HOT NEWS
Main menu
မာဆေးဆိုက် ဒါဘီနိုင်ပွဲနှင့် လီဗာပူးလ် ထိုက်တန်ဟု ကလော့ပ် ပြောကြား

မာဆေးဆိုက် ဒါဘီနိုင်ပွဲနှင့် လီဗာပူးလ် ထိုက်တန်ဟု ကလော့ပ် ပြောကြား

မာဆေးဆိုက်ဒါဘီတွင် ထိုက်တန်စွာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း လီဗာပူးလ်မန်နေဂျာ ယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။ ဂွတ်ဒီဆင်ပါ့ခ်တွင် လီဗာပူးလ်သည် မြို့ခံပြိုင်ဘက် အဲဗာတန်ကို နောက်ဆုံးမိနစ်၌ ဆာဒီ ယိုမာနေး သွင်းယူသော တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
 
 
အဆိုပါ နိုင်ပွဲကြောင့် လီဗာပူးလ်သည် ပရီးမီားားလိဂ် အမှတ်ပေးဇယား ဒုတိယ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဲဗာတန်သည် ပထမပိုင်းတွင် ကစားပုံ ပိုကောင်းခဲ့သော်လည်း နားချိန် (၁၅)မိနစ် နောက်ပိုင်းတွင် လီဗာပူးလ်က သိသိသာသာ တိုးတက်လာပြီး နောက်ဆုံးမိနစ်ပိုင်းတွင် အနိုင်ဂိုးကိုပါ ရယူနိုင်ခဲ့သည်။ ကလော့ပ်က ထိုအနိုင်ရလဒ်နှင့် မိမိအသင်း ထိုက်တန်သည် ဆိုခြင်းကို လုံးဝသံသယ မရှိသင့်ကြောင်း ဆိုသည်။
 

“ကျေနပ်တယ်ဆိုတဲ့ စကားလုံးကို ရွေးဖို့ သင့်တော်မလား မသိဘူး။ ပွဲအပြီး ပျော်ရွှင်မှု ခံစားချက်က ပြင်းထန်လွန်းတယ်။ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲပေမယ့် ကျွန်တော်တို့ ထိုက်တန်တဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့တယ်။ ပရိ သတ်တွေရဲ့ တုံ့ပြန်မှုကို သတိထားမိကြမှာပါ။ ကျွန်တော်တို့လည်း အရမ်းပျော်ရွှင်ပါတယ်။ ဒီလိုညမျိုးမှာ ဖြစ်နိုင်ခြေ ရှိသမျှ အကောင်းဆုံးကို ကျွန်တော်တို့ လုပ်ပြခဲ့တယ်။ ပြိုင်ဘက်ကို အခွင့်အရေး များများ မပေးဘဲ ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဗာတန်က ဘောလုံးကို ခပ်ဝေးဝေး ပေးကစားဖို့ ပြင်ဆင်လာပြီး ပထမပိုင်းမှာ တစ်ဦးချင်းစီ ဖိအားပေးနိုင်ခဲ့တယ်။ အစောပိုင်းမှာ ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်ပြနိုင်ခဲ့သင့်ပါတယ်။ ခပ်မြန်မြန် တုံ့ပြန်နိုင်စွမ်း လျော့နေခဲ့တယ်”ဟု ကလော့ပ်က မှတ်ချက်ခဲ့သည်။


၎င်းက “နောက်တော့ သူတို့ကို ခပ်များများ ပြေးနေဖို့ ခွင့်ပေးလိုက်တယ်။ ကြာလာတော့ အဲဗာတန်ရဲ့ စုစည်းမှုက လျော့လာပါတယ်။ အဲဒီကနေတဆင့် ဘောလုံးကို တိတိကျကျ ပေးပို့ပြီး တုံ့ပြန်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ် ထင်ပါတယ်။ သူတို့ကို ပြေးခိုင်းထားတယ်။ ဘောလုံးကို အမြန်ပေးကစားတယ်။ တစ်ချိန်တည်းမှာ ကျွန်တော်တို့က အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ဒုတိယပိုင်း ခပ်စောစော ကတည်းက ကျွန်တော်တို့ ဂိုးရခဲ့သင့်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်အချိန်မှာ ဂိုးရသွားတယ် ဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော်တို့ ထိုက်တန်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Ref: Sky Sports
Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS