HOT NEWS
Main menu
adv
ဆွမ်ဆီးနှင့် ပွဲစဉ်တွင် အမှား ကျူးလွန်၍ မရကြောင်း လီဗာပူးနည်းပြ ကလော့ပ် သတိပေး

ဆွမ်ဆီးနှင့် ပွဲစဉ်တွင် အမှား ကျူးလွန်၍ မရကြောင်း လီဗာပူးနည်းပြ ကလော့ပ် သတိပေး

ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် အာဆင်နယ်၊ ချဲလ်ဆီးတို့အား အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ပိုင်း ပြန်လည်ရောက်ရှိခဲ့သည့် လီဗာပူးနည်းပြကလော့ပ်က ဆွမ်ဆီးနှင့်ပွဲစဉ်တွင် အမှားကျူးလွန်၍မ ရကြောင်း၊ ခက်ခဲနိုင်သည့် ပွဲစဉ်အတွက် အာရုံအပြည့်စိုက်ရန် လိုအပ်ကြောင်း အသင်းသားများ သတိပေးပြောကြားခဲ့သည်။

အမှတ်ပေးဇယားအားဦးဆောင် နေသည့် မန်စီးတီးအသင်းအနေ ဖြင့် စပါးအသင်းနှင့်ပွဲကျပ်ရင်ဆိုင် ကစားရမည့်အခြေအနေအပေါ်အခွင့်အရေးယူရန် လီဗာပူးနည်းပြက လော့ပ်က ဆန္ဒရှိနေခဲ့ခြင်းဖြစ်ကာ ပြီးခဲ့ သည့်နှစ်၌ ၃-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ဖူးသည့် ဆွမ်ဆီးကိုအနိုင်ရရှိ ရန်လိုအပ်ကြောင်း ယခုကဲ့သို့သတိ ပေးခဲ့ခြင်းဖြစ်သည်။ ''အောင်မြင်မှုအတွက်အလုပ်ကို တိတိကျကျလုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ဆွမ်ဆီးအသင်း ရဲ့ ကစားပုံ၊ အားသာချက်တွေကို သိရှိနားလည်ထားပြီးဖြစ်တဲ့အတွက် ရလဒ်ကောင်းဖို့ ပြင်ဆင်ရတော့မှာပါ။ ဒါပေမဲ့ အဓိကကစားသမား တွေ ဒဏ်ရာပြဿနာကင်းစင်ဖို့နဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးဖို့လည်း လိုအပ် ပါတယ်။ သေချာတာတစ်ခု ကတော့ ခက်ခဲတဲ့ပွဲစဉ်မှာအမှား လုပ်လို့မရသလို အာရုံအပြည့်စိုက် ဖို့လိုအပ်ပါတယ်''ဟု လီဗာပူးအ သင်း၏ နည်းပြဂျာကင်ကလော့ပ် ကဆိုခဲ့သည်။


ထို့အတူ ဆက်စပ်သတင်းများအရ မန်ယူကွင်းလယ်ကစားသမား ဟောင်းဖြစ်သူ ပေါလ်စခိုးအနေဖြင့်လည်း နည်းပြကလော့ပ်၏ လီဗာပူးအသင်းအပေါ် သုံးသပ်မှုများပြုလုပ်ခဲ့ပြီး လက်ရှိကစားသမားစုဖွဲ့မှု နှင့်ခြေစွမ်း ပိုင်းအရ ပရီးမီးယားလိဂ် ချန်ပီယံဆုအား ပထမဦးဆုံးအကြိမ် ရယူနိုင်စွမ်းရှိနေကြောင်း ချီးကျူး ပြောကြားသွားခဲ့သည်။  

WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS