Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ကိုရီးယားကျွန်းဆွယ် ပဋိပက္ခ အဆိုးရွားဆုံး စစ်ပွဲဖြစ်လာနိုင်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဆို

ဝါရှင်တန်၊ မေ ၂၉

ကိုရီးယားကျွန်းဆွယ်ပဋိပက္ခသည် လူအများစု၏ဘဝသက်တမ်းတစ်လျှောက်အဆိုးရွားဆုံးစစ်ပွဲ ဖြစ်လာနိုင်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျိမ်းစ်မက်တစ်က မေ ၂၈ ရက်တွင် ထုတ်လွှင့်သောအင်တာဗျူးတစ်ခု၌ပြောသည်။ ''ဒီကိစ္စကိုဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နေတယ်။ ဒါ ပေမဲ့ဒီကိစ္စကိုသံတမန်နည်းလမ်း တွေနဲ့ ကျွန်တော်တို့မဖြေရှင်းနိုင်ဘဲ တိုက်ပွဲဖြစ်လာပြီဆိုရင် အရမ်းဆိုးရွားပြင်းထန်တဲ့စစ်ပွဲကြီးဖြစ်လာလိမ့်မယ်''ဟု ဂျိမ်းစ်မက်တစ်က CBS ရုပ်သံနှင့်အင်တာဗျူးတွင်ပြောသည်။

Read more...

တောင်ကိုရီးယား THAAD ဒုံးခွင်း ဒုံးစနစ် ပယ်ဖျက်ရန် မြောက်ကိုရီးယား တိုက်တွန်း

ပြုံယမ်း၊ မေ ၂၈

တောင်ကိုရီးယားတွင် တပ်ဆင်မည့် အမေရိကန်THAAD ဒုံးခွင်း ဒုံးစနစ်ဖြန့်ကြက်ချထားမှုကို တောင်ကိုရီးယားပယ်ဖျက်သင့်ကြောင်း မေ ၂၈ ရက်တွင် မြောက်ကိုရီးယား အမျိုးသားငြိမ်းချမ်းရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်း ပြောကြားခဲ့သည်။

Read more...

ရာမာဒမ် ဥပုသ်လ အစတွင် ဖိလစ်ပိုင်၌ တိုက်ပွဲဖြစ်၊ အရပ်သား ၁၅ ဦးသေဆုံး

မာရာဝီ(ဖိလစ်ပိုင်)၊ မေ ၂၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များသည် အစ္စလာမ္မစ် အစွန်းရောက်စစ်သွေးကြွများအား မြို့တွင်းတစ်လမ်းဝင်တစ်လမ်းထွက် ပိတ်ဆို့တိုက်ခိုက်ရှင်းလင်းခဲ့ရာတွင် မေ ၂၈ ရက်က တိုက်ပွဲများအတွင်း စစ်သွေးကြွများပစ်ခတ်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးခဲ့ရသည်။ တစ်ပတ်အတွင်း စစ်ဆင်တိုက်ခိုက်မှုအတွင်း သေဆုံးသူအနည်းဆုံး ၈၅ ဦးအထိရှိသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အာဏာပိုင်များက သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။ မေ ၂၃ ရက်ကလည်း ဖိလစ်ပိုင်တောင်ပိုင်း၌ သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်ပြဋ္ဌာန်းခဲ့သည်။ မူဆလင်ဘာသာဝင် ၂ဝဝဝဝဝ ခန့်နေထိုင်သော မာရာဝီမြို့ကလေး၌ စစ် သွေးကြွများသည် အမျိုးသမီးသုံးဦး၊ ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၉ ဦးကို ပစ်သတ်ခဲ့ကြသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616