HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

စနစ်သစ်ပညာရေး ပညာရေးစနစ်သစ်

စနစ်သစ်ပညာရေး ပညာရေးစနစ်သစ်

မကြာသေးမီ ရက်ပိုင်းအတွင်းက အခြေခံပညာရေးအဆင့် စာမေးပွဲ အောင်စာရင်းများ ထွက်သည်။ သေဆုံး နှင့် စာမေးပွဲမဖြေဆိုသူမှအပ သူငယ်တန်းမှ အဋ္ဌမတန်းအထိ စာမေးပွဲဖြေဆိုသူ ကျောင်း သား ကျောင်းသူများအားလုံး တစ်ယောက်မျှ ကျရှုံးခြင်းမရှိ ရာနှုန်းပြည့် အောင်မြင်ကြ သည်။ ယင်းအတွက် ကျောင်းသားကျောင်း သူများအားလုံး ပျော်ကြသည်။ မိဘများက မိမိတို့သားသမီးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ပူပန်ကြသည်။ အထူးသဖြင့် ယခုနှစ် စာမေးပွဲအောင်စာရင်းများကို Grade A, B, C, D ခွဲခြားသတ်မှတ်ခြင်းမပြုဘဲ ထုတ် ပြန်ခဲ့ခြင်းကြောင့် သားသမီး၏ ပညာရေး အဆင့်အတန်းကိုမသိရှိရသဖြင့် စိတ်မကောင်း ဖြစ်ကြရသည်။ ထို့အတူ မိမိတို့သားသမီးများ ပညာတကယ် တတ်မတတ် အကဲခတ်ခွင့် မရသဖြင့် အားမလိုအားမရ ဖြစ်ကြရသည်။

ယင်းသို့ စိုးရိမ်ပူပန်ခြင်းမှာ ရိုက်နှက် ဆုံးမခြင်း မပြုရန် ညွှန်ကြားချက်ထုတ်ထား သကဲ့သို့ ယခုနှစ် အောင်စာရင်းကဲ့သို့ နဝမ တန်းမှအပ အခြေခံပညာအဆင့် စတုတ္ထတန်း၊ အဋ္ဌမတန်း အပါအဝင် အတန်များအားလုံး ရာနှုန်းပြည့် အောင်မြင်ခြင်းကြောင့် ပညာရေး ထိခိုက်မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

လာမည့် ပညာသင်နှစ်မှစတင်၍ ပညာ ရေးစနစ်သစ် ပြဋ္ဌာန်းလိုက်ကြောင်း တရား ဝင် ညွှန်ကြားချက် မထုတ်ပြန်ရသေးသော် လည်း ခိုင်လုံသောသတင်းမျာအရ သိရသည်။ ယင်းပညာရေးစနစ်သစ်တွင် ဒုတိယတန်းနှင့် အဋ္ဌမတန်းအထိ လေးယောက်တစ်အုပ်စု တိုင်ပင်နှီးနှော၍ စာမေးပွဲဖြေဆိုရမည်ဖြစ် သည်။ စာမေးပွဲကို လေးယောက်တစ်အုပ်စု မေးခွန်းတစ်ရွက်၊ ဖြေလွှာတစ်ခုတည်းနှင့် ဖြေ ဆိုရမည်ဖြစ်ပြီး တစ်ယောက်ကရေး၍ အဖြေ ကို သုံးယောက်က ဘေးက တိုင်ပင်ပြောဆိုရ မည် ဖြစ်သည်။ လေးယောက်တစ်အုပ်စုရွေး ချယ်ရာတွင် တော်တစ်ယောက်၊ သင့်နှစ်ယောက် နှင့် ညံ့တစ်ယောက်ကို ဆရာ၊ ဆရာမများက စိစစ်ရွေးချယ်ရမည်ဟု ဆိုသည်။ ယင်းသို့ရွေး ချယ်ရာတွင် တော်၊ သင့်၊ ညံ့ ယောက်ျားလေး နှစ်ဦးနှင့် မိန်းကလေးနှစ်ဦးစီဖြင့် အုပ်စုဖွဲ့ပေး ရမည်။ စာမေးပွဲ Grade ကို ကျောင်းသား နှင့်မိဘ မည်သူမှမသိအောင် လျှို့ဝှက်ထား မည် ဖြစ်သည်။

စာမေးပွဲစစ်ဆေးခြင်းကို တစ်ယောက် ခြင်း နှစ်ကြိမ်၊ လေးယောက်တစ်အုပ်စု နှစ် ကြိမ် စစ်ဆေးမည် ဖြစ်သည်။ အကယ်၍ ကျောင်းသားတစ်ယောက်သည် လေးယောက် အုပ်စု စာမေးပွဲတွင်အောင်မြင်ပြီး တစ်ယောက် ခြင်းစာမေးပွဲတွင် ကျပါက အမှတ်ကို ကုစား ပေးမည်ဖြစ်သည့် စနစ်သစ် ပညာရေးပုံစံ ဖြစ်သည်။ ရမှတ်သည် လေးယောက်စလုံးရ မှတ်တူ ရရှိမည်ဖြစ်သည်။ ဒုတိယတန်းမှ အဋ္ဌမ တန်းအထိ စာမေးပွဲများကို ဇူလိုင်လနှင့် ဒီဇင် ဘာလတွင် ဒုတိယတန်းမှ အဋ္ဌမတန်းအထိ Group Work နှင့် စစ်ဆေးမည်ဖြစ်သည်။ နဝမတန်းနှင့် ဒသမတန်းများကို ယခင်နှစ် အတိုင်း စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ွု တန်းနှင့် ပထမတန်း စာမေးပွဲစစ်ရန် မလို ကြောင်း သိရသည်။

Grade ကို ရမှတ် ၄ဝ မှ ရမှတ် ၅ဝ ထိကို (A)၊ ရမှတ် ၃ဝ မှ ရမှတ် ၃၉ ထိကို Grade (B)၊ ရမှတ်၂ဝ မှ ရမှတ်၂၉ ထိကို Grade (C) သတ်မှတ်ပြီး ဘာသာပြဆရာမက ကျောင်းအုပ်ထံ အပ်ရမည်ဖြစ်သည်။ ကျောင်း အုပ်က အတန်းပိုင်ကိုမပေးရန် ညွှန်ကြားထား သည်။ ရမှတ် ၂ဝ အောက် ကျောင်းသားကျောင်း သူများကို ဖြည့်ဆည်းသင်ကြား၍ ပြန်လည် ကုစားဖြေဆိုရမှတ်အတွက် Grade (C) သာ ပေးမည် ဖြစ်သည်။

ကျောင်းသားကျောင်းသူများအားလုံး တစ်ဦးချင်းစီ၏ အရည်အချင်းစစ် စာမေးပွဲ များကို အောက်တိုဘာလတွင် ပထမနှစ်ဝက် စာမေးပွဲ၊ ဖေဖော်ဝါရီလတွင် အတန်းတင်စာ မေးပွဲပုံစံနှင့် အမှတ် ၅ဝ မေးခွန်း စာမေးပွဲ စစ်မည်ဖြစ်သည်။ အတန်းတင်စာမေးပွဲ ကျ ပါက Group Work နှစ်ကြိမ်စစ်၍ ရထား သည့် အမှတ်နှင့် အတန်းတင်ပေးမည် ဖြစ် သည်။ ယင်းစနစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမ တန်းပါ ပါဝင်ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုရာတွင် ပြဋ္ဌာန်းစာအုပ်ကို ကိုးကားထား သည့် ညဏ်စမ်းမေးခွန်း ၂၅ မှတ်ဖိုး ဖြေဆိုရ မည် ဖြစ်သည်။ အုပ်စုအားလုံး မေးခွန်းတူ ဖြစ်ပြီး တစ်အုပ်စုကို မေးခွန်းတစ်ရွက် အဖြေ လွှာ တစ်အုပ်သာပေး၍ လေးယောက်စုပေါင်း တိုင်ပင်ပြီး တစ်ယောက်ကသာ အဖြေလွှာ ပေါ်တွင် ရေးရမည် ဖြစ်သည်။ ဇူလိုင်တွင် အဖြေရေးသောသူသည် ဒီဇင်ဘာတွင် အဖြေ ရေးခွင့်ရမည်မဟုတ်ပေ။ ကျောင်းသားကျောင်း သူများ တိုင်ပင်ဆွေးနွေးမှု ရှိ မရှိ သိရှိရန် အနည်းဆုံး ဆရာမနှစ်ယောက် ကြီးကြပ်မည် ဖြစ်သည်။ စာမေးပွဲရမှတ်မှာ လေးယောက် စလုံး ရမှတ်တူရမည်ဖြစ်သည်။ စာမေးပွဲဖြေ ဆိုချိန်မှာ မူလတန်း ၄ဝ မိနစ်နှင့် အလယ် တန်း ၄၅ မိနစ် ဖြစ်သည်။ ပေးမှတ် ၂၅ မှတ် ကို ၂ နှင့်မြှောက်၍ ရရှိသည့်အမှတ်မှာ စုစု ပေါင်းရရှိသည့် ရမှတ်ဖြစ်ကြောင်းသိရသည်။

ယင်းစာမေးပွဲစနစ်မှာ မြန်မာ့ပညာရေး စနစ်သစ်ပုံစံဖြစ်သည်။ ဒုတိယတန်းမှ အဋ္ဌမ တန်းအထိ ကျောင်းသားကျောင်းသူများ စာ မေးပွဲ အကျအရှုံးမရှိ ၁ဝဝ ရာခိုင်နှုန်း အောင် မြင်သည့် စာမေးပွဲစနစ်ဖြစ်သည်။ သင်ရိုးညွှန်း တမ်းအသစ်များလည်း ရေးဆွဲထားကြောင်း သိရသည်။

ပညာရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာ ပြောင်းနေခြင်းမဟုတ် ပေ။ နိုင်ငံအတော်များများတွင် ပညာရေးစနစ် သစ်ကို ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲနေ ပြီ ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ် သည့် အိန္ဒိယသည်ပင် ပညာရေးပြုပြင်ပြောင်း လဲမှု လုပ်ဆောင်နေသည်။ သို့သော် အိန္ဒိယ နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၇၇ ရာခိုင် နှုန်းသာရှိသဖြင့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် အဖွဲ့ဝင်နိုင်ငံများထဲမှ ကျန်နိုင်ငံများ သည်ပင် စာတတ်မြောက်နှုန်း ရာခိုင်နှုန်း ၉ဝ ရှိသဖြင့် အိန္ဒိယသည် စာတတ်မြောက်မှုနှုန်း နောက်ကျနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မူလတန်းမှ အထက် တန်းအဆင့် ပညာရေးတွင် ကမ္ဘာ့အကြီးဆုံး ပညာရေးစနစ်ကြီးကို လည်ပတ်လုပ်ဆောင် နေသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး ကျောင်း ပေါင်း ၁ ဒသမ ၅ သန်းရှိပြီး ပညာသင်ကြား နေသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း သန်း ၂၆ဝ ခန့်ရှိသည်။ အိန္ဒိယနိုင်ငံ၏လက် ရှိ ပညာရေးစနစ်သည် အရည်အသွေး ပညာ ရေးထက် အရေအတွက်ကိုသာ ဦးစားပေး သည့် ပညာရေးစနစ်ဖြစ်သည်။ အိန္ဒိယပညာ ရေးစနစ်တွင် မပြောင်းလဲနိုင်သည့်စနစ်တစ်ခု မှာ လက်ရှိကျင့်သုံးနေသည့် စာမေးပွဲစနစ်ပင် ဖြစ်သည်။

မြန်မာ့ပညာရေးစနစ်သစ် ပုံစံအရ စာ မေးပွဲစနစ်ကို ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။ သို့ သော် ဒစ်ဂျစ်တယ် စာပေတတ်မြောက်ရေး (Digital Literacy)အတွက် နည်းပညာကျွမ်း ကျင်သူများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ ကွန်ပျူတာဖြင့် ဖန်တီးနိုင်သူများ၊ ကွန်ပျူတာ နည်းပညာဖြင့် သင်ကြားသင်ယူနိုင်စွမ်းကို တိုးမြှင့်လုပ်ဆောင်နိုင်သူများ ပေါ်ထွက်ရေး ကို ဦးစားပေး ပညာသင်ကြားနိုင်ရန် လိုအပ် နေဆဲ ဖြစ်သည်။ ထို့ကြောင့် ပညာရေးတွင် သင်ရိုးအားလုံးကိုပါ ပြောင်းလဲနိုင်ရန် ကြိုးစား ရမည်။ နိုင်ငံတကာနှင့် ဆက်သွယ်နိုင်မည့် ဘက်စုံကျွမ်းကျင်တတ်မြောက်ရေးအတွက် ပညာရေးစနစ်ပုံစံကို ထပ်မံပြောင်းလဲရဦးမည် မှာ သေချာသည်။

ခေတ်ပြောင်း တော်လှန်ရေးအတွက် အာရှ-ပစိဖိတ် နိုင်ငံတကာပညာရေးညီလာခံ Asia-Pacific Association for International Education (APAIE) ခတွင် အဓိက အကြောင်းအရာအဖြစ် Industry 4.0 ခေတ် ဆီသို့ ဦးတည်သွားနေသည်။ ဒစ်ဂျစ်တယ် တော်လှန်ရေးသည် Industry 4.0 ၏ ရည် မှန်းချက်ပန်းတိုင်ဖြစ်သည်။ Industry 4.0 နှင့်ကိုက်ညီမည့် ပညာရေးဆိုသည်မှာ စက်မှု ပညာဖြင့် နိုင်ငံတော်တည်ဆောက်ရေးပင် ဖြစ်သည်။ အဆင့်(Grade)ထက် လုပ်ဆောင် ပေးနိုင်သည့် ရလဒ်အပေါ်တွင် အခြေခံသင် ကြားကြခြင်း ဖြစ်သည်။

ယင်းအတွက် မြန်မာ့ပညာရေးစနစ်သစ် တွင် ကျောင်းသားကျောင်းသူများအား သင် ယူလေ့လာလိုစိတ်များ ထက်သန်လာစေရန် ပျိုးထောင်ပေးရေးနှင့် အသက်ရှင်နေသမျှ ပညာလိုက်စားလေ့လာလိုရေး ဘဝတစ်သက် တာ ပညာသင်ယူရေးနှင့် သင်ကြားရေးကို ဦးစားပေးသင်ကြားသည့် ပညာရေးစနစ်ကို ဖော်ဆောင်ရန် အထူးလိုပေသည်။

Rate this item
(0 votes)
back to top