HOT NEWS
Main menu
adv

၂ဝ၁၆ ခုနှစ်ရဲ့ အကောင်းဆုံးဆုများ သိမ်းပိုက်ခဲ့သည့် စီရော်နယ်ဒို၊ ဖီဖာ The Best ဆုပေးပွဲ အခမ်းအနားမြင်ကွင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၆ခုနှစ်အတွက် အကောင်းဆုံး ဆုပေးပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်သွားခဲ့သည်။ ပေးအပ်ချီးမြှင့်သည့် ဆုများနှင့် ဆုရရှိသူများကိုဖော်ပြရ မည်ဆိုလျှင်...


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (အမျိုးသား)

မြို့ခံပြိုင်ဘက် အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်း၊ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းမှ မက်ဆီတို့ကိုကျော်ဖြတ်ကာ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတိုက် စစ်မှူးစီရော်နယ်ဒိုက ဖီဖာကမ္ဘာ့အကောင်းဆုံး ဆုကို ရယူသွားနိုင်ခဲ့၍ ၂ဝ၁၆ ခုနှစ်မှာ စီရော်နယ်ဒိုအတွက် အောင်မြင်မှုများသိမ်း ပိုက်နိုင်ခဲ့သည့်နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂ဝ၁၆ ချန်ပီယံဆု၊ ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သူ စီရော်နယ်ဒိုသည် ၄၄ ပွဲတွင် ၄၂ ဂိုးသွင်းယူခဲ့ကာ ၁၄ ကြိမ်ပံ့ပိုးပေး နိုင်ခဲ့သည်။ ၎င်းမှာ ဥရောပထိပ်တန်းလိဂ်များ၌ ၈၃ ဒသမ ၆၈ မိနစ်လျှင် တစ်ဂိုးသွင်းယူနိုင်သူလည်းဖြစ်သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS