HOT NEWS
Main menu
ဘာစီလိုနာ ကစားသမားများသည် မက်ဆီ၏ လေ့ကျင့်စရာ ကန်တော့ချွန်များ သဖွယ် ဖြစ်နေဟု အမ်တီတီ ဆို

ဘာစီလိုနာ ကစားသမားများသည် မက်ဆီ၏ လေ့ကျင့်စရာ ကန်တော့ချွန်များ သဖွယ် ဖြစ်နေဟု အမ်တီတီ ဆို

လေ့ကျင့်ရေးကွင်းတွင် ဘာစီလိုနာ ကစားသမားများသည် လီယွန်နယ် မက်ဆီအတွက် လေ့ကျင့်ရေး အထောက်အကူပြု ကန်တော့ချွန်များသဖွယ် ဖြစ်နေတတ်ကြောင်း ဆမ်မြူရယ်လ် အမ်တီတီက ပြောကြားခဲ့ သည်။ နွေရာသီဈေးကွက်တွင် အိုလံပစ် လိုင်ယွန်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သည့် အသက်(၂၃)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်က မက်ဆီသည် ဘောလုံးကို နိုင်နင်းလွန်းသူ တစ်ဦးဖြစ်သောကြောင့် သက်ရှိ ကစားသမားများသည်ပင် ၎င်းအတွက် အလိမ်အခေါက် လေ့ကျင့်ရာတွင် အသုံးပြုသည့် ကန်တော့ချွန်များသဖွယ် ဖြစ်နေခြင်းဟု ချီးကျူးခဲ့သည်။ ဘာစီလိုနာသို့ ပြောင်းရွှေ့ ရောက်ရှိခဲ့သည့်နောက် အသင်းသစ်တွင် အထင်ကြီးစရာ အကောင်းဆုံး ကိစ္စတစ်ခုမှာ မက်ဆီ၏ ဘောလုံးစွမ်းရည်ကို နေ့စဉ်လိုလို တွေ့မြင်နေရခြင်းဟု အမ်တီတီက ဆိုသည်။

“သူက ဘောလုံးကို လွန်လွန်ကျွံကျွံ နိုင်နင်းတာပါဗျာ။ မက်ဆီက ကိုယ်ပိုင် ဘောလုံးပါရမီ ကောင်းမွန်လွန်းပေမယ့် အမြဲတမ်း ပိုပိုတိုးတက်အောင် ကြိုးစားနေလေ့ရှိတယ်။ လေ့ကျင့်ရေးကွင်းမှာဆိုရင် သာမန်လူတွေ စိတ်တောင်မကူးမိတာတွေ သူလုပ်နေတတ်တယ်။ တစ်ခါတလေဆိုရင် အသင်းသားတွေ တစ်ယောက်ချင်းစီကို သူ့စိတ်တိုင်းကျ လိမ်ခေါက် ကျော်ဖြတ်သွားပြန်ရော။ ကျွန်တော် အပါအဝင်ပေါ့လေ။ ကျွန်တော်တို့ ဘဝက ကန်တော့ချွန်လေးတွေလောက်ပဲ ဖြစ်သွားတယ်”ဟုလည်း အမ်တီတီက မှတ်ချက်ပြုခဲ့သည်။

 
၎င်းက ဘာစီလိုနာ၏ နာမည်ကျော် Tiki Taka ဘောလုံးဒဿနကို ငြီးငွေ့ပြီး လက်ရှိ နည်းပြ လူးဝစ်အန်ရီကေး ကျင့်သုံးနေသည့် နည်းဗျူဟာကို ပိုမို နှစ်သက်ကြောင်းလည်း ဆိုသည်။ “Tiki Takaတုန်းက ထိုးဖောက်မှု အပိုင်းမှာ အားလျော့သလိုပဲ။ သူငယ်ချင်းတွေကိုတောင် ပြောဖူးပါတယ်။ ဘာစီလိုနာကို ကြိုက်တယ်။ ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်မှုကို (၁၀)နှစ်စာလောက် ထိန်းထားချင်တဲ့ အကျင့်ကိုတော့ ပျင်းတယ် ဆိုတာကိုပါ။ အခုတော့ ဘာစီလိုနာရဲ့ ကစားဟန်က ပြောင်းလာပါပြီ။ ကျွန်တော်ကတော့ လက်ရှိပုံစံကို သဘောကျာပါတယ်”ဟု အမ်တီတီက ပြောကြားသွားသည်။

Ref: Goal
Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS