HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

အလုပ်လက်မဲ့နှင့် တိုးပွားလာသည့် ပြည့်တန်ဆာပြဿနာ

အလုပ်လက်မဲ့နှင့် တိုးပွားလာသည့် ပြည့်တန်ဆာပြဿနာ

ရန်ကုန်၊

သား ညိုညို၊ နှာတံ သွယ်သွယ်နှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရား များကို ပိုင်ဆိုင်ထားသူ၊ အသက် ၂၅နှစ်အရွယ် မိန်းကလေးတစ်ဦး။ သူ့မျက်နှာပေါ်တွင် တန်ဖိုး အသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ် ထားပြီး အနီရင့်ရင့်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။ ကျောလယ်လောက်အထိရှည် သည့်ဆံပင်မှာ ရွှေအိုရောင်အကြား အဖြူဟိုက် လိုက် ဖောက်ထားလျက်။

လက်သန်းလုံးလောက်ရှိမည့် ကြိုးတစ် ချောင်းပါ အနက်ရောင် လည်ပင်းခပ်ဟိုက်ဟိုက် ပေါင်လယ်မရောက်တရောက် အင်္ကျီအတိုအ ကျပ်ကို ဝတ်ဆင်ထားသည်။ သူမဆီမှ စူးစူးရှရှ ပြင်းလွန်းသည့် ရေမွှေးအနံ့များလည်း ပျံ့လွှင့် နေသည်။

သူ့အနီးတွင် သူကဲ့သို့ အခြားရွယ်တူနှင့် သူ့ထက် အသက်အနည်းငယ်ကြီးသော၊ ငယ် သော အမျိုးသမီးများသည်လည်း အင်္ကျီလည် ဟိုက်၊ စွပ်ကျယ်ပုံစံ အင်္ကျီလက်ပြတ်များ၊ စကပ် အတိုအပြတ်များ၊ ဘောင်းဘီအတိုအပြတ်များ ကို တင်းတင်းကျပ်ကျပ် ဝတ်ထားကြသည်။

ထိုကဲ့သို့သော ပုံစံမျိုးကို ဒစ္စကိုမီးရောင် များအောက်တွင်သာ မြင်တွေ့ရလိမ့်မည်ဟု ထင်ကြပေလိမ့်မည်။ ယခုတွေ့မြင်ရသည့် နေ ရာမှာကား ရန်ကုန်မြို့တွင်း အင်းစိန်လမ်းမပေါ် သမိုင်းလမ်းဆုံနှင့် ကုလားကျောင်း မှတ်တိုင် အကြားတွင် ဖြစ်သည်။

ညဥ့်အချိန်ပင်မဟုတ်တော့ဘဲ ညနေ ၆ နာရီခန့်ကတည်းက နေရာယူလာကြသော လိင်ပိုင်းဆိုင်ရာ အခကြေးငွေယူ၍ ဖျော် ဖြေပေး သူများ တစ်နည်းဆိုရသော် ပြည့်တန်ဆာများ မှာ ယခင်က များသောအားဖြင့် ညပိုင်းအချိန် ၉နာရီခွဲကျော်မှသာ ယခုကဲ့သို့ ကားမှတ်တိုင် အနီးဝန်းကျင်များတွင် ကျင်လည်ကျက်စားတတ် သဖြင့် ညဥ့်ငှက်များဟု အမည်ပေးခေါ်ဝေါ်ကြ ခြင်း ဖြစ်ပေသည်။

''ကျွန်မတို့ကြောင့် ကားမှတ်တိုင်မှာစောင့် တဲ့ အချို့မိန်းကလေးတွေကို ထင်ယောင်ထင် မှား ခံရတာ ရှိတယ်တဲ့။ တကယ် တောင်းပန် ပါတယ်။ ကျွန်မတို့မှာ အရင်လို သူ့အချိန်ကျမှ အပြင်ထွက်ဖို့ မပြောနဲ့။ ရုံးဆင်းချိန်လောက် ကတည်းက ကားမှတ်တိုင်နားမှာ ဖောက်သည် ရှာတာ ၁ဝနာရီကျော်အထိ ဈေးဦးမပေါက်ဘူး။ ကျွန်မလဲ တခြားအလုပ်တော့ လုပ်ချင်တာပေါ့ အခြေအနေမှမပေးတာ''ဟု ရွှေအိုရောင်ဆံပင် ပိုင်ရှင် မကေသွယ်(အမည်လွှဲ)က ပြောသည်။

