ဝဏ္ဏကို

 

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အာရှဖလား ခြေစစ်ပွဲအ တွက် အောက်တိုဘာ ၁ ရက်ကစပြီး လေ့ကျင့်မှုတွေ စတင်ပြုလုပ်ပါတယ်။ ဂျာမန် နည်းပြ ဂတ်ဇီဆီဟာ လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲ သိပ်မလုပ်ခဲ့ဘဲ ဒဏ်ရာကနေ ပြန် ကောင်းလာတဲ့ ကြည်လင်းနဲ့ ရှမ်းယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဒွေးကိုကိုချစ်နဲ့ ဇင်မင်းထွန်းတို့ကို ပြန်လည်ရွေးချယ်ပါတယ်။ အောက်တိုဘာ ၅ ရက်မှာ ထိုင်းလက်ရွေးစင်အသင်းနဲ့ မန္တလေးမြို့မှာ ခြေစမ်းမယ့်ပွဲက အကျိုးရှိတဲ့ပွဲ ဖြစ်လာမှာပါ။ မြန်မာ့လက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲအောင်ဖို့ အရေးကြီးဆုံးပွဲဖြစ်တဲ့ ကာဂျစ္စ တန်နဲ့ပွဲကိုတော့ အောက်တိုဘာ ၁ဝ ရက်မှာ သုဝဏ္ဏကွင်းမှာ ဆက်ပြီးယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လန်ဒန်


အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်း ပြ ဂယ်ရီဆောက်ဂိတ်သည် လစ်လပ်နေသည့် လက်ရွေးစင် အသင်းခေါင်းဆောင်ရာထူးအား ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ ခန့်အပ်တာဝန်ပေးဖွယ် ရှိနေခဲ့သော်လည်း အလျင်အမြန် ခန့်အပ်တာဝန်ပေးမည်မဟုတ် ကြောင်း သတင်းများ ထပ်မံထွက်ပေါ်ချက်အရ သိရသည်။

 

မက်ဒရစ်


ရလဒ်မတည်ငြိမ်မှုများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် နောက်တန်းကစားသမားအချို့ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရချိန်၌ လက်ရွေးစင်အသင်းများသို့ စေလွှတ်ခဲ့ရသည့် အဓိကကစားသမားများ ပွဲပန်းလာနိုင်သည့် အနေအထားကြောင့် အသင်းရလဒ် ထိခိုက်မည်ကို စိုးရိမ်လျက် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

ယခုရာသီတွင် မန်ယူအသင်းအတွက်အထူးခြေစွမ်းပြကစားနေသော တိုက်စစ်မှူး လူကာကူ၏ပြောင်းရွှေ့ဈေးမှာ မန်ယူအသင်းသို့ပြောင်းရွှေ့ချိန်မှစ၍ ၅၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံ အခြေစိုက်ဘောလုံးလောကလေ့လာ ရေးအဖွဲ့တစ်ခုဖြစ်သော CIES ၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။ လူကာကူသည် မန်ယူသို့မပြောင်းမီ အဲဗာတန် တွင်ကစားစဉ်က ခန့်မှန်းတန်ကြေးမှာ ပေါင် ၄၉ ဒသမ ၂ သန်းခန့်သာရှိသော်လည်း မန်ယူသို့ ပြောင်းရွှေ့ပြီးနောက် ၅၄ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ခြင်းကြောင့် ယခု ၎င်း၏တန်ကြေးမှာ ပေါင်သန်း ၁၄ဝ ခန့်အထိ တန် ကြေးရှိလာခဲ့သည်။ ယင်းပမာဏသည် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် အတိုးတက်ဆုံးတန်ကြေးတစ်ခု ဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီနှင့် ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာတို့မှာလည်း ဈေးအမြင့် ဆုံးကစားသမားစာရင်းတွင်ပါဝင်လာခဲ့သည်။

 

အင်္ဂလန်အသင်းသည် ကွင်းလယ်လူဖာဘီယန်ဒဲလ်နှင့် နောက်ခံလူဖီးလ်ဂျုံးတို့ ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် ရွေးချယ်ခြင်းမပြုတော့ဘဲ စပါးကွင်းလယ်လူ ဟယ်ရီဝင့်အား ပထမဆုံးအကြိမ် ရွေးချယ်လိုက်ကြောင်းသိရသည်။ 

 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမီယူက ကက်တလန်ဒေသ စပိန်အစိုးရလက်အောက်မှလွတ်မြောက်ပါက ဘာစီလိုနာအသင်းအနေဖြင့်လည်း လာလီဂါမှထွက်ရန် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားလိုက်သည်။ 

 

ရန်ကုန်၊ အောက်တိုဘာ၂

 

ထိုင်း အသင်းနှင့်ခြေစမ်းမည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားသမားနှစ်ဦးထပ်မံအားဖြည့်ခဲ့ ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှသိရသည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ အောက်တိုဘာ ၅ ရက်ညနေ ၆ နာရီတွင်ထိုင်းလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့ မန္တလာသိရီကွင်း၌ခြေစမ်းပွဲကစားရမည်ဖြစ်၍ နည်းပြချုပ်ဂတ်ဆီဇီမှာ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာ့လက်ရွေး စင်ပဏာမကစားသမား ၂၅ ဦးအား ရွေးချယ်မှုပြုလုပ်ခဲ့သည်။

 

ဘိုင်ယန်တောင်ပံကစားသ မားရစ်ဘာရီသည် ဟာသာဘာလင်နှင့်ပွဲတွင် နာကျင်မှုကိုပြင်း ထန်စွာခံစားခဲ့ရခြင်းကြောင့် ဒဏ်ရာအခြေအနေမကောင်းရန် အလားအလာများကြောင်း အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ပြောကြားခဲ့သည်။

 

Page 7 of 10