Main menu
HOT NEWS
adv

တရားဝင် ခွင့်ပြုချက် ရပြီးနောက် ဂူအင်ဂမ့်နှင့် ပွဲစဉ်တွင် နေမာ စတင် ကစားမည်

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာသည် ဘာစီလိုနာမှ ယူရို ၂၂၂သန်းဖြင့် ပြောင်းရွှေ့လာပြီး နောက် အပြောင်းအရွှေ့အတွက် တရားဝင်အသိအမှတ်ပြုလက်မှတ်ရခဲ့အပြီးတွင် ဂူအင်ဂမ့်နှင့်ပွဲ၌ ပထမဆုံးအကြိမ် ဝင်ရောက်ကစား မည်ဖြစ်ကြောင်း သိရှိရသည်။

Read more...

ဒုတိယမြောက်ရာသီတွင် ရာနှုန်းပြည့် အောင်မြင်သည့် အစဉ်အလာကို မော်ရင်ဟို ဆက်ထိန်းမည်

မန်ယူနည်းပြမော်ရင်ဟိုက နည်းပြဘဝတွင် တာဝန်ယူခဲ့သည့်အသင်းများ၌ ရာသီအပြည့်တာဝန်ယူခွင့်ရသော ဒုတိယ မြောက်ရာသီတွင် ရာနှုန်းပြည့်အောင် မြင်မှုရသည့်အစဉ်အလာကို ဆက်ထိန်းနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောဆိုခဲ့သည်။ မော်ရင်ဟိုသည် နည်းပြဘဝတွင် ပေါ်တို၊ ချဲလ်ဆီး၊ အင်တာ၊ ရီးရဲလ်၊ ချဲလ်ဆီး(ဒုတိယအကြိမ်) အသင်းများကို တာဝန်ယူခဲ့ရာတွင် အသင်းအား ရာသီအပြည့်ကိုင်တွယ်ခွင့်ရသည့် ဒုတိယမြောက်ရာသီ၌ ရာနှုန်းပြည့်အောင်မြင်မှုရသော အစဉ်အလာကောင်းများရှိခဲ့ရာ မန်ယူ နှင့် ဒုတိယမြောက်ရာသီတွင်လည်း အလား တူအောင်မြင်မှုရရန် မျှော်လင့်နေခြင်း ဖြစ်သည်။

Read more...

ဦးစားပေး ကစားခွင့်အတွက် အဂူရိုနှင့် အားပြိုင်ရမည်ကို ဂျီဆက်စ် မစိုးရိမ်

မန်စီးတီးတိုက်စစ်မှူးဂျီဆက်စ်က ဆုဖလားအောင်မြင်မှုများအတွက် ပြန်လည်ကြိုး စားမည့်အသင်းတွင် တိုက်စစ်၌ ဦးစားပေး ကစားခွင့်ရရန် မိမိနှင့်အဂူရိုတို့အကြား အားပြိုင်ရလျှင်လည်း ပြဿနာတစ်ရပ်မဟုတ် ကြောင်းပြောကြားခဲ့သည်။ ဂျီဆက်စ်သည် ဇန်နဝါရီတွင် ပါးမီးရပ်စ်မှ မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့်အနား မယူရမီအချိန်အထိ အဂူရိုထံမှ ဦးစားပေး ကစားခွင့်ကို လွှဲပြောင်းရယူနိုင်ခဲ့သည်။

Read more...

ဒမ်ဘီလီ အတွက် ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဒေါ့မန် ထုတ်ပြန်

ဒေါ့မန်အသင်းသည် တောင်ပံကစား သမားဒမ်ဘီလီအတွက် ဘာစီလိုနာထံမှ ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့သော်လည်း အသင်းကသတ်မှတ်ထားသော ပြောင်း ရွှေ့ကြေးနှင့်ကိုက်ညီမှုမရှိသဖြင့် ငြင်းဆန် ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဒမ်ဘီလီသည် ယမန်နှစ်ရာသီက ပြိုင်ပွဲအရပ်ရပ်တွင် ဒေါ့မန်အတွက် ၄၉ ပွဲ ကစားခဲ့ရာ၌ ၁ဝ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာမှထွက်ခွာသွားသော နေမာ၏နေရာတွင် အစားထိုးခေါ်ယူခံရမည်ဟု ခန့်မှန်းခံထားရသူလည်းဖြစ်သည်။

Read more...

တစ်ပတ်ပေါင် သုံးသိန်းရရှိမည့် လစာဖြင့် ဆန်းချက်ဇ်ကို အာဆင်နယ်အသင်း ကမ်းလှမ်း

အာဆင်နယ်အသင်းသည် တိုက်စစ်မှူးဆန်းချက်ဇ်အား သီတင်းတစ်ပတ်လျှင် ပေါင်သုံးသိန်းရရှိမည့်လစာဖြင့် စာချုပ်သစ်ချုပ်ဆိုရန်ကမ်း လှမ်းခဲ့ကြောင်းသိရသည်။ ဆန်းချက်ဇ်သည် လာမည့်ရာသီတွင် အာဆင်နယ်နှင့် လက်ကျန် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းအားလက်လွှတ်ရခြင်းမရှိစေရန် အာဆင်နယ်ကစာချုပ်သစ်ဖြင့် ကမ်း လှမ်းနေခြင်းဖြစ်ပြီး အစောပိုင်းက တစ်ပတ်ပေါင် ၂၂၅,ဝဝဝ လစာ အပြင် အပိုဆုကြေးများအရ တစ်ပတ် ပေါင် ၂၇၅,ဝဝဝ အထိရရှိမည့် ကမ်းလှမ်းမှုအား ဆန်းချက်ဇ်ကပယ်ချထားသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191