HOT NEWS
Main menu
adv

အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်များထွက်ပေါ်၊ ချဲလ်ဆီး-မန်ယူ ထိပ်တိုက်တွေ့ဆုံနေ၊ ရလဒ်ကောင်းအတွက် ချဲလ်ဆီး အာရုံအပြည့် စိုက်လာနိုင်ဟု မော်ရင်ဟို စကားစစ်ထိုး

အက်ဖ်အေဖလားပဉ္စမအဆင့် ပွဲစဉ်များအပြီး ကွာတားဖိုင်နယ်ပွဲစဉ်များအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး နှစ်သင်းဖြစ်သည့် ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စပါးအသင်းမှာမူ မီဝေါလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ပွဲချောင်နေခဲ့သည်။ ဘလက်ဘန်းအသင်းအား နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် လက်ရှိချန်ပီယံမန်ယူအသင်းသည် လက်ရှိပရီး မီးယားလိဂ်အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိသည့် ချဲလ်ဆီးအသင်း၏အိမ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မစ်ဒယ်ဘရော့ အသင်းကမူ ဟက်ဒါဖီးလ်-မန်စီးတီးတို့ပွဲစဉ်မှ အနိုင်ရသည့်အသင်းအား အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ရမည် ဖြစ်သည်။

Read more...

ချန်ပီယံဆု ရယူရန်အတွက် အသင်းသားများအပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း ချဲလ်ဆီးနည်းပြ ဆို

အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွင် ချန်ပီယံရှစ်ကလပ်ဝုလ်ဗာ ဟမ်တန်အသင်းအားအနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်တက်ရောက် နိုင်ခဲ့သည့် ချဲလ်ဆီးအသင်း၏နည်း ပြကွန်တီက အသင်းသားအားလုံး၏ နိုင်လိုစိတ်ပြင်းပြမှုအပေါ်ကျေနပ်အားရမိကြောင်း၊ ချန်ပီယံဆုများရ ယူရန်အတွက် အသင်းသားများ အပေါ်ယုံကြည်မှုအပြည်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Read more...

တရုတ်ကလပ်များ ကမ်းလှမ်းခဲ့သော်လည်း ကော်စတာကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြ ဆို၊ ဂန္ထဝင် တိုက်စစ်မှူး ဒရော့ဘာ၏ အကြံပေးမှုကြောင့် ခြေစွမ်းပြနိုင်ခြင်း ဟု ကော်စတာ ဖွင့်ဟ

ချဲလ်ဆီးနည်းပြကွန်တီသည် ပြီးခဲ့သည့် ဆောင်းရာသီကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် အဓိကကစားသမားတစ်ဦးဖြစ်သူ ကော်စတာအား လက်လွှတ်ရမည့်အခြေ အနေနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ယုံကြည်ချက်အပြည့်ဖြင့် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ တီရန်ဂျင်းအသင်း၏က မ်းလှမ်းမှုကြောင့် ကော်စတာအနေဖြင့် အနည်းငယ်စိတ်ယိုင်ခဲ့သော်လည်း အသင်းအတွက် ပြန်လည်ပေးဆပ် ကစားနေပြီဖြစ်ကြောင်း ဖွင့်ဟပြော ကြားသွားခဲ့သည်။

Read more...

ချဲလ်ဆီးအသင်း ချန်ပီယံဆု လက်လွှတ် ရနိုင်သေးကြောင်း ကွန်တီ သတိပေးစကား ဆို

ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် နီးစပ်နေ ပြီဖြစ်သော်လည်း လက်လွှတ်ရနိုင် သေးကြောင်းကို သူ၏ကစားသမား ဘဝနှင့်နည်းပြဘဝ စိတ်ပျက်ဖွယ်ရာ အတိတ်အကြောင်းအရာများနှင့် ခိုင်းနှိုင်းပြီး နည်းပြကွန်တီကသတိ ပေးစကားဆိုသွားခဲ့သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS