HOT NEWS
Main menu
ရော်နယ်လ်ဒိုကို ပေါင်သန်း(၂၆၀)ဖြင့် တရုတ်ကလပ် တစ်ခု ကမ်းလှမ်းခဲ့ဟု အေးဂျင့် အတည်ပြု

ရော်နယ်လ်ဒိုကို ပေါင်သန်း(၂၆၀)ဖြင့် တရုတ်ကလပ် တစ်ခု ကမ်းလှမ်းခဲ့ဟု အေးဂျင့် အတည်ပြု

ငွေသုံးကြမ်းနေသည့် တရုတ်ကလပ်များ၏ ပစ်မှတ်သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦးဖြစ်သည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုထံ ဦးတည်လာပြီဟု သိရသည်။ ရော်နယ်လ်ဒိုကို ကိုယ်စားပြုသော စူပါအေးဂျင့် ဂျော့ဂ်ျမန်းဒက်စ်က တရုတ်စူပါလိဂ်မှ အမည်မဖော်သော ကလပ်အသင်းတစ်ခုသည် ရီးယဲလ်မက်ဒရစ်မှ ပေါ်တူဂီ တောင်ပံတိုက်စစ်သမားအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း (၂၆၀)၊ တစ်နည်းအားဖြင့် ယူရိုသန်း(၃၀၀)မျှဖြင့် ကမ်းလှမ်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

 

ထို့အပြင် အဆိုပါကလပ်အသင်းက အသက်(၃၁)နှစ်အရွယ် ရော်နယ်လ်ဒိုအတွက် လုပ်ခလစာကို တစ်ပတ်စတာလင်ပေါင် (၁.၆)သန်းထိ ပေးချေရန် အသင့်ရှိနေကြောင်းလည်း မန်းဒက်စ်ကဆိုသည်။ အဆိုပါ လုပ်ခသည် မကြာမီ စူပါလိဂ်သို့ ပြောင်းရွှေ့တော့မည့် ကားလို့စ်တီဗက်ဇ် ရရှိသော တစ်ပတ်လုပ်ခ ပေါင်စတာလင် (၆၁၅၀၀၀)ထက် ပေါင်စတာလင် တစ်သန်းနီးပါး ပိုမိုများပြားမည် ဖြစ်သည်။



မန်းဒက်စ်က “တရုတ် စူပါလိဂ်ဟာ လုံးဝဥဿုံ ဈေးကွက်သစ်ပါ။ သူတို့ဟာ ကစားသမားကောင်းတွေ အများကြီးကို ဝယ်ပြခဲ့ပါတယ်။ဒါပေဲ့ ထပ်ပြောပါရစေ။ ရော်နယ်လ်ဒိုကို ရည်မှန်းဖို့တော့ မဖြစ်နိုင်ပါဘူး။ ရော် နယ်လ်ဒိုဟာ လောလောဆယ် ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ကစားနေသလို ခြေစွမ်းကလည်း အကောင်းတကာ့ အကောင်းဆုံး အဆင့်ကို ရောက်နေပါတယ်။ ဒီတော့ ကမ်းလှမ်းမှုတွေ ရှိလာတတ်တာ မဆန်းပါ ဘူး။ သူဟာ ပေါ်တူဂီနဲ့အတူ ဥရောပတံခွန်စိုက် ဖလားကိုလည်း ရထားပါတယ်။ ဒါဟာ ဂျီနိုအာ အသင်းနဲ့အတူ အီတလီ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးလို့ ဆိုရလိမ့်မယ်။ သူတို့ဟာ ရေပန်းအစားဆုံး မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ပေါ်တူဂီက ဖြစ်အောင်လုပ်ခဲ့တယ်”ဟု Sky Sports Italiaနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးခဲ့သည်။

 

ရော်နယ်လ်ဒိုကို တရုတ်ကလပ်က ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး ၎င်းက “တရုတ်ဘက်က ကမ်းလှမ်းတာက ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀၀)ပါ။ ကစားသမားအတွက် တစ်နှစ်လုပ်ခ ယူရို သန်း(၁၀၀)ထိ ပေးဖို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ ငွေကြေးဆိုတာ အရာရာ မဟုတ်ပါဘူး။ ရီးယဲလ်ဟာ ရော်နယ်လ်ဒိုရဲ့ ဘဝမှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ”ဟု ပြောကြားသွားသည်။ တရုတ်ကလပ်များသည် အစိုး ရနှင့် ဒေသတွင်း စီးပွားရေး လုပ်ငန်းကြီးများ၏ ကျောထောက်နောက်ခံ ပြုမှုဖြင့် ပြီးခဲ့သည့်နှစ်မှစ၍ ဥရောပထိပ်သီးအဆင့် ကစားသမားများကို စုဆောင်း ခေါ်ယူခဲ့သလို ယခုနှစ်တွင် တီဗက်ဇ်အပြင် ချယ်လ်ဆီး ကွင်း လယ်လူ အော်စကာသည်လည်း စူပါလိဂ်သို့ ပြောင်းရွှေ့မည် ဖြစ်သည်။

Ref: Sky Sports

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS