HOT NEWS
Main menu
ရွန်းနီ၊ ဒီပေး အပါအဝင် ကစားသမားအချို့  မန်ယူမှ ထွက်ခွာဖွယ်ရှိနေ

ရွန်းနီ၊ ဒီပေး အပါအဝင် ကစားသမားအချို့ မန်ယူမှ ထွက်ခွာဖွယ်ရှိနေ

နည်းပြ မော်ရင်ဟိုလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့် မရရှိခြင်းများကြောင့် ခြေစွမ်းပြနိုင် ခြင်းမရှိသည့် မန်ယူအသင်းခေါင်းဆောင်ရွန်းနီနှင့် ကစားသမားအချို့သည် လာမည့်ဆောင်းရာသီ ကစားသမားအပြောင်း အရွှေ့ဈေးကွက်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ မန်ယူနည်းပြမော်ရင်ဟိုသည် နည်းပြဟောင်း ဗန်ဟားလ်လက် ထက်တွင် ခေါ်ယူခဲ့သည့် ကစားသမားအချို့အား ပြန်လည်လက်လွှတ်ရန် ပြင်ဆင်လျက်ရှိပြီး လာမည့်အပြောင်းအရွှေ့များတွင် လိုအပ်သည့်ကစားသမားသစ်များခေါ် ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သတင်းဖော်ပြမှုများအရ မန်ယူအသင်းခေါင်းဆောင် ရွန်းနီအနေဖြင့် အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်လျက်ရှိနေပြီး အခြားအဓိက ကစားသမားများဖြစ်သည့် ဒီပေး၊ ကာရစ်၊ ဒါမီယန်၊ ရှဝိန်း စတိုင် ဂါ၊ ရှနိုက်ဒါလင်း၊ ဖီးလ်ဂျုံး၊ အက်ရှ်လေယန်း၊ မားကို့စ်ရိုဟို၊ မာတာတို့အနေဖြင့် လာမည့်အပြောင်းအရွှေ့များအတွင်း အသင်းမှထွက်ခွာဖွယ်ရှိနေသည်။ ထို့အတူ ဆက်စပ်သတင်းများအရ ယင်းကဲ့သို့ သတင်း ထွက်ပေါ်နေမှုများအပေါ် ဝါ ရင့်ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါက ငြင်းဆန်မှုများပြုလုပ်ခဲ့ပြီး နည်းပြမော်ရင်ဟို နှင့်အတူလက်တွဲ၍ အောင်မြင်မှုများဆက်လက်ရယူရန် စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ မန်ယူ အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့သည်။ ''အသက်အရွယ်အရ အကျဘက်ကိုရောက်လာတယ်ဆိုပေမယ့် ပွဲတစ်ပွဲကစားဖို့အတွက် လုံလောက်တဲ့အနေအထားမှာ ရှိနေပါသေးတယ်။ အထူးသဖြင့် နည်းပြမော်ရင်ဟို အလိုရှိတဲ့အချိန် ပေးဆပ်ကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းများအတွက် အသင့် ပြင်ဆင်ထားပါတယ်''ဟု ဝါရင့်ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကဆိုခဲ့သည်။

WKM

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS