HOT NEWS
Main menu

ရခိုင်အသင်း အိမ်ကွင်း ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ထံ အပ်နှံပွဲ ပြုလုပ်မည်

ရန်ကုန်

ရခိုင် ယူနိုက်တက်အသင်းမှာ ယခုနှစ် ဘောလုံးရာသီတွင် စစ်တွေမြို့ရှိ ဝေသာလီကွင်းအား အိမ်ကွင်းအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်ထံလည်း အသင်းအပ်နှံသွား မည်ဖြစ်ကြောင်း သိရသည်။

Read more...

နည်းပြဘဝမှ အနားယူမည့် သတင်းများကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြန်ရှင်း

နည်းပြဘဝ၏ နောက်ဆုံး အပိုင်းအခြား ကာလတစ်ခုတွင် ရောက်ရှိနေသည်ဟုသာ ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် အနားယူဦးမည် မဟုတ်ကြောင်း ဂွါဒီယိုလာက ပြန်လည်ဖြေရှင်းခဲ့သည်။ မိမိအနေဖြင့် အသက် ၆ဝ၊ ၆၅ နှစ် လောက်အထိ နည်းပြအဖြစ် ကိုင်တွယ်သွားမည် မဟုတ်ဘဲ ကစားသမားဘဝကနေ အနားယူမည့် အချိန်ကာလကို စတင်ခံစားနေရ ပြီဖြစ်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more...

အက်ဖ်အေ ဖလားပြိုင်ပွဲတွင် ဘတ်ရှုဝါရီ ကို နေရာပေးပြီး ဂျွန်တယ်ရီ ပါဝင်မည်ဟု ကွန်တီ အတည်ပြု ပြောကြား

ဘတ်ရှုဝါရီမှာ အသင်းသို့စတင် ရောက်ရှိချိန်ကတည်းက ပွဲထွက်ခွင့်မရ သေး၍ အက်ဖ်အေဖလားပြိုင်ပွဲတွင် နေရာပေးရန် အကူအညီပေးသွားမည် ဖြစ်ကြောင်းနှင့် ပွဲထွက်ခွင့်ရချိန်တွင် အသင်းနှင့်အံဝင်ကြောင်း မိမိ ကိုပြသရန် လိုအပ်သည်ဟု ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားသွားခဲ့ကာ ဒဏ်ရာကြောင့်အနားယူနေရသည့် နောက်ခံလူဂျွန်တယ်ရီ ပြန်လည်ပါဝင်လာမည်ဟုလည်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

Read more...

တရုတ်ကလပ်များ ခေါ်ယူမည့် ကစားသမားများ စာရင်းတွင် အလီနှင့် ဟာရီကိန်းတို့ ပါဝင်လာ

တရုတ်စူပါလိဂ် အသင်းများမှခေါ်ယူမည့် ပရီးမီးယားလိဂ် ကစားသမားများစာရင်းတွင် စပါးမှ ဟာရီကိန်းနှင့်အလီတို့အပါအဝင် လီဗာပူးမှ စတာရစ်ခ်ျ၊ အဲဗာတန်မှ ဘာကလေတို့ ပါဝင်လာခဲ့ကာ တစ်ပတ်လုပ်ခ ပေါင် ရှစ်သိန်းဖြင့် ခေါ်ယူရန်စီစဉ်ထားကြောင်း တရုတ်စူပါလိဂ်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

Read more...

မန်ယူသို့ ဂရေ့ဇ်မန်း ရောက်ရှိလိမ့်မည်ဟု တွစ်တာ စာမျက်နှာမှ တစ်ဆင့် ဟာရဲရား ဆို၊ ဂရေဇ့်မန်းမှာ ထူးချွန်သည့် ကစားသမား တစ်ဦးဖြစ်သည်ဟု ပေါ့ဘာချီးကျူးသွားခဲ့

အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ ကစားသမားဘဝ၌ အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ ကာ ဂရေ့ဇ်မန်း မန်ယူသို့ ရောက်ရှိလာနိုင်ကြောင်း မန်ယူပရိသတ်များနှင့် တွစ်တာစာမျက်နှာမှ အမေးအဖြေကဏ္ဍတွင် ဟာရဲရားက အရိပ်အြ>ွမက်ဆိုခဲ့သည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS