Main menu
HOT NEWS
adv
လီဗာပူးနှင့်ပွဲတွင် အီဘရာဟီမိုဗစ်ခ်ျ ပြန်လည် ပါဝင်နိုင်မည်ဟု မန်ယူအသင်းနည်းပြ အတည်ပြု၊ ကွင်းလယ်လူ ရှနိုက်ဒါလင်းအား အဲဗာတန် ထံ ပေါင် ၂၄ သန်းဖြင့် ရောင်းချခဲ့ပြီ်

လီဗာပူးနှင့်ပွဲတွင် အီဘရာဟီမိုဗစ်ခ်ျ ပြန်လည် ပါဝင်နိုင်မည်ဟု မန်ယူအသင်းနည်းပြ အတည်ပြု၊ ကွင်းလယ်လူ ရှနိုက်ဒါလင်းအား အဲဗာတန် ထံ ပေါင် ၂၄ သန်းဖြင့် ရောင်းချခဲ့ပြီ်

မန်ယူနည်းပြမော်ရင်ဟိုသည် လိဂ်ဖလားပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် တိုက်စစ်မှူးအီဘရာဟီ မိုဗစ်ခ်ျအနေဖြင့် မည်သည့်ဒဏ်ရာ ပြဿနာများရှိမနေခဲ့ကြောင်း၊ လီဗာပူးနှင့်ယှဉ်ပြိုင်ရမည့် အရေးကြီးပွဲစဉ်တွင် အသင်းအတွက်ပြန်လည် ပါဝင်ကစားပေးနိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။


အဓိကတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျသည် ဟားလ်စီးတီးနှင့်ပွဲစဉ် မတိုင်မီတွင် အဖျားရောဂါလက္ခဏာ ရှိနေခဲ့သည့်အတွက် ပါဝင်ကစားနိုင် ခြင်းမရှိခဲ့ကြောင်း မန်ယူအသင်းမှ ထုတ်ပြန်ခဲ့ပြီး စိုးရိမ်ရသည့်အခြေ အနေမရှိကြောင်းလည်း ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရသိရသည်။ ''မိုဗစ်ခ်ျအနေနဲ့သာမန်အဖျား ရောဂါခံစားနေရလို့ ဟားလ်စီးတီးနဲ့ ပွဲကိုလွဲချော်ခဲ့တာပါ။ စိုးရိမ်စရာ အခြေအနေမရှိတဲ့အတွက် ပြဿနာ မရှိပါ ဘူး။ ပရီးမီးယားလိဂ်ပွဲစဉ်တွေ အမီကြံ့ခိုင်မှုပြန်ပြည့်လာမှာပါ။ သေချာတာတစ်ခုကတော့ လီဗာပူးနဲ့ပွဲမှာအသင်းအတွက် ပြန်ကစားပေး နိုင်ပါလိမ့်မယ်''ဟု မန်ယူနည်းပြမော်ရင်ဟိုက မီဒီယာများထံ ထုတ်ဖော် ပြော ကြားခဲ့သည်။ မန်ယူအသင်းအနေဖြင့် မိုဗစ်ခ်ျ မပါဝင်နိုင်ခဲ့သော်လည်း မာတာ၊ ဖယ်လိုင်နီတို့၏သွင်းဂိုးများဖြင့် ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဟားလ်စီးတီးအသင်းအားအနိုင်ရရှိခဲ့ခြင်းကြောင့် ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်ရန် အခြေအနေနီး စပ်ခဲ့ပြီလည်းဖြစ်သည်။


ထို့အတူ ဆက်စပ်သတင်းများအရ မန်ယူအသင်း တာဝန်ရှိသူများသည် ပြင်သစ်ကွင်းလယ်လူ ရှနိုက်ဒါလင်းအား အဲဗာတန်သို့ အပြီးသတ်ရောင်းချခဲ့ ပြီဖြစ်ကြောင်း အသင်းပိုင် ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည် ပြု ထုတ်ပြန်ကြေညာခဲ့သည်။ အဲဗာတန်အနေဖြင့် ရှနိုက်ဒါလင်းအတွက် မြင့်မားသည့်အသုံးစရိတ်တစ်ခုအသုံးပြုခဲ့ရပြီး အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် ပေါင် ၂၄ သန်းအထိ အသုံးပြုခဲ့ရကြောင်း သိရသည်။ ''ရှနိုက်ဒါ လင်းရဲ့ အပြောင်းအရွှေ့က နည်းပြမော်ရင်ဟိုနဲ့ဆွေး နွေးမှုအပြီး လုံးဝအဆုံးသတ်ခဲ့ပါပြီ။ ကစားသမားဖြစ်သူ၏အနာဂတ်အတွက် အသင်းပြောင်းရွှေ့ခွင့်ပေးမည်ဖြစ်သလို အသင်းအတွက် ပေးဆပ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ် ချက်ကို လေးစားတဲ့အနေနဲ့ အဲဗာတန်ကိုပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ''ဟု မန်ယူအသင်းအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝပ်ဘ်က ထုတ်ဖော် ပြောကြားခဲ့သည်။


WKM

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616