ဆီဗီလာအသင်းနည်းပြ ဘီရစ်ဇိုက ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့သော ချီလီအသင်းအတွက် ဝမ်းနည်းမိသော်လည်း ရာထူးမှနုတ်ထွက်သွားသော ချီလီအသင်းနည်းပြ ပစ်ဇီ၏နေရာတွင် မိမိက အစားထိုးတာဝန် ယူမည်မဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု ဖိတ်ခေါ်ပြိုင်ပွဲနှင့် တေးဂီတဖျော် ဖြေပွဲကို လာမည့်နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့အမျိုးသား ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

( ၉)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အား ကစားသမားများနှင့် နည်းပြများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနကဂုဏ်ပြုဆုငွေ ကျပ် ၉၂၈သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နာပိုလီအသင်းခေါင်းဆောင် ဟမ်ဆစ်က ဆလိုဗက်ကီးယားနှင့် ကစားခဲ့ရသော ကမ္ဘာ့ဖလားခြေစစ် ပွဲအကြောင်းကို မေ့လိုက်ပြီဖြစ်ပြီး လာမည့်ရိုးမားနှင့်ပွဲကိုသာ အာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။

 

ဘာစီလိုနာနောက်ခံလူ မာရှေယာနိုက လာမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်းမှ အနားယူတော့ မည်ဖြစ်ကြောင်းပြောခဲ့သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

One Championship  ပြိုင်ပွဲတွင် နာမည်ကြီး ဖိုးသော်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကြောက်ရွံ့မှု လုံးဝမရှိကြောင်း စောဘဦး (တောင်ကလေး)ကပြောသည်။

 

ရီးရဲလ်ဂိုးသမား နာဗက်စ်သည် ကော်စတာရီကာအတွက် ကစားစဉ်ရရှိခဲ့ သောဒဏ်ရာကြောင့် စပါးနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်ကြောင်းသိရသည်။ နာဗက်စ်မှာ ညာဘက်ပေါင်ခြံဒဏ်ရာခံစား ခဲ့ရခြင်းဖြစ်ကြောင်း ရီးရဲလ်ကထုတ်ပြန်ခဲ့ပြီး စပိန် မီဒီယာများကမူ နာဗက်စ်အနေဖြင့် ဂီတာဖေးနှင့် လာလီဂါပွဲစဉ်ကို လွဲချော်ရန်နီးစပ်နေပြီး ယင်းနောက် ၌ကစားရမည့် စပါးနှင့်ပွဲကိုပါလွဲချော်ရနိုင်ကြောင်း သတင်းများကဖော်ပြနေကြသည်။

မန်ယူနည်းပြမော်ရင်ဟိုက ဖယ် လိုင်နီအပါအ၀င် ဒဏ်ရာရကစား သမားများ များပြားလာခဲ့သော် လည်း ဒဏ်ရာပြဿနာများကြောင့် ငိုကြွေး နေမည်မဟုတ်ကြောင်း ပြောခဲ့သည်။ဖယ်လိုင်နီသည် ပဲလေ့စ်ကို ၄-၀ဖြင့် အနိုင်ရခဲ့သောပွဲ တွင် နှစ်ဂိုးသွင်း ယူနိုင်ခြင်း အပါအ၀င် ယခုနှစ် ရာသီ ၌ခြေစွမ်း ပြကစားနေ ရာ ဘယ်လ်ဂျီယံ နှင့်ပွဲမှ ဒူးဒဏ်ရာ ကြောင့် အနည်းဆုံးတစ်ပတ် အနားယူရခြင်းက မန်ယူအ တွက် ထိုးနှက်မှုအဖြစ်သုံးသပ် နေကြသည်။ သို့ရာတွင် နည်းပြမော်ရင်ဟိုက "ဒဏ်ရာတွေက ထိုးနှက်မှုမဟုတ်သလို ဘာပြဿနာမှလည်းမဟုတ်ပါဘူး။ ဒဏ်ရာရ သွားတဲ့အကြောင်းခြင်းရာ တွေကြောင့်သာ ငိုကြွေး ကောင်း ငိုကြွေး နိုင်ပေမယ့် ဒဏ်ရာတွေရခဲ့ခြင်းအပေါ် မှာ ငိုကြွေး နေမှာမဟုတ်ပါဘူး။ ဒဏ် ရာရကစားသမားတွေနေရာမှာ ၀င်က စားမယ့်သူတွေအပေါ် ယုံကြည်ထား ရမှာပါ " ဟု ဆိုခဲ့သည်။

Page 4 of 11