မကေသွယ်က ရန်ကုန်ဇာတိ မဟုတ်ဘဲ နယ်မှရောက်လာခြင်းဖြစ်ပြီး မိသားစုစီးပွားရေး အဆင်မပြေသဖြင့် အလုပ် တစ်ခုပြီးတစ်ခု လျှောက်လုပ်ရင်း နောက်ဆုံးတွင် ဆင်းရဲမွဲတေ မှု၏ သားကောင်အဖြစ် သွေးသားကို ရောင်း စားရသည့် ပြည့်တန်ဆာဆိုသောဘဝကို ရောက် ရှိခဲ့ရသည်။

သူနှင့်အတူ လမ်းဘေးတွင် မတ်တတ်ရပ် ကာ ဖောက်သည်ရှာနေသည့် အမျိုးသမီးလေး ဦးမှာလည်း နယ်အသီးသီးမှ ဖြစ်ကြောင်းနှင့် ယခင်က အပြင်တွင် လှုပ်ရှားရခြင်းထက် ပို၍ စိတ်ချရသော ကလပ်တွင် လုပ်ကိုင်ခဲ့ဖူးကြောင်း သိရသည်။

ကလပ်တွင်ကျင်လည်သည့် မိန်းကလေး တစ်ယောက်အတွက် ယခင်က ဆယ်ကျော် သက် ၂၅နှစ်အရွယ်ခန့်အထိဆိုလျှင် လူစိတ် ဝင်စားမှုရှိသော်လည်း အသက်ကြီးလာပြီး ယခင် ကလောက် ရုပ်မလှတော့ပါက လာရောက်သူ များ၏ စိတ်ဝင်စားမှုနည်းသွားသဖြင့် အခြား (ကားမှတ်တိုင်လို)နေရာမျိုးသို့ ပြောင်းရွှေ့လုပ် ကိုင်ကြရသည်။

၂ဝ၁၆ ခုနှစ်ခန့်မှစတင်၍ အဆိုပါကလပ် လိုနေရာများတွင် အသက်၂ဝမှ ၂၃နှစ်အရွယ် မိန်းကလေးများသာ စီးပွားရှာနိုင်ပြီး လုပ်သက် နှစ်နှစ်ခန့်ဆိုလျှင် လာရောက်သူများ၏ စိတ် ဝင်စားမှု မရှိတော့ဘဲ ပြင်ပနေရာများသို့ထွက် ကာ သွေးသားရောင်းကြရခြင်း ဖြစ်သည်။

မကေသွယ် အနေဖြင့် မိသားစုစားဝတ် နေရေး အခြေအနေကြောင့် သတ္တမတန်းတွင် ကျောင်းထွက်ပြီး အဒေါ်ဖြစ်သူ၏ အကူအညီ ဖြင့် ရန်ကုန်သို့ ရောက်ရှိလာကာ ထမင်းဆိုင် တစ်ဆိုင်တွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ဖိနပ်ဆိုင်တစ်ဆိုင် တွင် အရောင်းဝန်ထမ်းအဖြစ် ထပ်မံလုပ်ကိုင် ရာမှ ယခုနေရာသို့ ရောက်ရှိခဲ့ရသည်။

''ဖိနပ်ဆိုင်မှာလုပ်တုန်းကဆို တစ်နေကုန် မတ်တတ်ရပ်ရတာ။ နည်းနည်းညောင်းလို့ ထိုင် လိုက်တာနဲ့ ဆိုင်ရှင်က အော်တယ်။ တစ်လမှ ခြောက်သောင်းခွဲပဲရခဲ့တာ။ အဲဒီကနေ ကလပ် ရောက်တော့ အေးအေးဆေးဆေးပဲ။ ပိုက်ဆံ လဲပိုရတယ်။ တစ်ခါတလေ သဘောကောင်းတဲ့ ဖားတွေ(သူဌေး)နဲ့တွေ့ရင် မုန့်ဖိုးတောင် ပိုရ တယ်''ဟု သူမက ဆိုသည်။

ဖိနပ်ဆိုင်တွင် တစ်လ ကျပ်ခြောက်သောင်း ခွဲနှင့် အိမ်ကိုငွေပြန်ပို့ရန် မဆိုထားနှင့် သူမ၏ ဝမ်းစာကိုပင် ပြည့်မီအောင် မနည်းရုန်းကန်ရခဲ့ ပြီး ကလပ်၌လုပ်ကိုင်ရာတွင် တစ်လလျှင် ကျပ် နှစ်သိန်းမှ သုံးသိန်းခွဲကြား ပုံမှန်ပြန်ပို့ပေးနိုင် သည်ဟု ပြောပြသည်။

သူမ ကလပ်တွင် တစ်နှစ်ခွဲခန့်အလုပ်လုပ်ခဲ့ပြီး ထိုကဲ့သို့သော နေရာမျိုးတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်လာသူမှာ ဈေးတန်းထဲတွင် ပန်းရောင်းသည့် အသိမိတ်ဆွေအစ်မ တစ်ဦး ဖြစ်သည်။ ကနဦးခေါ်လာခါစက KTV တွင် သီချင်းဆိုရုံသက်သက်နှင့် ဝင်ငွေကောင်း သည်ဟု ပြောဆို စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

''စရောက်ရောက်ချင်းတော့ အဲဒီအစ်မကို စိတ်ဆိုးမိတယ်။ နောက်တော့ သူပြောသလို ပိုက်ဆံပိုရတော့ မထူးလက်စနဲ့ ဆက်လုပ်ခဲ့ တာပါ။ မိသားစုကိုတော့ ညဘက် ဂျပန်စား သောက်ဆိုင်တစ်ခုမှာ သီချင်းတွေ ဆိုတယ်။ ပညာမတတ်ဘဲ လစာကောင်းတာ အဲဒီအလုပ် ပဲရှိတယ်လို့ ပြောခဲ့တယ်။ နောက်ပြီး သီချင်း တင်ဆိုရတာ လုံခြုံစိတ်ချရတယ်ပေါ့''ဟု မကေ သွယ်က ဆိုသည်။

ထို့နောက်တွင်မူ ကလပ်သို့ လာရောက် သူများက မကေသွယ်ကို ရိုးသွားသဖြင့် မငှား ကြတော့၍ ကားမှတ်တိုင်သို့ ရွှေ့ပြောင်းကာ ဖောက်သည်ရှာရခြင်း ဖြစ်သည်။ မကေသွယ် နှင့်အတူ စီးပွားရှာနေသည့် မိန်းကလေးများ သည်လည်း အခြားအလုပ်များမှ ပညာအရည် အချင်းနှင့်ရရှိသည့် လစာများကြောင့် ယခုလို ဘဝမျိုးကို ရောက်ရှိလာကြခြင်းဖြစ်သည်။

မကေသွယ်၏ ဘဝတူသူငယ်ချင်း အစ်မ အသက် ၃ဝ အရွယ် မနွေးနွေး(အမည်လွှဲ)က''လှိုင်သာယာက စက်ရုံတစ်ရုံမှာ ခြောက်လ လောက် လုပ်ခဲ့သေးတယ်။ အရမ်းပင်ပန်းတယ်။ ပင်ပန်းသလောက် လစာမကောင်းဘူး။ ဘွဲ့တွေ ဘာတွေလဲ မရထားတော့ တက်လမ်းမရှိမှာနဲ့ အတူတူ ဒီလိုင်းထဲဝင်လိုက်တယ်''ဟု ဆိုသည်။

ယင်းအပြင် အခြား Sex Worker အချို့ မှာလည်း ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည် ဆို၍ သိမ်းသွင်းခံခဲ့ရသူများလည်းရှိကာ ဆင်းရဲ လွန်းသဖြင့် မငြင်းသာတော့ဘဲ သဘောတူလိုက် ရခြင်းများရှိကြောင်း မကေသွယ်ကပြောသည်။

သူတို့၏အလုပ်ကို အချို့မိသားစုများက မသိရှိကြဘဲ အချို့မိသားစုများက သိရှိကြသူ များလည်း ရှိသည်။ အိမ်မှ သိကြသူအချို့မှာ ပိုက်ဆံရလွယ်သဖြင့် ခွင့်ပြုထားသည်။ အချို့ မှာလည်း မလုပ်ရန်တားမြစ်၍မရသောကြောင့် မိသားစု၏ ပစ်ပယ်ခံကြရသည်။

မိန်းကလေးတစ်ဦးလျှင် တစ်ညခေါ်သွား ခ အနည်းဆုံး ကျပ် ၁ဝဝဝဝ မှ ၄ဝဝဝဝ အထိ ဈေးအမျိုးမျိုးရှိသော်လည်း အချို့မှာ ဆက်ဆံ လိုသော်လည်း ငွေကြေးမတတ်နိုင်ဟု ဆိုကြ သဖြင့် ၁ဝနာရီကျော်အထိ လူမရသေးလျှင် ငွေကျပ် ထောင်ဂဏန်းနှင့်ပင် လိုက်ပါကြရ ကြောင်း ညည်းညူပြောဆိုသည်။

ငွေကြေးတစ်ခုတည်း၏မျက်နှာကိုကြည့် ပြီး လုပ်နေကြရသည့် သူမတို့အတွက် လူပေါင်း စုံနှင့် တွေ့ဆုံကြရပြီး ရစ်တတ်သူများနှင့်တွေ့ လျှင်လည်း အလွန်အမင်း သည်းခံရသကဲ့သို့ အချို့လူများဆိုလျှင် ခေါ်ဆောင်ပြီး လူမဆန် သည့်လုပ်ရပ်မျိုး လုပ်တတ်ကြခြင်းမျိုး ရှိသည် ဟု မနွေးနွေးက ပြောပြသည်။

မနွေးနွေးက''မကောင်းတဲ့သူတွေနဲ့တွေ့ ရင် ခေါ်သွားတုန်းက တစ်ယောက်တည်းကို ဖျော်ဖြေဖို့၊ သူတို့ခေါ်တဲ့နောက် လိုက်သွားပြီး ဟိုရောက်မှ သုံးယောက်ပေါင်းပြီး ခေါ်တာလို့ ပြောတယ်။ တချို့လူတွေကျတော့ သူတို့ဆန္ဒပြီးသွားရင် ပိုက်ဆံကုန်ပြီ ပြန်တော့လို့ ပြောခံ ရတာရှိတယ်။ ဒီလိုလူမျိုးတွေနဲ့တွေ့မှာ အရမ်း စိုးတယ်။ လူပုံကိုကြည့်ပြီးလိုက်ရတယ်''ဟု ယင်း တို့ ကျင်လည်ရသည့် နယ်ပယ်အကြောင်းကို ရှင်းပြသည်။

အချို့လူများဆိုလျှင် အတူနေခါနီးအချိန် ၌ အကာအကွယ်ပစ္စည်းသုံးရန် ပြောပြသည်ကိုပင် ''နင်က ဘယ်လိုကောင်မမို့လို့လဲ''ဟု ဆို၍ ကျောကုန်းကို ခြေထောက်နှင့်ကန်တတ် ကြသည်။ ယင်းအခြေအနေများထက် သူမတို့အတွက် ရင်ဆိုင်နေရသော အခက်အခဲများတွင် အဓိကဖြစ်နေသည်မှာ ယင်းလုပ်ငန်းသည် တရားမဝင်လုပ်ငန်းဖြစ်သောကြောင့် ဖမ်းဆီး ခံရမည်ကို ကြောက်နေကြရသည်။ ထိုကဲ့သို့ ဖမ်းဆီးမခံရစေရန် သူမတို့၏ရှောင်တိမ်းနည်း မှာ လိုင်းကြေးပင်ဖြစ်သည်။

''စီမံချက်တွေရှိတာနဲ့ လိုင်းကြေးပေးရတာ ပေါ့။ တစ်ခါကျော်စောရှိထားဖူးရင် ပိုဆိုးတယ်။ ဒီတော့ လိုင်းကြေးလဲရှာရ၊ ခေါင်းရှိတဲ့သူတွေ ဆိုရင် ခေါင်းကိုလဲ ပေးရ၊ ဒါတင်ဘယ်ကမလဲ တစ်ခါတလေများ အသွင်ယူသူတွေနဲ့တွေ့ရင် သွားပြီသာမှတ်''လို့ မနွေးနွေးက အကျယ်တ ဝင့် ပြောပြသည်။

ဖော်ပြပါ အခြေအနေထက် ပိုမိုဆိုးဆိုး ရွားရွား ဖြစ်စေသည့် အချက်တစ်ခုမှာ သက် ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သူမတို့ကို မသင်္ကာသဖြင့် ရှာသည့်အခါ အိတ်ထဲတွင် အဖော်တွေ့သည်နှင့် သက်သေခံပစ္စည်းဟုဆို ကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အမှန်ဆိုလျှင် အကာအကွယ်ပစ္စည်းဆို သည်ကို အခြားတစ်ဖက်မှ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများအား ကာကွယ်ရန် အတွက်ဟု နားလည်ပေးသင့်သည်။ အကာအကွယ်ပစ္စည်းနှင့်ပတ်သက်ပြီး ပညာပေးခြင်းများ အသည်းအသန်လုပ်နေကာ တစ်ဖက်မှ ယင်းကဲ့သို့ပစ္စည်းမျိုးတွေ့၍ ဖမ်းသည်ဆိုသည် မှာ မဖြစ်သင့် မဖြစ်ထိုက်ပေ။

လတ်တလော အနေအထားအရ တရား လွှတ်တော်ရုံး၊ ရှေ့နေချုပ်ရုံး၊ အစိုးရ ဌာနဆိုင် ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပြည့် တန်ဆာများအား နှိပ်ကွပ်သည့်ဥပဒေကို ဖျက် သိမ်းပြီး အကာအကွယ်ပေးသည့် ဥပဒေတစ် ရပ် ရေးဆွဲရန် ပြင်ဆင်နေကြသည်။

Right to Health Activism Myanmar မှ ဦးကျော်ဇေယျာဆွေက ''ဒီဥပဒေအသစ်က ပြည့်တန်ဆာတွေကို ယေဘုယျအားဖြင့် အကာ အကွယ်ပေးမယ်။ လူမှုရေးပြစ်ဒဏ်တွေတော့ ရှိနိုင်တယ်။ သူတို့ကို ခေါင်းပုံဖြတ်တာ၊ မတရား အနိုင်ကျင့်တဲ့သူတွေကိုတော့ ပြစ်ဒဏ်ချမှတ် မယ်။ အဲဒီလိုအချက်တွေပါမယ်''ဟု ပြောသည်။

အသစ်ရေးဆွဲပြဋ္ဌာန်းပေးမည့် ပြည့်တန် ဆာဥပဒေတွင် လိင်လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့်ပေးသည့် ဥပဒေများလည်း ပါဝင် လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေ သည်။

''ဖြစ်နိုင်ရင်ပေါ့လေ။ ကျွန်မတို့အတွက် ပြည့်တန်ဆာလုပ်ခွင့် လက်မှတ်လိုမျိုးပေါ့။ တစ် နှစ်တစ်ခါ သက်တမ်းတိုး၊ လက်မှတ်ရှိရင်မဖမ်း နဲ့ပေါ့။ သက်တမ်းတိုးဖို့အတွက်ကိုလဲ ကန့်သတ် ချက်လေးတွေပေါ့။ တစ်နှစ်တစ်ခါ ဆေးစစ် တာမျိုးပေါ့။ ဆေးအောင်ရင် သက်တမ်းတိုး မယ်။ မအောင်ရင် ကုမယ်ပေါ့။ အဲဒီလိုမျိုးဆိုရင် ကျီးလန့်စာစားမဖြစ်တော့ဘူးပေါ့ရှင်''ဟု မနွေး နွေးက သူမ၏ဆန္ဒကို တောင့်တပြောဆိုသည်။

မည်သို့ပင်ဆိုစေ လိင်လုပ်သားဆိုင်ရာ ဥပဒေသည် လိင်လုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်ခံယူမှု၊ ဘဝထူထောင်ရေးလုပ်ငန်း များ ပါဝင်ခြင်းကြောင့် လိင်ကြောင့်ဖြစ်ပေါ် လာမည့် ရောဂါများအား ထိန်းချုပ်နိုင်မည့် အခြေအနေများစွာ ရှိလာနိုင်မည်ဟု မျှော်လင့် ရသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၈ နာဂစ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးအတော် များများ စီးပွားရေးပျက်ကပ်ဆိုက်ကုန်သည့် အတွက် KTV၊ မာဆတ် စသည်တို့သို့ ရောက် ရှိခဲ့ကြသလို အချို့အထည်ချုပ်သမများမှာ စက် ရုံမှ အထုတ်ခံရသဖြင့် ပြည့်တန်ဆာဘဝသို့ ရောက်ရှိနေကြရသည်။

ယင်းကဲ့သို့ အလုပ်အကိုင်ရှားပါးမှုထက် အခြားတစ်ဖက်တွင် အလုပ်အကိုင် ရှာဖွေရရှိ ခြင်းမရှိဘဲ အလုပ်လက်မဲ့ပြဿနာများကြောင့် ညည့်ငှက်ဘဝသို့ ရောက်ရှိသူများမှာလည်း ဒုနဲ့ ဒေးပင်။

¤င်းတို့ကို တရားဝင် လိုင်စင်လုပ်ပေးပြီး လုပ်သမျှလုပ်ခကို ယင်းတို့အတွက် ထိုက်ထိုက် တန်တန် ရရှိစေရန်နှင့် မည်သူမျှ ရိုက်နှက်စော် ကားခြင်းမျိုး မလုပ်ရဲအောင် ဥပဒေနှင့် အကာ အကွယ်ပေးမှသာလျှင် လိင်လုပ်သားဘဝမှ ပြန် လည်ရုန်းထွက်ရန် အခွင့်အလမ်း ရရှိနိုင်ပေ မည်။

''အကာအကွယ်ရနိုင်မယ့် ဥပဒေ ရှိလာရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ တရားဝင် လုပ်ကိုင်ခွင့်ဆိုတဲ့ ဥပဒေထွက်လာတိုင်း ကျွန်မတို့က ပျော်ပျော်ကြီး ဒီဘဝထဲမှာ ရှင်သန်နေမယ်လို့ မထင်ကြပါနဲ့။ လူမဝင်ဆံ့တဲ့အလုပ်ကို လုပ်နေရတာကို ဝဋ်ြေ<ွကးတစ်ခုလို့ ခံယူထားတာပါ။ ကျွန်မတို့မှာလဲ ရုန်းထွက်လိုတဲ့ဆန္ဒရှိ နေပါတယ်''ဟု မနွေးနွေးက သူမ၏ ရင်တွင်း ခံစားချက်ကို ပြောပြရင်း သက်ပြင်းရှည်တစ်ချက် ကို ချလိုက်ပါတော့သည်။

 

dddd

 

ccccccccccc

 

Rate this item
(0 votes)
back to top