HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ရခိုင်ပဋိပက္ခ

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ရခိုင်ပဋိပက္ခ

ရန်ကုန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် ဘင်္ဂါလီဒုက္ခသည်အများစု စုဝေးနေ ထိုင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့သို့ သွားရောက်လေ့လာမည်ဟု နိုင်ငံတကာ မီဒီယာများမှဖော်ပြပြီး ရက်ပိုင်းအတွင်း လုံခြုံ ရေးကောင်စီ၏ အမြဲတမ်းကိုယ်စားလှယ်ငါးဦး နှင့် ကိုယ်စားလှယ် ၁ဝ ဦး စုစုပေါင်း ၁၅ ဦးတို့ ပါဝင်သည့်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်သို့ ဧပြီ၂၈ ရက်တွင် စတင်ရောက်ရှိခဲ့သည်။

ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ကိုယ်စားလှယ်များ သွားရောက်လေ့လာပြီး နောက် ဘင်္ဂလားဒေ့ရှ်ရှိ ဝန်ကြီးချုပ် ရှိခ်ဟာဆီ နာနှင့် တွေ့ဆုံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃ဝရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ကို သီးခြားတွေ့ ဆုံခဲ့သည်။

အဆိုပါညနေပိုင်း၌ပင် နိုင်ငံတော်၏အတိုင် ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ကျော်တင့်ဆွေက ညစာစားပွဲနှင့် ဧည့်ခံဆွေး နွေးခဲ့စဉ် အလုပ်သဘောအရ ညစာစားပွဲမစမီ မြန်မာဘက်မှ ရခိုင်အရေးကို ရှင်းလင်းတင်ပြ ခဲ့ပြီး ဒေါက်တာဝင်းမြတ်အေး၏ ရှင်းလင်းတင် ပြမှု မပြီးခင်အချိန်တွင် ကုလကိုယ်စားလှယ် အဖွဲ့မှ ထပြန်မည် ပြုလုပ်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်တွင် တွေ့ဆုံခဲ့သည့် ဘင်္ဂါလီများပြောဆိုသည့် ဇာတ်လမ်းများကို ကိုင်စွဲကာ ထွက်ပြေးဘင်္ဂါလီ များအရေးမှာ မြန်မာနိုင်ငံသည် အဓိကတရား ခံဖြစ်ပြီး ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် လျှောက်လွှာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေး ပို့ရာတွင် လွဲချော်မှုများရှိနေသဖြင့် ကြန့်ကြာ နေခြင်းဖြစ်သည်ဟု ရှင်းလင်းချက်များကိုလည်း ကိုယ်စားလှယ်အဖွဲ့မှ လက်မခံကြောင်း ဧည့်ခံ ပွဲသို့ တက်ရောက်ခွင့်ရရှိသူအချို့က ပြောသည်။

ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် တွေ့ဆုံရာတွင်လည်း ရခိုင်ပြည် နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ တိကျသော သက်သေအထောက် အထားရှိပါက အစိုးရသို့ပေးအပ်ရန်နှင့် အစိုးရ မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ဗြိတိန်နိုင်ငံ က အမြဲတမ်းကိုယ်စားလှယ် ကရင်မီးယားစ်က ပြောသည်။

''သူကတော့ တိကျတဲ့သက်သေအထောက် အထားရှိရင် ပေးပါ။ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ပါမယ်လို့ ပြောတယ်။ လုံခြုံရေးကောင်စီ အနေနဲ့ အခုကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုတုံ့ပြန်မလဲ၊ နောက် ထပ် ခြေလှမ်းတစ်ဆင့် ဘာလဲဆိုတာကို ကျွန်မ တို့ စဉ်းစားပါမယ်။ ကျွန်မတို့မှာ လောလော ဆယ်တော့ သက်သေအထောက်အထားတွေ ပေးနိုင်ဖို့ စုံစမ်းစစ်ဆေးရေးယန္တရားတော့ မရှိ သေးပါဘူး''ဟု ¤င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နည်းလမ်းနှစ်ခုရှိပြီး အဆိုပါနည်းလမ်းများမှာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး(အိုင်စီစီ)သို့ အမှုတင်ခြင်းနှင့် မြန်မာအစိုးရမှ မိမိဘာသာစုံစမ်း စစ်ဆေးရေး ပြုလုပ်ခြင်းတို့ဖြစ်ကြောင်း ကိုယ်စားလှယ် ကရင်မီးယားစ်က ပြောကြားထား သည်။

ယခုကဲ့သို့ သွားရောက်ခြင်းသည် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာမှာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရောက် ရှိသွားပြီဆိုသည်ကို အတည်ပြုရာ ရောက်ရှိ ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုကြသည်။

''အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးအဖွဲ့ ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံကို အရေးယူဖို့ဆောင် ရွက်တာဟာ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေအပေါ် မှာ ဂယက်ရိုက်စေနိုင်တယ်လို့ အစိုးရက ထုတ် ပြန်ကြေညာထားတယ်။ ၂ဝ၁၇ တုန်းကလဲ လုံ ခြုံရေးကောင်စီက ကြေညာချက်ထုတ်ဖို့ လုပ် တုန်းက တရုတ်နဲ့ရုရှားတို့က ကန့်ကွက်ပိတ်ဆို့ ခဲ့တာတွေလဲ ရှိတယ်။ အစိုးရက အထောက် အထားပေးပါ စုံစမ်းပေးမယ် ပြောသည့်တိုင် အဲဒီအပေါ်ကို ကောင်စီအဖွဲ့ဝင်တွေရဲ့သဘော ထားက တစ်စုတစ်စည်းတည်း ရှိနိုင်မှာမဟုတ် လောက်ဘူး''ဟု နိုင်ငံရေးလေ့လာစောင့်ကြည့် သူတစ်ဦးဖြစ်သူ ဦးဇေယျာက ပြောသည်။

မြန်မာနိုင်ငံသည် အိုင်စီစီနှင့်ပတ်သက် သည့် စာချုပ်တွင် လက်မှတ်ထိုးထားခြင်း မရှိ သဖြင့် မြန်မာကို အိုင်စီစီတင်ရန်နည်းလမ်းမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် လွှဲပြောင်း ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနှင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားတွင် လက်မှတ်ရေးထိုးထားသည့် ဒုက္ခသည် ပြန်လည်လက်ခံနိုင်ရေး သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သည်ကို မြင်တွေ့လိုပြီး ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် စသည့် ကုလ သမဂ္ဂအေဂျင်စီများသည် အစိုးရနှင့် နားလည် မှုစာချွန်လွှာ ရေးထိုးခြင်းကို မြန်မြန်ပြီးမြောက် စေလိုကြောင်းလည်း ကူဝိတ်နိုင်ငံမှ ကိုယ်စား လှယ် မန်ဆောအေယစ်အယ်လ်အိုတေဘီက ဆိုသည်။

အစိုးရမှလည်း ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးနိုင်ရန် ဆွေးနွေးလျက်ရှိပြီး ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး၊ စီမံကိန်းတို့ နှင့် ရခိုင်ပြည်နယ်ရှိ လူထုအားလုံးအတွက် ပူး ပေါင်းဆောင်ရွက်ရန် သင့်လျော်သောအချိန် ရောက်ပြီဟု ယုံကြည်ကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံးမှ မေ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီကိုယ်စား လှယ်အချို့က ပြစ်တင်ကြပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခများတွင် ဒုက္ခသည်များ ထွက်ပြေးရသည့် အခြေအနေများကို စုံစမ်းစစ် ဆေးရန်အတွက် ကုလသမဂ္ဂ၏အချက်အလက် ရှာဖွေရေးအဖွဲ့ င်္ခေအ င်္ငညိငညါ ငျြငသည ကို လက်ခံသင့်ကြောင်း လူ့အခွင့်အရေးဆောင်ရွက် သူများနှင့် နိုင်ငံတကာအရေး လေ့လာသူများ က သူတို့၏အမြင်ကို ပြောသည်။

''အိုင်စီစီတင်မယ့်အလားအလာမျိုး ဖြစ် နေတဲ့အချိန်မှာ ပူးပေါင်းဆောင်ရွက်ပြီး လုပ် ဆောင်ပါတယ်ဆိုတဲ့ လုပ်ဆောင်မှုပြဖို့ အရေး ကြီးနေပြီ။ အိုင်စီစီတင်လိုက်ပြီး လက်ခံလိုက် ပြီဆိုရင် တိုင်းပြည်အတွက်လဲ နာမည်ပျက်စရာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လုပ် နိုင်တဲ့ အလုပ်တွေ၊ ပူးပေါင်းဆောင်ရွက်နိုင် တာတွေကို ပူးပေါင်းဆောင်ရွက်ပါ''ဟု နဆကေ-ူငအပ ပြညောမေ မှ ဒါရိုက်တာဦးအောင်မျိုးမင်း က ပြောသည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရခိုင်ပြည်နယ် တွင် နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက် ခံရမှု၊ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဘက် သို့ ရှောင်တိမ်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက် ကြောင်း စွပ်စွဲချက်များကြောင့် အစိုးရနှင့် နိုင်ငံ တကာ အသိုင်းအဝိုင်းကြား ဆက်ဆံရေးမပြေ ပြစ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ခေါ် ခြင်းသည် ယိုယွင်းနေသောဆက်ဆံရေးကို ပြန် လည်ပြုပြင်ရန် ခြေလှမ်းတစ်ခုဖြစ်ကြောင်းလည်း နိုင်ငံတကာအရေး လေ့လာသူများက ဆိုကြ သည်။

ကိုယ်စားလှယ်အဖွဲ့သည် ထွက်ပြေးဘင်္ဂါလီ ဒုက္ခသည် ပြန်လည်လက်ခံရေးအတွက် မြန် မာအစိုးရ ကြိုးပမ်းမှုမှာ အလွန်နှေးကွေးနေ ကြောင်း ထွက်ပြေးသူ သန်းဂဏန်းခန့်ရှိနေသည် ကို မြန်မာအစိုးရက တစ်ရက်လျှင် သုံးရာခန့် သာ လက်ခံရန်စီစဉ်ထားခြင်းမှာ လွန်စွာနည်း ပါးနေကြောင်း ပြန်လည်လက်ခံရေးအစီအစဉ် ကို အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း မုတ်သုံဝင်တော့မည်ဖြစ်သဖြင့် ဒုက္ခသည်များ ၏ အခြေအနေမှာ စိုးရိမ်ရကြောင်းလည်း ဆို ထားသည်။

''ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ပဋိပက္ခကြောင့် တစ်ဖက်နိုင်ငံကိုရောက်နေတဲ့ မွတ် စလင်တွေနဲ့ ပတ်သက်ပြီးတော့ မကြာခင်မှာ မိုးရွာတော့မှာ ဖြစ်တဲ့အတွက် မိုးရွာရင် ဒုက္ခ ရောက်တော့မယ်ဆိုတဲ့ အနေအထားကိုတွေ့တဲ့ အတွက် ဒီဥစ္စာကို အရေးပေါ် ဘယ်လိုကူညီလို့ ရမလဲ။ ဘယ်လိုဆောင်ရွက်လို့ရမလဲ။ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီးတော့ လာရောက် ကြည့်ရှုခြင်း ဖြစ်ပါတယ်။ ဒီကိုမလာခင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှာ သွားရောက်ကြည့်ရှုပြီးဖြစ်တဲ့ အတွက် သူတို့တွေကတော့ ဟိုဘက်က ပြော လိုက်တဲ့ ဇာတ်လမ်းတွေနဲ့ ဟိုဘက်မှာတွေ့ရှိခဲ့ တဲ့ အပေါ်မှာတော့ လွှမ်းမိုးနေတာ အမှန်ပါပဲ။ ဒီကိုရောက်လာတဲ့အခါကျတော့ ဆန့်ကျင်ဘက် ကို တွေ့ရမယ်။ ကျွန်တော်တို့ဘက်ကတော့ အပြုသဘောဆောင်ပြီးတော့ ပြန်လည်လက် ခံဖို့အတွက် အဆင်သင့် ပြင်ဆင်ထားပြီးပြီ''ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ(ြှ့ဃ) ကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံအပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မီဒီယာသို့ ပြောကြားသည်။

ယင်းကြောင့် ပြန်လည်ဝင်ရောက်လာခဲ့ ပါက လုံခြုံရေး၊ အလုပ်အကိုင်ရရှိရေး အခြေ အနေ၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာခွင့် အစရှိသည်တို့ဆောင် ရွက်ထားသည်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

''အခုက အင်မတန်မှ အကဲဆတ်တဲ့ နေ ရာမျိုးမှာကျတော့ ကာယကံရှင်ဖြစ်တဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ၊ အခြားဒေသခံမျိုးနွယ်စု တွေရဲ့ သဘောထားတွေကို အလေးအနက်ထားဖို့ လိုမယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာက အင်မတန် တိုင်းပြည်အတွက် အကဲ ဆတ်တဲ့ကိစ္စ။ နောက်တစ်ခုက နိုင်ငံသားအခွင့်အရေးကို ရဖို့ဆိုရင် အဲဒီနိုင်ငံသားဖြစ်သွားတဲ့ လူတွေက ဒီနိုင်ငံတော်အပေါ်မှာ ဘယ်လောက် ကျေးဇူးသစ္စာ စောင့်သိသလဲ။ နိုင်ငံသားတစ် ယောက်ရဲ့ တန်ဖိုးက သစ္စာစောင့်သိမှုပဲ။ နောက်တစ်ခုက နိုင်ငံအတွင်းမှာပြဋ္ဌာန်းထားတဲ့ ဥပဒေ တွေကို လေးစားလိုက်နာရမယ်။ ဒါက နိုင်ငံ သားရဲ့ တာဝန်။ အခုက အခွင့်အရေးအပိုင်းက ပြောပြီးတော့ တာဝန်ပိုင်းကို လေးနက်မှုမရှိဘူး ဆိုရင် ဒါလဲ မေးခွန်းထုတ်ရမယ့်ကိစ္စလို့ မြင် တယ်''ဟု ရှစ်လေးလုံးပြည်သူ့ပါတီ ပထမခေါင်း ဆောင် ဦးကိုကိုကြီးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ တွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များကြောင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အဖို့ လုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့၏ နားလည်မှုရရှိရန်မှာ ခက်ခဲကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း သုံးသပ်ထားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော် သည် စည်းမျဉ်းစည်းကမ်းများ ဥပဒေများကို တိတိကျကျ လိုက်နာကြောင်း၊ လိင်အကြမ်းဖက် မှုများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်နေ ကြောင်း ပြောဆိုသည်။
ယခုခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ကြုံတွေ့ နေရသည့် ပြဿနာကို ဖြေရှင်းရန်လာရောက် ခြင်းမဟုတ်ဘဲ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်း များမှာ ၄င်းတို့ ဆုံးဖြတ်ထားသည့် ကိစ္စများမှာ မှန်ကန်ကြောင်း သက်သေလာထူနေခြင်းဖြစ် ပြီး အချက်အလက်များရှာဖွေကာ အဖြစ်မှန် ကို ရှာဖွေရန် လာရောက်ခြင်းမဟုတ်ဟု ၄င်း တို့၏ ယူဆချက်ကို ပြောသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံအတွက် ဖိအားအလွန်များပြားနေပြီး မြန်မာကို အိုင်စီစီ တင်ရန် ကုလသမဂ္ဂတွင် ကြိုးပမ်းနေသည့်နိုင်ငံ များ ရှိနေသည့်အတွက် မြန်မာအစိုးရအနေနှင့် တိကျသေချာစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ် လျက် ရှိနေပေသည်။

 

Rate this item
(1 Vote)
back to top