HOT NEWS
Main menu
ဘီလော့တီ အား ခေါ်ယူရန် အာဆင်နယ် ကမ်းလှမ်းခဲ့ကြောင်း တိုရီနို အတည်ပြု

ဘီလော့တီ အား ခေါ်ယူရန် အာဆင်နယ် ကမ်းလှမ်းခဲ့ကြောင်း တိုရီနို အတည်ပြု

အီတလီ စီးရီးအေကလပ် တိုရီနိုအသင်း တာဝန်ရှိသူများသည် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဘီလော့တီအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် အသင်းများစွာတွင် ပရီးမီးယားလိဂ် အသင်းများပါဝင်နေကြောင်း၊ အာဆင်နယ်အသင်း အနေဖြင့် တရားဝင်ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း မီဒီယာများမှတစ်ဆင့် အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။


အသက် ၂၃ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်တိုက်စစ်မှူး ဘီလော့တီသည် ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုကဲ့သို့ အကောင်းဆုံး ကစားသမားဖြစ်လာသူဖြစ်ကြောင်း ချီးကျူးခံထားရသူဖြစ်ပြီး အီတလီ လက်ရွေးစင် နည်းပြဗန်တူရာ၏ စိတ်ကြိုက်ကစားသမား တစ်ဦးဖြစ်ကာ ဥရောပထိပ်သီး အသင်းများ၏ စောင့်ကြည့်ခြင်း ခံနေရသူဖြစ်သည်။ '' ဘီလော့တီက အသင်းရဲ့အဓိကကစားသမားတစ်ဦးပါ။ စိတ် ဝင်စားနေတဲ့အသင်းတွေ ထဲမှာ ဥရောပ ထိပ်သီးအသင်းတွေပါဝင်နေတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။ သူ့ရဲ့နိုင်ပွဲအပေါ်ဆာလောင်မှု၊ နိုင်လိုစိတ်ပြင်းပြမှုတွေက အသင်းတိုင်းရဲ့ မျက်စိကျစရာဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် အာဆင်နယ်လို အသင်းကြီးမျိုးကတော့ စိတ်ဝင်စားလာတဲ့ ကစားသမားတစ်ဦးအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် တော့လိုအပ်ပါတယ်''ဟု တိုရီနိုအသင်း အားကစားဒါရိုက်တာ ပီထရာချီကထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိ ထွက်ပေါ်နေသည့် သတင်းများအရ ဘီလော့တီ၏ တန် ကြေးမှာ ပေါင်သန်း ၅ဝ အထိရှိနေပြီး တိုရီနိုအသင်းကမူ ပေါင်သန်း ၈ဝ ကျော်အထိရရှိလိုနေကြောင်း သိရသည်။          

WKM

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS