ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်က ဒဏ်ရာကြောင့် ကာလအတန်ကြာအနားယူခဲ့ ရပြီးနောက် ပရိသတ်များအနေဖြင့် မိမိအပေါ် အလွန်အမင်း မျှော်လင့်မထားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဟာဇက်သည် နွေရာသီအတွင်း ခြေချင်း ၀တ်ဒဏ်ရာ ကိုခွဲစိတ်မှုခံယူခဲ့ရပြီးနောက် ကာလ အတန်ကြာအနားယူခဲ့ရပြီး မန်စီးတီးအသင်း နှင့်ပွဲမှသာ ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့် ရခဲ့သည်။ ဟာဇက်က "ဒဏ်ရာပြဿနာကြုံခဲ့ပြီးတဲ့ နောက် ဘောလုံးနဲ့ သုံးလလောက်ကင်းကွာနေ ခဲ့လို့ ကျွန်တော့် အနေနဲ့ အကောင်း ဆုံးခြေစွမ်း ကိုမရသေးပါဘူး။ ပွဲကစားခွင့်နည်းပါးခဲ့တာ ကြောင့် တချို့ပွဲတွေမှာ ကျွန်တော့်ရဲ့ကစားပုံက ဆိုးရွားကောင်းဆိုးရွားနိုင်ပါတယ် " ဟု ပြော ကြားခဲ့သည်။

မြူးနစ်

 

ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသို့ နှစ်နှစ်အငှားစာချုပ်ဖြင့် လာ ရောက်ကစားလျက်ရှိသည့် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်မှူးဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ၎င်း၏ဆရာဟောင်းဖြစ်သူ အန်ဆယ်လော့တီရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရီးရဲလ်အသင်းသို့ ပြန်လည် ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေခဲ့ကြောင်း စပိန် မီဒီယာတစ်ခုဖြစ်သည့် as.com ၏ ဖော်ပြချက်အရသိရသည်။

 

ဝဏ္ဏကို

 

နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်း အနိမ့်အမြင့်ဟာ လူငယ်မျိုးဆက်သစ်တွေပေါ်မှာ အပြည့်အဝတည်မှီပါတယ်။ ယနေ့ခေတ်မှာ နိုင်ငံတိုင်းကလည်း လူငယ်မျိုးဆက်သစ် စီမံကိန်းတွေ၊ အကယ်ဒမီတွေ တည်ဆောက်ပြီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အသင်းတစ်သင်းရဲ့ အောင်မြင်မှု အဆင့်အတန်းအပေါ် မူတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်းကွာခြားသွားပါတယ်။ ဥပမာဆိုရင် အင်္ဂလန်လူငယ်အသင်းတွေဟာ ဒီနှစ်အတွင်းမှာ ဥရောပချန်ပီယံနဲ့ ယူ-၂ဝ ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့တာကြောင့် အဲဒီလို အသင်းတွေက ကစားသမားတွေအတွက် အခွင့်အရေး တွေ ရလာပါတယ်။

 

လန်ဒန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုထုတ်ပြန်ခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း အလှပဆုံး သွင်းယူနိုင်ခဲ့သည့် သွင်းဂိုးများအတွက် ချီးမြှင့်မည့် ပွတ်ရှ်ကတ်ဆုအတွက် နောက်ဆုံးဆန်ခါတင် ကစားသမားသုံးဦးစာရင်း ထုတ်ပြန်ခဲ့ရာတွင် အာဆင်နယ် တိုက်စစ်မှူး ဂီရော့ဒ် ၊ ဗင်နီဇွဲလား အမျိုးသမီးလက် ရွေးစင်တိုက်စစ်မှူး ကတ်စတီလာနို့စ် ၊ တောင်အာဖရိက လူငယ်ဂိုးသမား မာဆူလူကီတို့ ပါဝင်လာခဲ့သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ဂျေလိဂ်ကလပ်ဆီရီဇိုအိုဆာကာ အသင်းကလာရောက်ပို့ချပေးမည့် ဘောလုံးသင်တန်းကို ဂျပန်နိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန် ကြီး လာရောက်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှသိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

မျိုးဆက်သစ် တိုက်ကွမ်ဒို ကစားသမားများမွေးထုတ်ပေးမည့် မြန်မာနိုင်ငံ ကိုရီးယားသံအမတ်ကြီး တံခွန်စိုက်ဖလားတိုက်ကွမ်ဒိုပြိုင်ပွဲအား ရန်ကုန်မြို့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင်ကျင်းပရန် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

မဲဆောက်၊ အောက်တိုဘာ ၁ဝ

 

ပထမအကြိမ် ထိုင်းနိုင်ငံ၏ဘုရင့်အထိမ်းအမှတ် ငါးနိုင်ငံအလေးမပြိုင်ပွဲကို ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့ဖွံ့ဖြိုးတိုးတက်ရေးရုံး အားကစားခန်းမ၌ အောက်တိုဘာ ၁ဝ ရက် မှ ၁၅ ရက်အထိကျင်းပရာ မြန်မာနိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာ၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မွန်ဂိုလီးယားနိုင်ငံများမှ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ အမျိုးသား ၁၂၅ ဦးနှင့် အမျိုးသမီး ၈၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၉

 

ရိုးရာ ကျားတို့အားပြိုင်ပွဲ(၅) မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ ထိုးသတ်ခဲ့သည့် တွဲဆိုင်း ၁ဝ ဆိုင်းအနက် သုံးဆိုင်းသာ အနိုင်အရှုံး ထွက်ပေါ်ခဲ့သည်။ အဆိုပါ ရိုးရာကျားတို့ အားပြိုင်ပွဲ(၅) မြန်မာ့ရိုးရာ လက်ဝှေ့စိန် ခေါ်ပွဲကြီးကို အောက်တိုဘာ ၈ ရက်တွင် မန္တလေးမြို့၌ကျင်းပခဲ့ရာ သပြေ အောင်(သုံးပန်းလှ)နှင့် သိန်းစိုး(အဖြူ ရောင်သွေးသစ်)တို့ ပွဲစဉ်တွင် သိန်း စိုးမှ လက်ရည်အသာဖြင့် ထိုးသတ်ခဲ့သော်လည်း အလူးအလဲဖြင့် ပူးတွဲသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

 

Page 5 of 11