HOT NEWS
Main menu
adv

ဘိုင်ယန်နှင့် ရှုံးပွဲအတွက် ဖြေရှင်းချက်ပေးရန် ခက်ခဲကြောင်း အာစင်ဝင်းဂါး ပြောကြား၊ နည်းပြ အာစင်ဝင်းဂါးကို ရာထူးမှ နုတ်ထွက်ပေးရန် ပရိသတ်များ တောင်းဆို

ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်၌ အဝေးကွင်းတွင် ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံး နိမ့်ခဲ့မှုနှင့်ပတ်သက်၍ ဖြေရှင်းချက် ပေးရန်ခက်ခဲကြောင်း အာဆင်နယ် နည်းပြအာစင်ဝင်းဂါးက ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ်အိမ်ကွင်း ၁၆ ပွဲဆက် အနိုင်ရသည့်မှတ်တမ်းကောင်းကို အာဆင်နယ်အား ၅-၁ ဂိုးဖြင့်အနိုင် ယူကာထိန်းထားနိုင်ခဲ့ပြီး အဆိုပွဲတွင် ပြသသွားသော အသင်း၏ခြေစွမ်း နှင့်ပတ်သက်ပြီး သတင်းထောက်များကမေးမြန်းခဲ့ရာ၌ အာစင်ဝင်းဂါးက ယခုကဲ့သို့ဖြေကြားသွားခဲ့သည်။

Read more...

ချဲလ်ဆီးကို အာဆင်နယ် ရှုံးလျှင် ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး ရမည်ဟု ပီရက်စ် သုံးသပ်၊ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကွင်းတွင် အာစင်ဝင်းဂါး ထိုင်ရန် သီးသန့်နေရာ ပြုလုပ်ထားရှိ

ချဲလ်ဆီးနှင့်ပွဲစဉ်တွင် အာဆင်နယ်ရှုံးနိမ့်ပါက ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှတ်ရမည်ဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာလိမ့်မည်ဟု အာဆင်နယ် ကစားသမားဟောင်း ရောဘတ်ပီရက်စ်က သုံးသပ်သွားခဲ့သည်။ ချဲလ်ဆီးနှင့်ပွဲမှာ အာဆင်နယ်အသင်းအတွက် နောက်ဆုံးအခွင့် အရေးဖြစ်လာပြီး ပြီးခဲ့သည့်ပွဲစဉ်တွင် ချဲလ်ဆီးအသင်း လီဗာပူးနှင့် သရေကျခဲ့မှုကို အာဆင်နယ်အခွင့် အရေးမယူနိုင်ခဲ့ဘဲ အိမ်ကွင်း၌ ဝက်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့၍ ကိုးမှတ်အကွာ ဖြင့် ချဲလ်ဆီးကဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

Read more...

အာဆင်နယ်အသင်း ကစားသမား ခြောက်ဦးနှင့် စာချုပ်သက်တမ်း တိုးနိုင်ရန် ဆွေးနွေးမည်

အာဆင်နယ်အသင်းသည် အသင်းရှိ ကစားသမားခြောက်ဦးနှင့် စာချုပ်သက်တမ်းတိုးမည့် ကိစ္စရပ်များ စတင်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းနှင့် ဆွေးနွေးမည့် ကစားသမားများမှာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သည့် ဝီလ်ရိုင်းယား၊ ကီရန် ဂစ်ဘ်၊ ချိန်ဘာလိန်၊ မာတီဆက်ကာတို့ ဖြစ်ပြီး အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

Read more...

ဘီလော့တီ အား ခေါ်ယူရန် အာဆင်နယ် ကမ်းလှမ်းခဲ့ကြောင်း တိုရီနို အတည်ပြု

အီတလီ စီးရီးအေကလပ် တိုရီနိုအသင်း တာဝန်ရှိသူများသည် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဘီလော့တီအား ခေါ်ယူရန်စိတ်ဝင်စားနေသည့် အသင်းများစွာတွင် ပရီးမီးယားလိဂ် အသင်းများပါဝင်နေကြောင်း၊ အာဆင်နယ်အသင်း အနေဖြင့် တရားဝင်ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း မီဒီယာများမှတစ်ဆင့် အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS