HOT NEWS
Main menu
ယာယီနည်းပြမှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီး ၈၅ ရက်အကြာတွင် မိုက်ဖီလန်ကို ဟားလ်စီးတီး ထုတ်ပယ်

ယာယီနည်းပြမှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီး ၈၅ ရက်အကြာတွင် မိုက်ဖီလန်ကို ဟားလ်စီးတီး ထုတ်ပယ်

ပရီးမီးယားလိဂ်အမှတ်ပေးဇ ယားတန်းဆင်းဇုန်အတွင်းရပ်တည် နေသည့်ဟားလ်စီးတီးသည် နည်းပြ  ဖြစ်သူ မိုက်ဖီလန်ကို ရာထူးမှထုတ် ပယ်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်ကထုတ်ပြန်သွားခဲ့သည်။

မိုက်ဖီလန်သည် ပြီးခဲ့သည့်နွေ ရာသီက စတိဗ်ဘရုစ်ထုတ်ပယ်ခဲ့ပြီး နောက် ယာယီနည်းပြအဖြစ်တာဝန် ထမ်းဆောင်ပေးခဲ့ကာ ရလဒ်ကောင်း  များရယူပေးနိုင်ခဲ့၍ အောက်တိုဘာ လတွင်နည်းပြရာထူးကို ရယူနိုင်ခဲ့သူ ဖြစ်သည်။

သို့သော်မိုက်ဖီလန်သည် ဟားလ် စီးတီးကိုကိုင်တွယ်ခဲ့သည့် နောက်ဆုံး ၉ ပွဲ၌ ရမှတ်သုံးမှတ်သာရယူပေး နိုင်ခဲ့ပြီး တန်းဆင်းဇုန်အတွင်းရပ် တည်နေခဲ့၍ အသင်းတာဝန်ရှိသူ များက ရာထူးမှထုတ်ပယ်ခဲ့ကာ ¤င်း နေရာအစားထိုးနိုင်ရေးအတွက် နည်းပြသစ်ရှာဖွေသွားမည်ဟု သိရှိ ရသည်။

''နှစ်နှစ်တာကာလအတွင်း လက်ထောက်နည်းပြအဖြစ်ရော နည်းပြချုပ်အဖြစ်ပါ တာဝန်ထမ်း ဆောင်ပေးခဲ့တဲ့အတွက်ကျေးဇူး တင်ပါတယ်''ဟု တွစ်တာမှတစ်ဆင့် အသင်းကကျေးဇူးတင်စကားပြောကြားခဲ့သည်။ မိုက်ဖီလန်သည် ရာသီအဖွင့် ပွဲစဉ်များတွင် ရလဒ်ကောင်းရယူနိုင် ခဲ့ခြင်းကြောင့်တစ်လတာအကောင်း ဆုံးနည်းပြဆုကို ရရှိခဲ့ကာ ဟားလ်စီးတီးကိုယာယီနည်းပြအဖြစ် ၈၁ ရက်၊ နည်းပြချုပ်အဖြစ် ၈၅ ရက်ကြာ တာဝန်ယူခဲ့သူဖြစ်သည်။

WKM , #DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS