HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

မုဒိန်းတပ်သား

မုဒိန်းတပ်သား

'ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ'

နိုင်ငံတော်သီချင်းထဲက စာသား လေးပါ။ လူတန်းစားမခွဲခြားဘူး၊ လူမျိုးရေးမခွဲခြားဘူး၊ အရာရာမှာ 'သာတူ ညီမျှ'ရှိတဲ့မြေ၊ ရှိတဲ့ပြည်လို့ ဆိုလိုတာပေါ့ဗျာ။ 'များလူခပ်သိမ်း ငြိမ်းကြစေဖို့...' ဆိုတာ လည်း ပါပါသေးတယ်။ ဒီမြေမှာနေ ဒီမြေမှာ ကြီး ဒီရေကိုသောက် ဒီပြည်ဖွားအချင်းချင်း ဘယ်နေရာမှာမှ မခွဲခြားဘူးလို့ အဓိဋ္ဌာန်ပြု ထားခဲ့ကြတာပါ။ 'တန်းတူညီမျှ'ပေါ့ဗျာ။

( က )
အရင်ငါးနှစ် ဦးသိန်းစိန်အစိုးရလက် ထက်ကစပြီး ဟောဒီဗမာပြည်မှာ အဆမတန် တိုးတက်များပြား ထင်ရှားကျော်ကြားလာတာ ကတော့ 'မုဒိမ်းမှု'တွေပါ ခင်ဗျ။ ရဲမှုခင်းစစ် တမ်းများအရဆိုရင် တစ်နှစ်မှာ '၃၆၅'ရက် ရှိတဲ့ဟာကို အဲသည်မုဒိမ်းမှုက '၃၆၅'ကြိမ် ကျော်နေပုံပဲ။ အင်မတန် လက်ရဲဇက်ရဲ အရှက် မနည်းတဲ့ 'မုဒိမ်းကောင်'တွေဟာ စိုက်ပျိုးရေး ဌာန'မှိုကျင်း'ထဲကမှိုတွေလို ထီးလိုလိုမှိုလိုလို တင်းကျမ်းပြည့် သိက္ခာမဲ့ ရှင်သန်ကြီးထွား လာနေတာပေါ့ဗျာ။

တစ်ခါက 'စကားဝိုင်း'တစ်ခုမှာ 'ရဲမှူးကြီး' တစ်ဦးနဲ့ ဆွေးနွေးတဲ့အခါ အဲသည်မုဒိမ်းမှု တွေဟာ အမျိုးသမီး လျှပ်ပေါ်လော်လီစွာ ဝတ်ဆင်သွားလာမှုကြောင့်လည်း ပါပါသတဲ့။ အချို့ကလည်း အဲသည်လိုပြောတာကို လက် သင့်မခံကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့တဲ့ ...အဓမ္မအကျင့်ခံရတဲ့သူတွေထဲမှာ သက် ကြီးပိုင်းတွေရော အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရော၊ ပြီးတော့ ယောက်ျား လေးတွေရော ပါနေလို့ပါတဲ့။

ဟုတ်လည်း ဟုတ်ပါတယ်။ မနေ့က ပုဂ္ဂ လိက သတင်းစာထဲမှာ အသက် ၈ဝ အရွယ် အဘွားအိုတစ်ဦးကို တစ်ရပ်ကွက်ထဲက လူ လတ်ပိုင်းတစ်ဦးက 'မတရားကျင့်'တာ တွေ့ရ တယ်။ ပြီးတော့ အမျိုးသားချင်း 'မုဒိမ်းကျင့်'တဲ့ သတင်းတွေလည်း မကြာခဏ ပါတယ်။ အသက်အရွယ် ဆယ်ကျော်သက်အမျိုးသမီး တွေသာမက ဘာမှမသိသေးတဲ့ လေးငါးခြောက် နှစ်အရွယ် 'လူမမယ်'ကလေးတွေကိုတောင် မှ'လူမဆန်'စွာ ကျူးလွန်နေကြတဲ့ အဓမ္မမှု တွေဆိုတာ နေ့စဉ်ဗျာ။

ခုနကပြောတဲ့ 'လျှပ်ပေါ်လော်လီ'ဝတ်စား ဆင်ယင်မှုထဲမှာ အမယ်အိုကြီးတွေ ယောက်ျား လေးတွေနဲ့ ကလေးသူငယ်တွေ ပါမယ်မထင် ပါဘူး။ ဒါပေမဲ့လို့ 'ရာဂဘီလူး'တွေရဲ့ပစ်မှတ် သားကောင်တွေဟာဆိုရင်ဖြင့် လူတန်းစား မခွဲခြားပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် သာသနာ့အနွှယ်ဝင် သီလရှင်တွေကိုတောင်မှ ချမ်းသာမပေးကြပါဘူး။ 'လျှပ်ပေါ်လော်လီ'မှုနဲ့ ဆိုင်ပါသလား။

( ခ )
'လျှပ်ပေါ်လော်လီမှု' နဲ့ ဆိုင်သင့်သ လောက်တော့ ဆိုင်ကိုဆိုင်ပါတယ်။ လမ်းမှာ ဗျာ အဲသလိုမျိုး 'မဖွယ်မရာ' ဝတ်စားဆင်ယင် လာတဲ့ မိန်းကလေးတစ်ဦးကိုတွေ့ပြီး 'ရာဂ စိတ်'တွေ တဖွားဖွားပေါ်နေတဲ့သူဟာ အဲသည် အမျိုးသမီးကို ထိပါးလို့မရခဲ့ရင် ကိုယ့်အနီး ဝန်းကျင်မှာ 'စိတ်ဖြေစရာ'ကို ရှာကြတဲ့အခါ အမယ်အိုသော၊ ကလေးသော၊ မသော၊ ကျား သော တွေ့မရှောင်ဖြစ်ပြီး စိတ်အလိုလိုက်ကာ 'မိုက်'ကြတော့တာ ရှိနိုင်ပါတယ်။ ပြီးတော့ ဖုန်းတွေထဲမှာ အလွယ်တကူ ကြည့်ရှုနိုင်ပြီ ဖြစ်တဲ့ 'အပြာကား'တွေရဲ့ စနက်လည်း ပါ သပေါ့။ ပြီးတော့ ဗုံးပေါလအောကို နေရာ တကာရနေပြီဖြစ်တဲ့ 'စိတ်ြ<ွကဆေး'တွေ'ကာမ ရာဂ'ဆေးတွေရဲ့ အကျိုးဆက်ပေါ့ဗျာ။

အနှီ ဟိုဗီဒီယိုတွေ၊ အပြာဓာတ်ပုံတွေ၊ ရာဂဆေးပြားတွေ၊ မြို့လုံးပြည့် အရက်ဆိုင် တွေနဲ့ 'လျှပ်ပေါ်လော်လီမော်ဒယ်မမ'တွေရဲ့ ဟိုးအတွင်းသဏ္ဌာန်အထိ မြင်နေရတဲ့'ပေါ် ပေါ့ ပေါ် မလုံတလုံ' အွန်လိုင်းဓာတ်ပုံတွေ ပေါင်းလိုက်တဲ့အခါမတော့ 'ရာဂမောင်မောင်' တွေဟာ ကိုယ်ပိုင်လက်နက်ကို စွဲကိုင်ကာ အပြစ်မဲ့သူတွေကို ချေမှုန်းကြတော့တာကိုး ခင်ဗျ။ လန့်စရာ။

( ဂ )
အသက် ၈ဝ ကို မုဒိမ်းကျင့်တယ်။ ၇ဝ အရွယ်ကို မုဒိမ်းကျင့်တယ်။ ၆ဝ အရွယ် ၅ဝ အရွယ် ၄ဝ အရွယ်တွေကို မုဒိမ်းကျင့်တယ်။ ၃ဝ အရွယ် ၂ဝ အရွယ်တွေသာမက ၁ဝ နှစ် အရွယ် ငါးနှစ်အရွယ်ကနေ နောက်ဆုံးဗျာ နှစ်နှစ်အရွယ်အထိ မုဒိမ်းကျင့်တယ်။ ကဲ အချို့ က မုဒိမ်းကျင့်တယ်၊ အချို့က မုဒိမ်းကျင့်ပြီး လူပါသတ်ပစ်တယ်။ ကြောက်စရာ။
အဲသည် 'မုဒိမ်းကောင်'တွေကို တရား ဥပဒေအရ အရေးယူကြတဲ့အခါ အခြေအနေ ဟာ အမျိုးမျိုး စိတ်ဖြာသွားပါတယ်။ အချို့ ဒဏ်ငွေနဲ့ ပြီးသွားတယ်။ အချို့ ထောင်ဒဏ် သုံးလေးနှစ်။ အချို့ ထောင်ဒဏ်လေးငါးဆယ် နှစ်။ အချို့ ထောင်ဒဏ်ဆယ့်လေးငါးနှစ်။

ပြည်သူလူထုကတော့ 'ဆန္ဒဖော်ထုတ်'ကြတယ်။ အဲသည်'မုဒိမ်းကောင်'တွေကို 'သေ ဒဏ်'ပေးပစ်ဖို့ပါ။ အဲသည်မှာ ဥပဒေပညာရှင် တွေနဲ့ လွှတ်တော်အမတ်တွေ အဆိုတင်သွင်း တဲ့အခါ ဝိဝါဒကွဲပြားကြပါတယ်။ 'သေဒဏ်' ပေးသင့်တယ်နဲ့ မပေးသင့်ဘူးဆိုပြီး နှစ်မျိုး ကွဲတယ်။
အခုနောက်ပိုင်းတော့ အသက် ၁၂ နှစ် အောက်တွေကို မုဒိမ်းကျင့်ရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းတို့ သေဒဏ်တို့ ပေးမယ် ကြားတယ်။ အဲသည်မှာလည်း အသက် '၁၂' နှစ်အောက်အစား '၁၆'နှစ်အောက်လို့ ပြင် ဆင်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိနေပါ တယ်။
'ခွင့်တူညီမျှ' အပြစ်ဒဏ်ပေးကြဖို့ လိုပါ လိမ့်မယ်။ အသက် ၈ဝ ကို ကျင့်သူမို့လို့ ပြစ် ဒဏ်လျှော့မယ်၊ အသက် ၄ဝ ကို ကျင့်သူမို့ ပြစ်ဒဏ်လျှော့မယ်ဆိုရင် တရားမယ်မထင်ပါ ဘူး။ ဘာပဲဖြစ်ဖြစ် 'မုဒိမ်းကောင်'မှန်သမျှ တစ်တန်းတစ်စားထဲ အမျိုးပါ။

( ဃ )
မြန်မာပြည်မှာ 'စံပြမုဒိမ်းထောင်ကြီး' တည်ဆောက်ပါ။ အဲသည်ကောင်တွေကို တစ် သက်တာ လွတ်ရက်မရှိ ထည့်ထားပါ။ 'အုတ်' အစား ထူထဲတဲ့'မှန်နံရံကြီး'တွေနဲ့ တည်ဆောက် ပါ။ အများပြည်သူတွေ လာရောက်ကြည့်ရှု လေ့လာနိုင်တာပေါ့ဗျာ။

#YangonMediaGroup
#Theyangontimes

Rate this item
(0 votes)
YMG

back to top