Main menu
HOT NEWS
adv
ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ အယူခံကို အက်ဖ်အေပယ်ချခဲ့

ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ အယူခံကို အက်ဖ်အေပယ်ချခဲ့

အက်ဖ်အေဖလားတတိယအ ဆင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည့် ပီတာဘရော့နှင့်ပွဲစဉ်တွင် အနီပြထုတ်ပယ်ခံခဲ့ရသည့် ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ပြစ်ဒဏ်အတွက်အ ယူခံတင်သွင်းခဲ့သော်လည်း အက်ဖ် အေတာဝန်ရှိသူများမှ ပယ်ချခံခဲ့ရ ကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။


အဆိုပါပွဲစဉ်တွင် ပီတာဘရော့ တိုက်စစ်မှူးလီအန်ဂေါအား ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့ခြင်းကြောင့် အနီကတ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ဂျွန်တယ်ရီ၏ ပြစ်ဒဏ်အပေါ်ကျွမ်းကျင်သူအများစုမှ ကန့်ကွက်ခဲ့ကြပြီး ပြင်းထန် သည့်ပြစ်ဒဏ်တစ်ခုဖြစ်ကြောင်း၊ အဝါကတ်ပြစ်ဒဏ်သာ အမြင့်ဆုံးချမှတ် သင့်ကြောင်း ထောက်ပြဝေဖန်မှုများလည်းရှိခဲ့သည်။ '' တယ်ရီရဲ့အယူခံပြစ်ဒဏ်ကို လက်ခံရရှိခဲ့ပြီးသလို ဘက်မလိုက်ကြား နေဆုံးဖြတ်ချက် များအရ ပယ်ချခဲ့ပါ ပြီ။ ဒိုင်လူကြီးရဲ့အစီရင်ခံစာအပါအဝင် အခြေအနေအရပ်ရပ်ကို သုံးသပ်အပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ တယ်ရီအနေနဲ့ အယူခံပယ်ချခံခဲ့ရပေမယ့် သက်ညှာဆုံးဖြတ်ချက် အနေနဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရတော့ မှာပါ''ဟု စည်းကမ်းထိန်းသိမ်းရေး ကော်မတီပြောခွင့်ရပုဂ္ဂိုလ်က ထုတ် ဖော်ပြောကြားခဲ့သည်။


ထို့အတူ ဆက်စပ်သတင်းများအရ ပရီးမီးယားလိဂ်ကလပ် ဘုန်း မောက်အသင်းသည် အတွေ့အကြုံ ရင့်နောက်ခံလူဂျွန်တယ်ရီအား ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိပြီး ကာလတိုအငှားစာချုပ်မှတစ်ဆင့် ခြေစွမ်းပိုင်းအရ အပြီးသတ်စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

WKM

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191