Main menu
HOT NEWS
adv
မော်ရင်ဟိုအတွက် မန်ယူအသင်းမှာ ခမ်းနားလွန်းနေသည် ဟု ရွိုင်းကိန်း ပြောကြား

မော်ရင်ဟိုအတွက် မန်ယူအသင်းမှာ ခမ်းနားလွန်းနေသည် ဟု ရွိုင်းကိန်း ပြောကြား

နည်းပြ မော်ရင်ဟိုလက်အောက် မန်ယူအသင်းရလဒ်ပိုင်း ကောင်းမွန်မှု မရှိခြင်းမှာ မော်ရင်ဟိုအတွက် မန်ယူအသင်းမှာ ခမ်းနားလွန်းနေခြင်းကြောင့် ဖြစ်သည်ဟု မန်ယူဂန္ထဝင်ကစားသမား ရွိုင်းကိန်းက စွပ်စွဲလိုက်ရာ ရွိုင်းကိန်းနှင့် မော်ရင်ဟိုကြား စကားစစ်ထိုးမှုများ စတင်ဖြစ်ပေါ်လာခဲ့ပြီဖြစ် သည်။ မန်ယူ အသင်းသည် ရုရှားကလပ်ရော့စ်တော့ဗ်ကို ကျဉ်းမြောင်းသည့် အနိုင်ရလဒ်ဖြင့် သာ အနိုင်ယူ၍ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး နောက် ရွိုင်းကိန်းက အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။

 

မော်ရင်ဟိုက မန်ယူအသင်းတွင် တိုက်စစ်ပိုင်းရွေးချယ်မှု နည်းနေပြီး ပွဲဆက်များပြားစွာ ကစားရမှုက မန်ယူအသင်း ထင်သလောက် ခရီးမပေါက်ခြင်း ကို ဖြစ်စေခဲ့သည်ဟု အကြောင်းပြချက်ပေးခဲ့ရာ ရွိုင်းကိန်းက မော်ရင်ဟိုမှာ မန်ယူအသင်းတွင် ငွေကြေးသုံးစွဲမှု ကန့်သတ်ချက်မရှိသည့် အနေအထားဖြင့် ကစားသမားကောင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားသော်လည်း ရလဒ်ကောင်း မဖန်တီးနိုင်ခြင်းမှာ အံ့အားသင့်စရာဖြစ်နေပြီဟု တုံ့ပြန်ခဲ့သည်။

 

ရွိုင်းကိန်းက'' ဒီလောက် တန်ဖိုးမရှိတဲ့ စကားမျိုးကို ကျွန်တော့် တစ်သက် တစ်ခါမှ မကြားခဲ့ရဖူးဘူး။ သူဟာ မန်ယူလို ကြီးကျယ်ခမ်းနားတဲ့ အသင်းကို ကိုင်တွယ်နေတဲ့ မန်နေဂျာတစ်ဦးဖြစ်ပြီး ကစားသမားကောင်းတွေ အများကြီး ကို အင်ပြည့်အားပြည့် ပိုင်ဆိုင်ထားတာကြောင့် လွယ်လွယ်ကူကူ အနေအထား ဖြစ်သင့်ပါတယ်။ ခုတော့ ရလဒ်မကောင်းရင် ပွဲဆက်များတာ၊ ခရီးဝေးနှင်ရတာ ကိုချည်း အပြစ်တင်နေတာတော့ အတော်လေး စိတ်ပျက် စရာဖြစ်နေပါပြီ။ အဖြေထုတ်လိုက်ရင်တော့ မန်ယူအသင်းဟာ သူ့အတွက် ခမ်းနားလွန်း နေတာကြောင့် ဖြစ်ပါလိမ့်မယ်''ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616