Main menu
HOT NEWS
adv

လျင်မြန်သည့် ပွဲထွက် ကစားသမား လိုအပ်ချက်ကြောင့် ရွန်းနီအား ချန်လှပ်ခဲ့ခြင်းဖြစ်ဟု မော်ရင်ဟို ဖွင့်ဟ

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းအား အ နိုင်ရရှိခဲ့သည့်ပြီးနောက် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုအား ရပ်တံ့နိုင်ခဲ့သည့် မန်ယူအသင်း၏နည်းပြမော်ရင်ဟိုသည် အသင်းခေါင်းဆောင် ရွန်းနီအား ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ရခြင်းအပေါ် ဖွင့်ဟပြော ကြားခဲ့ပြီး လျင်မြန်သည့် ပွဲထွက်ကစားသမား လိုအပ်ချက်ကြောင့် မိုဗစ်ခ်ျ၊ ရက်ခ်ျဖို့ဒ်တို့အား အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်းဆိုခဲ့သည်။

Read more...

၂ဝ၁၇ မြန်မာနေရှင်နယ် လိဂ်တွင် အသင်း ကိုးသင်းက အိမ်ကွင်း လက်ခံကျင်းပမည်

ရန်ကုန်

လာမည့် ၂ဝ၁၇ခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အိမ်ကွင်း ကျင်းပသည့် အသင်းအရေအတွက် ကိုးသင်းအထိ ရှိလာမည်ဖြစ် ကြောင်း သိရသည်။ ၂ဝ၁၆ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲတွင် ရတနာပုံ၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ဟံသာဝတီ နှင့် ဇေယျာရွှေမြေ အသင်းတို့က အိမ်ကွင်းပွဲစဉ်တွေ လက်ခံကျင်းပခဲ့ပြီး ဇေယျာရွှေမြေအသင်းမှာ အသင်းဖျက်သိမ်းလိုက်သဖြင့် အိမ်ကွင်းကျင်းပသည့် အသင်းတစ်သင်း လျော့ကျ သွားသော်လည်း ရခိုင်၊ ဆောက်သမ်းမြန်မာ ၊ နေ ပြည်တော်နှင့် ဇွဲကပင် အသင်းတို့က အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပသွားမည်ဖြစ်သည်။

Read more...

ဘယ်လာရင်ကို ခေါ်ယူရန် ဘာစီလိုနာနှင့် မန်စီးတီး အပြိုင် ပစ်မှတ်ထား

ဘာစီလိုနာအသင်း နှင့် မန်စီးတီးအသင်းတို့သည် အာဆင်နယ် ညာနောက်ခံလူ ဘယ်လာရင်အား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့တွင်ခေါ် ယူသွားရန် အလိုရှိနေကြောင်း သိရသည်။ ဘာစီလိုနာအသင်း မှ ထွက် ခွာသွားသည့် ဒယ်နီရယ် အဲလ်ဗက်စ်နေရာတွင် ကစားသမားဟောင်းတစ်ဦးဖြစ်သည့်လာမာ စီယာအကယ်ဒမီထွက် ဘယ်လာရင်ကို ပြန်လည်ခေါ်ယူလိုနေခြင်း ဖြစ်သည်။

Read more...

မန်ယူ နည်းပြဟောင်း ရွိုင်ယန်ဂစ်အား နည်းပြချုပ် အဖြစ် ခန့်အပ်ရန် ဆွမ်ဆီး စီစဉ်

ဆွမ်ဆီးအသင်းသည့် ရလဒ်ကောင်းရယူနိုင်ခြင်းမရှိသည့် နည်းပြ ဂူဒိုလင်၏နေရာတွင် မန်ယူကစားသမားနှင့် နည်းပြဟောင်း ရွိုင်ယန်ဂစ်ကို အစားထိုးခန့်အပ်ရန် စီစဉ်နေကြောင်းသိရသည်။  ၄၂နှစ်ရှိ ရွိုင်ယန်ဂစ် မှာ  လူးဝစ်ဗန်ဟားလ် လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး မန်ယူအသင်းဆီ မော်ရင်ဟို ပြောင်းရွှေ့လာသည့်အချိန်တွင် အသင်းမှထွက်ခွာသွား ခဲ့ခြင်းဖြစ်သည်။ ရွိုင်ယန်ဂစ်မှာ ၂ဝ၁၄ခုနှစ် က ဒေးဗစ်မိုယက်စ်အ ထုတ်ခံရချိန်တွင် မန်ယူယာယီနည်းပြအဖြစ် လေးပွဲကိုင်တွယ်ခဲ့ဖူး ပြီး နှစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

Read more...

မာတာအား ရောင်းချခြင်းနှင့် ပတ်သက်၍ လှောင်ပြောင်ခဲ့သည့် အာစင်ဝင်းဂါး အပေါ် ဒေါသထွက်ခဲ့ဟု မော်ရင်ဟို ဖွင့်ဟ၊ နည်းပြသစ် လက်ထက် ပွဲထွက်ခွင့် ရရှိရန် ရုန်းကန်နေရကြောင်း ရွန်းနီ ထုတ်ဖော်

ပြိုင်ပွဲစုံ ၃ပွဲဆက်ရှုံးနိမ့်ခဲ့ရာမှ လိဂ်ဖလားပွဲစဉ်တွင် နိုင်ပွဲပြန်လည်ရရှိခဲ့သည့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် နည်းပြဘဝ၏ အတွေ့အကြုံအချို့အားပြောကြား ခဲ့ပြီး ချဲလ်ဆီးအသင်းအား ဒုတိယ အကြိမ်မြောက် တာဝန်ယူကိုင် တွယ်ခဲ့ချိန်၌ မာတာအားရောင်းချ ခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ခဲ့သည့် ပြိုင်ဘက်အာဆင်နယ်နည်းပြအာ စင်ဝင်းဂါးအား ကိုယ်ထိလက် ရောက်ကျူးလွန်ရန်အထိပင် ဒေါ သထွက်မိခဲ့ကြောင်း ဗြိတိန်အား ကစားမီဒီယာတစ်ခုဖြစ်သည့် ဒေး လီးမေးလ်နှင့်ပြုလုပ်ခဲ့သည့် အင် တာဗျူးအစီအစဉ်တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191