Main menu
HOT NEWS
adv

အီဖဲလ်မျှော်စင်နေရာတွင် ပုံစံတူရုပ်ပုံ ထားရှိပေးပါက ပီအက်စ်ဂျီအသင်းတွင် ဆက်ရှိနေမည်ဟု အီဗရာဟီမိုဗစ်ခ်ျဆို

ရာသီကုန်တွင်အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့် ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်း၏ အဓိကတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက အသင်း အခြေစိုက်ရာ ပဲရစ်မြို့၏ အဓိကအထိမ်းအမှတ်တစ်ခုဖြစ်သည့် အီဖဲလ်မျှော်စင်နေရာတွင် မိမိ၏ရုပ်ပုံစံတူအား ထားရှိပေးခဲ့ပါက အသင်းတွင် ဆက်ရှိနေ မည်ဖြစ် ကြောင်း ဟာသအရွှန်းဖောက်ပြောကြားသွားခဲ့သည်။

Read more...

အရှုံးရလဒ်များမှ ရုန်းထွက်နိုင်ရေးအတွက် ပရိသတ်များနှင့်အတူ ဖြေရှင်းရမည်ဟု အာဆင်နယ်နည်းပြဆို ဖလားလက်မဲ့ရာသီနှင့်ရင်ဆိုင်ခဲ့ရသည့်တိုင် နည်းပြအဖြစ် အာစင်ဝင်းဂါးဆက်ရှိနေမည်

အာဆင်နယ်နည်းပြ အာစင်ဝင်း ဂါးက အက်ဖ်အေဖလားကွာတားဖိုင် နယ်ပွဲစဉ်တွင် ဝက်ဖို့ဒ်အသင်းအား အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှထွက် ခွာခဲ့ရသည့်အပေါ် စိတ်မကောင်း ကြောင်း၊ ရလဒ်ဆိုးများအတွက် သင် ခန်းစာယူပြင်ဆင်ရမည်ဖြစ်ကြောင်း နှင့် အရှုံးရလဒ်များမှ ရုန်းထွက်နိုင် ရေးအတွက် ပရိသတ်၊ အသင်းသား များနှင့်အတူ ဖြေရှင်းရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Read more...

နောက်ဆုံးအချိန်အထိ အသင်းလိုက်စိတ်ဓာတ်ဖြင့် အားစိုက်ကစားခဲ့ခြင်းအပေါ် မန်ယူနည်းပြချီးကျူး

မန်ယူနည်းပြဗန်ဟားလ်သည် ဝက်စ်ဟမ်းအသင်းနှင့် သရေကျခဲ့ သည့် အက်ဖ်အေဖလားကွာတားဖိုင် နယ်ပွဲစဉ်တွင် အသင်းလိုက်စိတ်ဓာတ် ဖြင့် ပိုမိုအားစိုက်ကစားခဲ့သည့် အသင်း သားများအား ချီးကျူးပြောကြားခဲ့ပြီး နောက်ဆုံးအချိန်အထိ အနိုင်မခံအရှုံး မပေးကစားပေးခဲ့သည့်အတွက် အသိ အမှတ်ပြု ရမည်ဖြစ်ကြောင်း ဆိုခဲ့ သည်။

Read more...

ဥရောပတွင် ပရီးမီးယားလိဂ် အသင်းများ အောင်မြင်နေဆဲ ဖြစ်သည်ဟု ဗန်ဟားလ်သုံးသပ်

မန်ယူနည်းပြ ဗန်ဟားလ်က လီဗာပူး-မန်ယူပွဲစဉ်ကို ယူရိုပါလိဂ် ထက် ချန်ပီယံလိဂ်တွင် ထိပ်တိုက် တွေ့ဆုံပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်မိသော်လည်း လက်ရှိအနေ အထားကိုလက်ခံရမည်ဖြစ်ကြောင်း၊ ဥရောပတွင် ပရီးမီးယားလိဂ်ကလပ် ခြောက်သင်းကစားနေခြင်းမှာ အောင် မြင်မှုရရှိနေခြင်းဖြစ်သည်ဟု လီဗာပူး နှင့်ပွဲမတိုင်မီပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ၌ ဗန်ဟားလ်ကပြော ကြားသွားခဲ့သည်။

Read more...

အသင်းမှထွက်ခွာရန် ပရိသတ်များ၏တောင်းဆိုမှုကို ဂရုမစိုက်ဟု ဝင်းဂါးတုံ့ပြန်

ဒဏ်ရာပြဿနာများကြောင့် လာမည့်ပွဲစဉ်များတွင် အခက်တွေ့နိုင်သည်ဟု သုံးသပ်

ဟားလ်စီးတီးနှင့်ယှဉ်ပြိုင်က စားခဲ့ကြသည့်ပွဲစဉ်တွင် အာဆင် နယ်ပရိသတ်အချို့သည် နည်းပြ အာစင်ဝင်းဂါးကို အသင်းမှထွက်ခွာ ရန် တောင်းဆိုခဲ့ကြပြီး ထိုသို့ပရိ သတ်များ၏တောင်းဆိုမှုကို ဂရုစိုက် နေမည်မဟုတ်ကြောင်း ဝင်းဂါးက ပွဲအပြီးတွင် ဝေဖန်မှုများအပေါ် ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191