Main menu
HOT NEWS
adv
ချန်ပီယံခြေစွမ်းနှင့် အတူ ပြိုင်ဘက်အား ဖြတ်ကျော်နိုင်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီ ကြုံးဝါး၊ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ၁၄ ပွဲဆက် အနိုင်ရရှိမှု စံချိန်အား လိုက်မီရန် နီးစပ်ခဲ့ပြီဖြစ်

ချန်ပီယံခြေစွမ်းနှင့် အတူ ပြိုင်ဘက်အား ဖြတ်ကျော်နိုင်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီ ကြုံးဝါး၊ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ၁၄ ပွဲဆက် အနိုင်ရရှိမှု စံချိန်အား လိုက်မီရန် နီးစပ်ခဲ့ပြီဖြစ်

၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီ ရာသီဝက်ပွဲစဉ်များအပြီး ဒုတိယနေရာမှ လီဗာပူးအသင်းအား ရမှတ် ခြောက်မှတ်အထိဖြတ်ကာ အမှတ် ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည့် ချဲလ်ဆီးအသင်း၏နည်းပြကွန်တီ က ကျေ နပ်စရာကောင်းသည့် ရာသီဝက်အဆုံးသတ်ဖြစ်ခဲ့ကြောင်း၊ ချန်ပီယံအသင်းတစ်သင်းတွင်ရှိသည့် ရှိထိုက်သည့်ခြေစွမ်းအား ထုတ်ပြ နိုင်ခဲ့ပြီး ပြိုင်ဘက်ကိုကျော်ဖြတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်း သည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် အာဆင်နယ်အသင်းအား အရေးနိမ့်ခဲ့ပြီးနောက် ရလဒ်ကောင်းများဆက်တိုက်ရရှိခဲ့ပြီး အမှတ်ပေးဇယားအားတစ်ကျော့ ပြန်ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံအသင်း အဖြစ် ရေပန်းအစား ဆုံးဖြစ်လာခဲ့သည်။


''နိုင်ပွဲတွေနဲ့အတူ ရလဒ်ကောင်း တွေရရှိနေဖို့ဆိုတာ မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ အထူးသဖြင့်ချန်ပီ ယံအသင်းတစ်သင်းမှာ ရှိသင့်ရှိထိုက်တဲ့ ခြေစွမ်းကိုပိုင်ဆိုင်ခဲ့တဲ့အတွက်လည်း စတုတ်စီးတီးလိုအသင်းမျိုးကို အနိုင်ရခဲ့တယ်ဆိုတာလက်ခံပါတယ်။ အကြိမ်ကြိမ်ဦးဆောင်ခဲ့ပေမယ့် ပြန်လည်ချေပခံခဲ့ရတာတွေအတွက် အသင်းသားအားလုံးရဲ့ နိုင်လိုစိတ်ပြင်းထန်မှုက ချေဖျက်အနိုင်ယူနိုင်ခဲ့တယ်လို့ပဲဆိုရမှာပါ''ဟု ချဲလ်ဆီးနည်းပြ ကွန်တီက ပွဲအပြီး တွင်ထုတ်ဖော်ပြောကြားသွားခဲ့သည်။


ဆက်စပ်သတင်းများအရ ချဲလ်ဆီးအသင်းအနေဖြင့် ရာသီဝက် ပွဲစဉ်များအပြီး အမှတ်ပေးဇယားအား ဆက်လက် ဦးဆောင်နိုင်ခဲ့ခြင်းကြောင့် အင်္ဂလန်လောင်းကစားဘွတ် ကီဒိုင်များတွင်လည်း ချန်ပီယံအ ဖြစ် အလေးပေးမှုများပိုမိုမြင့်တက်လာခဲ့ပြီး ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးနည်းပြ၊ ကစားသမားဆုများအတွက် ရေပန်းအစားဆုံးဖြစ်လျက်ရှိနေသည်။ ထို့အတူ စတုတ်စီးတီးအသင်းအား အနိုင်ရရှိခဲ့ ပြီးနောက် ပရီးမီးယားလိဂ် ၁၃ ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် ၁၄ ပွဲဆက်တိုက်အနိုင်ရလဒ်နှင့် စံချိန်တင်ထားသည့် အာဆင်နယ်အသင်း၏ စံချိန်အားလိုက်မီရန်လည်း နီးစပ်ခဲ့ပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ချဲလ်ဆီးအသင်းအနေဖြင့် ပွဲစဉ်-၂ဝတွင် ရင်ဆိုင် ရမည့် စပါးအသင်းနှင့်လန်ဒန်ဒါဘီ ပွဲစဉ်တွင် နိုင်ပွဲရရှိခဲ့ပါက အာဆင်နယ်အသင်းကို ၁၄ နှစ်အတွင်း အမီလိုက်နိုင်တော့မည်ဖြစ်သည်။


WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616