Main menu
HOT NEWS
adv

အဲဗာတန်၏ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံးစံချိန် လုကာကု လိုက်မီနိုင်ခဲ့

အဲဗာတန်တိုက်စစ်မှူးလုကာကုသည် ဆန်းဒါးလန်းအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၆ဝ ပြည့်မြောက်ခဲ့ပြီဖြစ်ရာ တိုက်စစ်မှူး ဟောင်းဒန်ကန်ဖာဂူဆန်တင်ရှိထားသည့် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်အား လိုက်မီနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။

Read more...

လီဗာပူးနှင့်ပွဲတွင် အီဘရာဟီမိုဗစ်ခ်ျ ပြန်လည် ပါဝင်နိုင်မည်ဟု မန်ယူအသင်းနည်းပြ အတည်ပြု၊ ကွင်းလယ်လူ ရှနိုက်ဒါလင်းအား အဲဗာတန် ထံ ပေါင် ၂၄ သန်းဖြင့် ရောင်းချခဲ့ပြီ်

မန်ယူနည်းပြမော်ရင်ဟိုသည် လိဂ်ဖလားပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် တိုက်စစ်မှူးအီဘရာဟီ မိုဗစ်ခ်ျအနေဖြင့် မည်သည့်ဒဏ်ရာ ပြဿနာများရှိမနေခဲ့ကြောင်း၊ လီဗာပူးနှင့်ယှဉ်ပြိုင်ရမည့် အရေးကြီးပွဲစဉ်တွင် အသင်းအတွက်ပြန်လည် ပါဝင်ကစားပေးနိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Read more...

အဲဗာတန်ကို ထောင့်ကန်ဘော ကန်ခွင့်ပေးခဲ့သည့် ဒိုင်လူကြီး ကလေတန်ဘာ့ဂ်ကို ဝင်းဂါး ဝေဖန်

အဲဗာတန်၏ အနိုင်ဂိုး ရရှိစေမည့် ထောင့်ကန်ဘော သတ်မှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဒိုင်လူကြီး မာ့ခ်ကလေတန်ဘာ့ဂ်ကို အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝေဖန် ပြစ်တင်လိုက်သည်။ ဂွတ်ဒီဆင်ပါ့ခ်တွင် အာဆင်နယ်သည် အဲဗာတန်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့ရာ၌ အက်ရှ်လေဝီလျံ၏ ပွဲချိန် (၈၆)မိနစ် ခေါင်းတိုက်ချက်က အိမ်ရှင်အတွက် အနိုင်(၃)မှတ်ကို ပိုင်ဆိုင်သွားစေသည်။ အာဆင်နယ်၏ ပင်နယ်တီ ဧရိယာထဲ တွင် အဲဗာတန် ကစားသမား ဒေါ့မနစ် ကယ်လ်ဗတ်လီဝင်နှင့် အာဆင်နယ် ခံစစ်မှူး လောရင့်ကိုစီရယ်လ်နီတို့ ဘောလုံးအပြိုင်ရယူရင်း ဂိုးစည်းကျော်လွန်သွားရာတွင် ဘောလုံးကို နောက်ဆုံးထိသူမှာ ကိုစီရယ်လ်နီဟု ကလေတန်ဘာ့ဂ်က ဆုံးဖြတ်ပြီး ထောင့်ကန်ဘော သတ်မှတ်ခဲ့သည်။

Read more...

ဘိုလာဆီကို ရာသီကုန်ထိ ဆုံးရှုံးရတော့မည့် အဲဗာတန်

အဲဗာတန်အတွက် ကြီးကြီးမားမား ထိခိုက်မှုအဖြစ် တောင်ပံလူ ယာနစ်ခ် ဘိုလာဆီသည် ရာသီကုန်ထိ အနားယူရတော့မည်ဟု သိရသည်။ အသက်(၂၇)နှစ်အရွယ် ကစားသမားကို အဲဗာတန်က စတာလင်ပေါင် သန်း (၃၀) ထိ အကုန်အကျခံကာ ခေါ်ယူထားခြင်း ဖြစ်သည်။
 
Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191