Main menu
HOT NEWS
adv
ခံစစ်​ပိုင်းပြသနာကို​ ဖြေရှင်းနိုင်​ရန်​ လာမည့် ဇန်​နဝါရီမှာ​ ရှော်​​ကေး​နောက်​ခံလူ ကိုလာဆီနစ်​ ကို​ ခေါ်ယူဖို့ ပြင်​ဆင်​​နေတဲ့ လီ​ဗာပူးအသင်း

ခံစစ်​ပိုင်းပြသနာကို​ ဖြေရှင်းနိုင်​ရန်​ လာမည့် ဇန်​နဝါရီမှာ​ ရှော်​​ကေး​နောက်​ခံလူ ကိုလာဆီနစ်​ ကို​ ခေါ်ယူဖို့ ပြင်​ဆင်​​နေတဲ့ လီ​ဗာပူးအသင်း

လီ​ဗာပူးအသင်းဟာ လက်​ရှိမှာ ကြုံ​တွေ့​နေရတဲ့ ဘယ်​​နောက်​ခံလူပြသနာကို​ ဖြေရှင်းနိုင်​ဖို့အတွက်​​ ရှော်​​ကေးအသင်းရဲ့ ဘယ်​​နောက်​ခံလူ ဆိကိုလာဆီနစ်​ကို လာမည့်​ ဇန်​နဝါရီ အ​ပြောင်းအ​ရွေ့ကာလမှာ​ ခေါ်ယူဖို့ပြင်​ဆင်​​နေပြီဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့တစ်​ပတ်​က အက်​ဒီဟိုဝီရဲ ဘုန်း​မောက်​အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်​ခဲ့ပြီး​နောက်​ လီ​ဗာပူးနည်းပြ ယာဂန်​​က​လော့ဟာ အသင်းရဲ့ အားနည်း​နေတဲ့ ခံစစ်​ပိုင်းကို ထင်​ထင်​ရှားရှား မြင်​​တွေ့ ခဲ့ရပါတယ်​။
 
 
ထို့​ကြောင့်​ နည်းပြ ယာဂန်​က​လော့ဟာ ပရီးမီးယားလိဂ်​ဖလား​ မျှော်​လင့်​ချက်​ကို ထိခိုက်​​စေနိုင်​တဲ့ စစ်​ပိုင်းပြသနာကို​ ဖြေရှင်းသွားဖို့ စဉ်းစား​နေပြီး လာမည့်​ ဇန်​နဝါရီမှာ​​​ နောက်​ခံလူ​ တွေအတွက်​​ငွေ​ကြေး သုံးစွဲသွားဖို့ စီစဉ်​​နေပြီဖြစ်​ပါတယ်​။ ဂျာမန်​နည်းပြ ယာဂန်​က​လော့ကို မျက်​စိကျ​စေနိုင်​တဲ့ ကစားသမားတစ်​ဦးက​တော့ ဒီရာသီ​ ရှော်​​ကေးအသင်းအတွက်​ ရှစ်​ပွဲကစားထားပြီး ၂ ဂိုးသွင်းကာ​ လေးဂိုး ဖန်​တီး​ပေးနိုင်​ကာ​ဘွန်​ဒက်​လီဂါ​မှာ ခြေစွမ်းပြ ကစား​နေတဲ့ အသက်​ ၂၃နှစ်​အရွယ်​ ဆိကိုလာဆီနစ်​ ပဲဖြစ်​ပါတယ်​။ 
 
 
ဘော့စနီးယားလက်​​ရွေးစင်​​ နောက်​ခံလူဟာ ဒီရာသီကုန်​မှာ​ ရှော်​​ကေးအသင်းနဲ့ စာချုပ်​သက်​တမ်း ကုန်​ဆုံး​တော့မှာဖြစ်​တာ​ကြောင့်​ ဇန်​နဝါရီမှာ​ ခေါ်ယူမယ်​ဆိုရင် ​နည်းပြ ယာဂန်​က​လော့အ​နေနဲ့​ ဈေးနှုန်းသက်​သာစွာ ရရှိနိုင်​မှာဖြစ်​ပါတယ်​။ ယာဂန်​က​လော့ဟာ​ နောက်​ခံလူ အယ်​​ဗာတိုမိုရီနို အမှားများ​နေတာ​ကြောင့်​ ဘယ်​​နောက်​ခံလူ​နေ ရာအတွက် ​ကွင်းလယ်​လူ ဂျိမ်းစ်​မီနာကိုသာ ပွဲထုတ်​ကစား​နေရပါတယ်​။ သို့​ပေမယ့်​လည် ပက်​ဂွာဒီယိုလာရဲ့ မန်​ချက်​စတာစီးတီးအသင်းဟာ ကိုလာဆီနစ်​ကို စိတ်​ဝင်​စားမှု​တွေပြသ​နေတာ​ကြောင့်​ လီ​ဗာပူးအ​နေနဲ့ မန်​ချက်စတာကလပ်​နဲ့ အပြိုင်​​ခေါ်ယူဖို့ ကြိုးပမ်းရဖွယ်​ရှိ​နေပါတယ်​။

Ref: Echo
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Latest from M ဘွယ်

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616