နယူးကာဆယ်

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း၏ ပိုင်ရှင်ဖြစ်သူ မိုက်ခ်အက်ရှ်လေသည် အသင်းအား ၁ဝ နှစ်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လည်ရောင်းချရန် စီစဉ်နေခဲ့ရာမှ ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပြီဖြစ်သည့်အတွက် လာမည့်ခရစ္စမတ်မတိုင်မီ အသင်းအား ပိုင်ရှင်သစ်ထံ အလုံးစုံရောင်းချတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

 

မန်ယူအသင်းသည် နည်းပြမော်ရင်ဟို ကိုယခုရာသီမကုန်မီ စာချုပ်သက်တမ်းတိုး ရန်ပြင်ဆင်မှုပြုလုပ်နေကြောင်းသိရသည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့်ရက်ပိုင်းက ပီအက်စ်ဂျီအသင်း၏ ရည်မှန်းချက်အား ချီးကျူးပြောဆိုခဲ့ပြီးနောက် မန်ချက်စတာတွင် ကာလတိုသာရှိနေမည်ဟုဝန်ခံခဲ့ပြီး နောက် ၎င်းကို အသင်းကစာချုပ်သစ်ချုပ်ဆို ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

ဖီဖာ၏ယခုလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (FIFA Ranking Table) အရ မြန်မာ့လက်ရွေးစင် အသင်း၏အဆင့်ရပ်တည်ချက်မှာ ယခင်လထက်သုံးဆင့်နိမ့်ခဲ့သည်။ ၂ဝ၁၇ခုနှစ် အောက်တိုဘာလအတွက် ဖီဖာမှကမ္ဘာ့အဆင့်သတ် မှတ်ချက်ကို အောက်တိုဘာ ၁၆ ရက်၌နောက်ဆုံးထုတ်ပြန်ခဲ့ရာ မြန်မာ့ လက်ရွေးစင်အသင်းကြီးမှာ နိုင်ငံ ပေါင်း ၂ဝဝကျော်၌ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် ၁၅၅အဆင့်တွင် ရပ်တည်နေသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

ယိုယွင်း နေသည့် ရန်ကုန်မြို့ အောင်ဆန်းကွင်းကို ငှားရမ်းထားသူထံမှ ပြန်လည်ရယူပြုပြင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲများကို ပြန်လည်ကျင်းပတော့မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ အောက်တိုဘာ ၁၇ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှ (ခ) ဦးရွှေလှဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲများကို ရန်ကုန်မြို့ တွင် နှစ်စဉ်ပြန်လည်ကျင်းပရန် အစီအစဉ်ရှိ မရှိမေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားပြောကြားခဲ့ခြင်း ဖြစ်သည်။

မန်ယူတိုက်စစ်မှူးလူကာကူက အသင်းကြီးများနှင့်တွေ့ဆုံတိုင်း ဂိုး မသွင်းနိုင်သည့် ၎င်း၏ခြေစွမ်းအား ဝေဖန်မှုများအပေါ် ပြန်လည်တုံ့ပြန် ပြောကြားခဲ့ပြီး မိမိ၏ခြေစွမ်းကို မန်ယူအသင်းအတွက် သက်သေပြသွားမည်ဟုဆိုသည်။ လူကာကူသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ၇ ဂိုးသွင်းယူပေးထားသော်လည်း လီဗာပူးနှင့်  သရေကျခဲ့သောပွဲတွင် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အသင်းကြီးများနှင့်တွေ့ဆုံတိုင်းခြေစွမ်းမပြနိုင်မှုအပေါ် မေးခွန်း ထုတ်ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

 

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက စပါးနှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် စပါးအသင်း၏နောက်တန်းအားနည်းချက်ကိုအခွင့်ကောင်းယူ၍ အနိုင်ယူသွားမည်ဟု ထုတ်ဖော်ကြုံးဝါးသွားခဲ့သည်။ စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ဂီတာဖေးနှင့်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၅ မိနစ်တွင်သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြဇီဒန်းအတွက် ဖိအားများကို လျှော့ချပေးနိုင်ခဲ့သည်။ စီရော်နယ်ဒိုသည် ယခုရာသီတွင်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ခြောက် ကြိမ်မြောက်တက်ရောက်ခွင့်ရရန် မျှော်မှန်းနေပြီး ၎င်းက ''ကျွန်တော်ချိုးဖျက်ခဲ့တဲ့ စံချိန် တွေက မတော်တဆမဟုတ်ပါဘူး။ အဲဒီစံချိန်တွေကို ကျော်ဖြတ်ဖို့ ကျွန်တော်ရဲ့ စိတ်အားထက်သန်မှုတွေက လေ့ကျင့်မှုမှာ အကောင်းဆုံးဖြစ်စေခဲ့တာပါပဲ။ ခြေစွမ်းတိုးတက်ဖို့က ကျွန်တော်အမြဲထားရှိတဲ့ရည်မှန်းချက်တစ်ခုပါပဲ''ဟုဆိုသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

ရခိုင်အသင်းနှင့် တွေ့ဆုံရန် သေချာပြင်ဆင်ထားမှုကြောင့် အနိုင်ရရှိပြီး တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ကြောင်း GFA အသင်းနည်းပြ ဦးသာကျော်မှဆိုသည်။ 2017 MNL Max Cement ပွဲစဉ်(၂ဝ)အဖြစ် GFA အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းအားကစားကွင်း၌ယှဉ်ပြိုင်ကစားခဲ့ရာ GFA အသင်းမှ တိုက်စစ်မှူး အီမန်နူရယ်နှင့် Effa Kostka  တို့၏သွင်းဂိုးများဖြင့် ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

ချဲလ်ဆီးနည်းပြကွန်တီက အသင်းအနေဖြင့် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ရာတွင် ဒဏ်ရာပြဿနာများကအရေးပါခဲ့သော်လည်း နှစ်ပွဲဆက်အရှုံးကြောင့် အဖြေရှာရန်လိုအပ်နေပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ချဲလ်ဆီးသည် မန်စီးတီးကိုအရေးနိမ့်ခဲ့ပြီးနောက် ပဲလေ့စ်ကို ထပ်မံရှုံးနိမ့်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် နှစ်ပွဲ ဆက်ရှုံးပွဲတွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ယမန်နှစ်ဧပြီလနောက် ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။

 

Page 2 of 10