြစ်ေ ကြာင်းလည်း သုံးသပ်မှုများရှိနေခဲ့သည်။ ရီးရဲလ်အသင်း သရေကျခဲ့ ခြင်းကြောင့် ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည့် ဘာစီလိုနာအသင်းသည် အမှတ်ကွာဟမှုကျဉ်းမြောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။  

WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS