Main menu
HOT NEWS
adv
အာဆင်ဝင်းဂါးအား ထုတ်ပယ်ရန် လေယာဉ်၌ စာတန်းချိတ်ဆွဲကာ ဆန္ဒပြရန် စီစဉ်

အာဆင်ဝင်းဂါးအား ထုတ်ပယ်ရန် လေယာဉ်၌ စာတန်းချိတ်ဆွဲကာ ဆန္ဒပြရန် စီစဉ်

အာဆင်နယ်ပရိသတ်များသည် အာဆင်ဝင်းဂါးအား ရာထူးထုတ်ပယ်ရန်အတွက် အိမ်ကွင်းအီမရိတ်ပေါ်တွင် လေယာဉ် ပျံသန်းစေပြီး ရာထူးမှထုတ်ပယ်သည့် စာတန်းချိတ်ဆွဲကာ ဆန္ဒပြရန် စီစဉ်နေကြောင်းသိရသည်။ ယင်းကဲ့သို့ ပြုလုပ်ရန်အတွက် ထွက်ခွာရန် ဆန္ဒရှိသည့် ပရိသတ်များထံမှ ရန်ပုံငွေ ကောက်ခံထားပြီး ပေါင်နှစ်ထောင်ကျော် ရရှိထားပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။


အာဆင်ဝင်းဂါးထွက်ခွာရန် လေယာဉ်တွင် စာတန်းချိတ်ဆွဲကာ ဆန္ဒပြရန်အတွက် ပေါင် သုံးထောင် ဘတ်ဂျက်လျာထားပြီး ရန်ပုံငွေဆက်လက်ကောက်ခံလျက်ရှိကြောင်းသိရသည်။ အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၁ဝ ဂိုး ၂ ဂိုး ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ခုနစ်နှစ်ဆက် ထွက်ခဲ့ရသည့် အခြေအနေကို မကျေမနပ် ဖြစ်နေပြီး အာဆင်ဝင်းဂါးကို ထုတ်ပယ်ရန်အတွက် အသင်းဘုတ်အဖွဲ့ကိုလည်း တောင်းဆိုသွားမည် ဖြစ်သည်။


အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်သည့် လင်ကွန်းစီးတီးနှင့်ပွဲတွင်လည်း ပရိသတ်တချို့က အာဆင်ဝင်းဂါးကို အသင်းမှနုတ်ထွက်ရန် ဆန္ဒပြခဲ့ကြသည်။ အာဆင်ဝင်းဂါး၏ စာချုပ်သက်တမ်းမှာလည်း ယခုနှစ်ကုန်တွင် ကုန်ဆုံးပြီဖြစ်ရာ အာဆင်ဝင်းဂါးအနေဖြင့် စာချုပ်သက်တမ်း တိုး၊ မတိုးအား ရာသီအကုန်မှ ဆုံးဖြတ်သွားမည်ဖြစ် ကြောင်းသိရသည်။ အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည့် အဆင့်(၄)အတွင်း ရပ်တည်နိုင် ခြင်း မရှိသေးပေ။ လက်ရှိ အမှတ်အနေအထားအရ အာဆင်နယ်အသင်းအနေဖြင့် ပွဲကျန် နှစ်ပွဲရှိနေသေးပြီး အနိုင်ရရှိမှသာ အဆင့်လေးအတွင်း ပြန်လည်ရပ်တည်နိုင်မည်ဖြစ်သည်။

 

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616