မန်ယူတိုက်စစ်မှူး လူကာကူသည် ဘယ်လ်ဂျီယံနှင့် ဂျပန်တို့၏ခြေစမ်းပွဲတွင် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်း ယူပေးနိုင်ခဲ့ပြီးနောက် သမိုင်းတစ် လျှောက်တွင် ဘယ်လ်ဂျီယံအတွက် ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့သည်။

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဂတ်ပိုယက်ကတော့ လက်ရှိအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးလို့ အခိုင်မာပြောဆိုလိုက်ပါတယ်။ ကန်တီဟာ ပြီးခဲ့တဲ့ရာသီကမှ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာ အဓိက ခြေစွမ်းကစားပေးနေတဲ့ သူတစ်ဦးပြီး၊ သူပါဝင်မကစားပေးနိုင်ခဲ့တဲ့ ပွဲတွေဆိုရင် ချဲလ်ဆီးအသင်းဟာ ရလာဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်ရလေ့ရှိကာ ပဲလေ့ ၊ ရိုးမားအသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲတွေ ကြုံခဲ့ရပါတယ်။

နာပိုလီအသင်း​ခေါင်း​ဆောင်​ မာရက်​ဟမ်​ဆစ်​က သူ့အ​နေနဲ့ အသင်းရဲ့ စံချိန်​တင်​ဂိုးသွင်းရှင် ​ဒီ​ယေဂိုမာရာဒိုနာရဲ့ စံချိန်​ကို ချိုးဖျက်​နိုင်​ဖို့အတွက်​ အရမ်းအာရုံ မစိုက်​ဘူးလို့​ပြောလိုက်​ပြီး လွန်​ခဲ့တဲ့ ၁၉၉၀ ခုနှစ်​​နောက်​ပိုင်း​ ဝေးကွာ​နေတဲ့ စကူဒက်​တို ဖလားအတွက်​သာ အာရုံစိုက်​ထား​ကြောင်း​ ပြောလိုက်​ပါတယ်​။ နာပိုလီအတွက် ​၁၁၄ ဂိုးသွင်းယူထားပြီး အသင်းရဲ့  ဂန္တဝင်​ကစားသမား မာရာဒိုနာရဲ့  သွင်းဂိုးစံချိန်​ကို ချိုးဖျက်​ရန်​ ၂ ဂိုးသာ လို​တော့တဲ့ ဟမ်​ဆစ်​က "ကျွန်​​တော်​ ဒီ မှတ်​တမ်းအ​ကြောင်းကို​တော့ စဉ်းစားပါတယ်​။ ဒါဟာ အမှန်​ပါပဲ။ ဒါ​ပေမယ့်​ ကျွန်​​တော်​ဟာ အမြဲ ဂိုးသွင်းနိုင်​တဲ့သူပါ။

အင်္ဂလန်နည်းပြဆောက်ဂိတ်က အသင်းအနေဖြင့် တောင့်တင်းသောဘရာဇီးအသင်းကို ဂိုးမရှိသရေကစားနိုင်ခြင်းအတွက် ကျေနပ်အားရမိပြီး ယခုခြေစမ်းပွဲများက အသင်း၏အောင်မြင်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ အင်္ဂလန်သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ဂျာမနီအသင်းနှင့်ခြေစမ်းခဲ့ရာတွင် ဂိုးမရှိသရေကျခဲ့သလို ဘရာဇီးနှင့် ထပ်မံခြေစမ်းခဲ့ရာတွင်လည်း ဂိုးမရှိသရေရလဒ်နှင့် ထပ်မံရင်ဆိုင်ခဲ့ရသည်။

မန်စီးတီးတိုက်စစ်မှူးအဂူရိုသည် ရုရှားတွင်ကစားခဲ့သော နိုင်ဂျီး ရီးယားနှင့်ခြေစမ်းပွဲတွင် မူးဝေသည့် ဝေဒနာခံစားခဲ့ရပြီးနောက် လက်ရွေးစင်အသင်းမှ မိခင်ကလပ် မန်စီးတီးထံသို့ ပြန်လည်သွားရောက်ရန် ဆရာဝန်များ၏ခွင့်ပြုချက်ရခဲ့ကြောင်း သိရသည်။

ဝဏ္ဏကို

--------

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရဲ့ ပလေးအော့ဖ်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အီတလီက ဆွီဒင်ကို ဂိုး မရှိသရေပဲ ကစားနိုင်ခဲ့လို့ ကမ္ဘာ့ဖလားဝင်ခွင့် လွဲချော်သွားပါတယ်။ အီတလီအသင်းဟာ ပထမအကျော့တုန်းက ဆွီဒင်ကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာဖြစ်ပြီး အိမ်ကွင်းမှာ အနိုင်ရလဒ် မယူနိုင်ခဲ့လို့ နှစ်ပေါင်း ၆ဝ အတွင်းမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားလို ပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-Off အဆင့်တွင် ဆွီဒင်အသင်းအား နှစ် ကျော့ပေါင်း ၁-ဝ ဖြင့်အရေးနိမ့်ကာခြေစစ်ပွဲကျရှုံးခဲ့ပြီးနောက် အီတလီအသင်း၏ ဝါရင့်ဂိုးသမား ဘူဖွန်နှင့်အတူ ကွင်းလယ်လူ ဒီရော့စီ၊ နောက်ခံလူဘာဇာဂလီ၊ ချီရယ်လီနီတို့ နိုင်ငံတကာကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။

အီတလီကိုအနိုင်ယူကျော်ဖြတ်ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့်ရသည့် ဆွီဒင်အသင်းတွင် နိုင်ငံတကာ ကစားသမားဘဝမှ အနားယူသွားခဲ့ပြီဖြစ်သော အီဘရာဟီမိုဗစ်ကို ပြန်လည်ရွေးချယ်မည်ဟူသော သတင်း များနှင့်ပတ်သက်၍ နည်းပြဂျန်နာအန်ဒါဆန်က ငြင်းဆိုသွားခဲ့သည်။ ဆွီဒင်အသင်းသည် အီတလီအသင်း ကို ခံစစ်အစွမ်းပြကာ နှစ်ကျော့ပေါင်း ၁-ဝ ဖြင့်အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ရာ ဆွီဒင်အသင်း၏ ဂိုးသွားအများဆုံးတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြန်လည်ရွေးချယ်သွားမည်ဟူသောသတင်းများထွက်ပေါ်လာခဲ့သည်။

Page 2 of 22