Main menu
HOT NEWS
adv

ဥရောပပွဲစဉ်များတွင် ဘာစီလိုနာ၊ ဘိုင်ယန်၊ ရီးရဲလ်တို့ ရေပန်းစားနေသည့်အပေါ် မော်ရင်ဟိုသုံးသပ် ချန်ပီယံလိဂ်ဝင်ခွင့် လေးနေရာအား ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီအထိ အင်္ဂလန်အသင်းများ ဆက်လက်ရရှိနေမည်

ချန်ပီယံလိဂ်ဆုဖလားအား နှစ်ကြိမ်ရရှိခဲ့ဖူးသည့် ချဲလ်ဆီးနည်းပြ ဟောင်းမော်ရင်ဟိုသည် ဥရောပအ ဆင့်ပွဲစဉ်များတွင် အင်္ဂလန်ပရီးမီး ယားလိဂ်ကိုယ်စားပြုအသင်းများ ကျရှုံးနေခြင်းနှင့် ချန်ပီယံဆုအတွက် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်တို့ ရေပန်းအစားဆုံးဖြစ်နေသည်များကို ဝေဖန်သုံးသပ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲအနေဖြင့် ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာခြင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရုန်းကန်နေ ရခြင်းဖြစ် ကြောင်းသုံးသပ်ခဲ့သည်။

Read more...

ခြောက်ရာသီဆက်တိုက် ချန်ပီယံလိဂ် ၁၆ သင်းမှ ထွက်ခွာခဲ့ရသည့်အပေါ် သင်ခန်းစာယူရမည်ဟု အာဆင်နယ်နည်းပြဆို

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် လက်ရှိချန်ပီယံဘာစီလိုနာအ သင်းအား နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် အာဆင် နယ်အသင်း၏ နည်းပြအာစင်ဝင်းဂါးက ပြိုင် ပွဲတွင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ များ၊ အတွေ့အကြုံများအတွက် သင် ခန်းစာယူရမည်ဖြစ်ကြောင်း၊ ခြောက် နှစ်ဆက်  တိုက် ၁၆ သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့်အခြေအနေကို ချေဖျက်နိုင်ရေးအတွက် ပြင်ဆင်ရတော့မည်ဖြစ်ကြောင်း ပွဲအပြီးတွင် ဖွင့်ဟ ပြောကြားခဲ့သည်။

Read more...

ထိပ်တန်းကစားသမားနည်းပါးခြင်းကြောင့် ချန်ပီယံလိဂ်တွင် အင်္ဂလန်အသင်းများကျရှုံးနေခြင်းဖြစ်ဟု မန်ယူနောက်ခံလူဟောင်းဖာဒီနန် သုံးသပ် ၂၀၁၂ နောက်ပိုင်း ကွာတားဖိုင်နယ်တက်ရောက်နိုင်သည့် အင်္ဂလန်ပရီးမီးယားလိဂ် ကိုယ်စားပြုအသင်း သုံးသင်းသာရှိခဲ့

၂၀ဝ၈ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းနှင့်အတူ ချန်ပီယံဆုရရှိခဲ့ဖူးသည့် နောက်ခံလူဖာဒီနန်သည် ဉရောပအဆင့်ပြိုင်ပွဲများတွင် အင်္ဂလန်အသင်းများရုန်းကန်နေရ သည့်အပေါ် သုံးသပ်မ၍များပြုလုပ်ခဲ့ပြီး ကမ္ဘာ့၌ အဆင့်မီထိပ်တန်းကစားသမားများ ပိုင်ဆိုင်မှုနည်းပါးခြင်းကြောင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိရန် ပရီးမီးယားလိဂ် အသင်းများ ရုန်းကန်နေရခြင်းဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့သည်၊

Read more...

ဒဏ်ရာရကစားသမား များပြားနေခြင်းကြောင့် ဒါဘီပွဲစဉ်အတွက် မန်စီးတီးအသင်းအခက်တွေ့နေ

ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ် ဒိုင်နမိုကိဗ်အသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ်တွင် အဓိ ကနောက် ခံလူနှစ်ဦးဖြစ်သည့် အသင်းခေါင်း ဆောင်ကွန်ပနီနှင့် အော့တာမန်ဒီတို့ ဒဏ်ရာရရှိ ခဲ့ပြီး နောက်ဒဏ်ရာရ ကစားသမားများပြားလာမှုကြောင့် ဒါဘီပွဲစဉ် အတွက် အခက်အခဲ များရှိလာကြောင်း နည်းပြပယ်လီဂရီနီက ဖွင့်ဟပြောကြားသွားခဲ့သည်။

Read more...

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပချန်ပီယံလိဂ်ဖလားကြီး လှည့်လည်ပြသမည်

ရန်ကုန်၊ မတ် ၁၅-မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်အခွင့်အရေးအဖြစ် ဥ ရောပချန်ပီယံလိဂ် (UEFA Champion League) ဖလားကြီးကို မတ် လ ၂၀ ရက် တွင် ရန်ကုန်မြို့သို့ရောက်ရှိမည်ဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616