Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ တာမွေမှ ဆူးလေသို့ အင်အား ၁၅၀ ကျော် စုပေါင်းလမ်းလျှောက်

ရန်ကုန်၊ မေ ၁၄

ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကျင်းပသည့် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက် ဆုတောင်းပွဲအား မေ ၁၄ ရက် ညနေ ၃ နာရီခွဲက တာမွေရဲစခန်းအနီးမှ မြို့တော် ခန်းမရှေ့အထိ စုပေါင်း လမ်း လျှောက်ခဲ့ကြသည်။ ယင်းစုပေါင်းလမ်းလျှောက်ပွဲကို ဘာသာပေါင်းစုံမှပုဂ္ဂိုလ်များ၊ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၅၀ ခန့် ပါဝင်ခဲ့ကြပြီး တာမွေ၊ မင်္ဂလာတောင် ညွန့်၊ ဗိုလ်တထောင်နှင့် ကျောက်တံ တားမြို့နယ်များကို ဖြတ်ကျော်၍ လမ်းလျှောက်ခဲ့ကြပြီး မြို့တော်ခန်းမ ရှေ့၊ မဟာဗန္ဓုလပန်းခြံဘက်ခြမ်းတွင် စုဝေးရပ်နားခဲ့ကာ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း သားများ၏သဘောထား ကြေညာချက်ကို စီစဉ်သူ ကိုထက် အောင်လင်းက ဖတ်ကြားခဲ့သည်။

Read more...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်မည် ဟုဆို

ရန်ကုန်၊ မေ ၁၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရက် ၁၀၀ အတွင်း လျှပ် စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ပြီး ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ကြောင်း MOI မှ သတင်းထုတ် ပြန်ချက်အရသိရသည်။ လျှပ်စစ်ကဏ္ဍသည် ပြည်သူများအတွက် အလွန်အရေးပါသည့် အချက်တစ် ချက်ဖြစ်သောကြောင့် ပြည်သူ့အတွက် ပထမရက်ပေါင်း ၁၀၀ အတွင်းတွင် ယင်းကိစ္စကို ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိကြုံတွေ့နေရသည့် ဓာတ်အားပျောက်ဆုံးမှုကို လျော့နည်းစေကာ ဓာတ်အားပိုမိုပို့ လွှတ်ပေးနိုင်ရန် တည်ငြိမ်သည့်ဗို့အား နှင့် ဓာတ်အားဖြန့်ဖြူးပေးရန် စီမံမှုများကို အဓိကလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Read more...

ဂီဘရယ်တာနှင့် ကိုဆိုဗိုနိုင်ငံများကို ဖီဖာအဖွဲ့ဝင်နိုင်ငံများအဖြစ် သတ်မှတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဂီဘရယ်တာနှင့်ကိုဆိုဗိုနိုင်ငံများအား ဖီဖာအဖွဲ့ဝင်နိုင်ငံများအဖြစ်လက်ခံခဲ့ပြီး အဆိုပါအသင်းများသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကစားခွင့်ရရှိမည်ဖြစ်သည်။  မက္ကဆီ ကိုနိုင်ငံတွင် ကျင်းပခဲ့သည့် ၆၆ကြိမ်မြောက် ဖီဖာကွန်ဂရက်အစည်းအဝေးတွင် ဂီဘရယ်တာနှင့် ကိုဆိုဗိုနိုင်ငံတို့ကိုအဖွဲ့ဝင် နိုင်ငံများအဖြစ် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖီဖာ၏ ၂၁၀နှင့် ၂၁၁နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံ များဖြစ်လာခဲ့သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191