Main menu
HOT NEWS
adv

တစ်နှစ်အတွင်း အမှားများစွာ ရှိခဲ့သော်လည်း တန်းတက်ခွင့် ရရှိခဲ့သည့် အတွက် ကျေနပ်မိဟု ဟားလ်စီးတီး နည်းပြ ဆို

ဟားလ်စီးတီးအသင်းနည်းပြစတိဗ်ဘရုစ်က အမှားများစွာနှင့် ရုန်းကန်ခဲ့ရသော်လည်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ပြန်လည်ရရှိခဲ့သည့်အတွက် ကျေနပ်အားရမိကြောင်း၊ ပရိသတ်တွေအတွက် အောင်ပွဲခံရမည့် အချိန်ကာလများ ရောက်ရှိလာခဲ့ ပြီဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့သည်။

Read more...

ကစားသမားဘ၀နှင့် နည်းပြဘ၀များတွင် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သည့် ဒုတိယမြောက် ရီးရဲလ်နည်းပြ အဖြစ် ဇီဒန်း ရပ်တည်နိုင်ခဲ့ ပင်နယ်တီကန်သွင်းမှုဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ ကံတရားနှင့်သာ သက်ဆိုင်ကြောင်း ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ဆို

ရီးရဲလ်အသင်းကို လေးလအကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဆုဖလားရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သည့် နည်းပြဇီဒန်းသည် ကစားသမားဘ၀နှင့် နည်းပြဘ၀များတွင် ချန်ပီယံလိဂ်ဖလားရရှိခဲ့သည့် ဒုတိယမြောက်ရီးရဲလ်နည်းပြ အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်တွင်လည်း ကစားသမား၊ နည်းပြဘ၀နှစ်ခုလုံးတွင် ချန်ပီယံဆုရရှိခဲ့သည့် ခုနစ်ဦးမြောက် နည်းပြလည်းဖြစ်လာခဲ့သည်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်တွင် ကစားသမားဘ၀နှင့်နည်းပြဘ၀များ၌ ချန်ပီယံဆုရရှိခဲ့သူများအဖြစ် ရီးရဲလ်နည်းပြဟောင်း မီဂွယ်မူးနော့ဇ်၊ ဂျူဗင်တပ်နည်းပြဟောင်း ထရာပတ်တိုနီ၊ ဘာစီလိုနာနည်းပြဟောင်းများ ဖြစ်သည့် ဂျိုအန်ခရိုက်စ်၊ ဖရန့်ရီကတ်၊ ဂွါဒီယိုလာ၊ အေစီမီလန် နည်းပြဟောင်း အန်စလော့တီနှင့် ရီးရဲလ် နည်းပြဇီ ဒန်းတို့က အသီးသီးရပ်တည်လျက်ရှိ သည်။

Read more...

နယူးကာဆယ်နှင့် နည်းပြ ဘင်နီတက်ဇ်တို့ သုံးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆို

၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီအပြီး ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသည့် နယူးကာဆယ်အသင်း၏နည်းပြ ဘင်နီ တက်ဇ်သည် အသင်းတွင် ဆက်ရှိနေမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက် အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ် ကြောင်း အသင်း၏သတင်းထုတ်ပြန်ချက် အရ သိရသည်။

Read more...

ရီယို၂ဝ၁၆ အိုလံပစ် ရုရှားကစားသမား စာရင်းတွင် ရှာရာပိုဗာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့

တားမြစ်ဆေးသုံးစွဲခဲ့ကြောင်းစွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ချုပ်၏ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် ရုရှားတင်းနစ်မယ်ရှာရာပိုဗာသည် ဘရာဇီးနိုင်ငံတွင် လက်ခံကျင်းပမည့် ရီယို ၂ဝ၁၆ ပြိုင်ပွဲ အတွက် ထုတ်ပြန်ခဲ့သည့် ရုရှား အားကစားသမားစာရင်းတွင် ပါဝင်လာခဲ့ကြောင်းသိရသည်။

Read more...

ချဲလ်ဆီးတွင် သစ္စာဖောက်ခံရမှုနှင့် အတူ ကျဆင်းခဲ့သည့် ဂုဏ်သိက္ခာကို မန်ယူနှင့် ချန်ပီယံဆုယူပြီး လက်စားချေမည်ဟု မော်ရင်ဟို ဆို

မန်ယူနည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်ရန် သေချာသလောက် ဖြစ်နေခဲ့သည့် ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက ချဲလ်ဆီးအသင်းတွင် သစ္စာဖောက်ခံရမှုများနှင့်အတူ ကျဆင်းခဲ့သည့် သိက္ခာများအတွက် မန်ယူအသင်းနှင့်အတူ ချန်ပီယံဆုရယူကာ လက်စားချေလိုကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191