၁၇.၁ဝ.၂ဝ၁၇ ရက်နေ့ထုတ် မြဝတီနေ့စဉ် သတင်းစာမှာ ''တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂနိုင်ငံရေးရာအကြီးအကဲ မစ္စတာဂျက်ဖရီဖဲလ်မန် Under Secretary General Mr.Jeffrey Feltman အား ''မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး UN နှင့် ပူးပေါင်း ဆောင်ရွက်မှုများစွာရှိသကဲ့သို့ လေးစားမှုလည်းရှိကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာခံစားချက်ရှိခဲ့သည့် သမိုင်းကြောင်းကိုပြန်မကြည့်ဘဲ လတ်တလောဖြစ်ပွားမှုအခြေအနေပေါ်တွင်မူတည်၍ ကုလသမဂ္ဂမှတ်ချက်ပြုရာတွင် လက်ရှိအခြေအနေနှင့် ပြောင်းပြန်ဖြစ်နေသောကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မကျေနပ်ကြကြောင်း ရခိုင် ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ သမိုင်းအချက်အလက်ပြည့်စုံစွာသိရှိမှသာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း'' ပြောဆိုခဲ့ပါတယ်။

 

မြင့်နောင်မိုး

--------------------

 

ကျွန်တော့် ဘဝမှာ သေနတ်သံကို ပီပီသသကြားခဲ့တဲ့အကြိမ် နှစ်ကြိမ်ရှိခဲ့ဖူးတယ်။ ပထမအကြိမ်က ၁၉၅၈ ခုနှစ် ကျွန်တော်အသက် ၄ ၊ ၅ နှစ်သားလောက်က ဖြစ်တယ်။ အနောက်ရိုးမတောထဲကနေ ပဲခူးမြို့ထဲကို သူပုန်တွေဝင်လာပြီဆိုတဲ့ အသံကြားတော့ အဖေနဲ့ အမေက ကျွန်တော်

တို့မောင်နှမတွေကို အိမ်ပေါ်က နေအောက်ဆင်းခိုင်းပြီး အကာအကွယ်ရှိတဲ့နေရာ တွေမှာ ဝပ်ပြီးပုန်းခိုင်းထားတယ်။ ကျွန်တော်တို့ ပုန်းဝပ်နေတုန်း တစ်နေရာမှာ မီးတွေလောင်နေပြီဆိုတဲ့ အသံကြားရသလို ''ဖျောင်း..ဖျောင်း..ဖျောင်း''ဆိုတဲ့ အသံတွေကိုပါကြားလိုက်ရတယ်။ အဖေက''အဲဒါ သေနတ်သံပဲ''လို့ တုန်တုန်ယင်ယင်နဲ့ ဆိုတယ်။ အဲဒီ တုန်းကကျွန်တော်ကြားရတဲ့ သေနတ်သံက စာအုပ် တွေထဲမှာရေးထားသလို ''ဒိုင်း''ဆိုတဲ့ အသံမဟုတ် ဘူး။ ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတဲ့ အသံက ''ဖျောင်း''ဆိုတဲ့အသံ။

ရဲဘော်ချမ်းမြ

------------------

မှောက်ကာလမှာ ဖြစ်ပွား နေတဲ့ ရခိုင်ပြည်နယ် ပြ ဿနာရဲ့ ရှုပ်ထွေးမှုဟာ  နှစ်ပေါင်းများစွာ ရှည်ကြာပြီး ကုရခက်တဲ့ သမိုင်းအနာတစ်ခုလို့ ပြောလို့ရပါတယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ နာကျင်မှု ဒုက္ခလို့လည်း ပြောနိုင်ပါတယ်။ ဒါက မြန်မာ့အထွေ ထွေ အကျပ်အတည်းရဲ့ စနက်တံတစ်ခုလည်း ဖြစ်တယ်။ ပြဿနာကို ပူးပေါင်းပြီး ဖြေရှင်းတယ်ဆိုတာဟာ မြန်မာပြည်ကို ဖိအားပေးပြီး ပိုရှုပ် ထွေးအောင် လုပ်နေသလို ဖြစ်နေတယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနဲ့ပြည်ပမှာတူညီတဲ့သဘော ထားရှိသူတွေ မများပေမယ့်လည်း အရေးကြီးတဲ့ အကျိုးစီးပွားနဲ့ ဆက်နွှယ်လာတဲ့အခါမှာတော့မုချပဲ ကိုယ် တိုင်လိမ္မာပါးနပ်စွာနဲ့ ဆုံးဖြတ်ချက်ချပြီး ရွေးချယ်ရတော့မှာပါ။

 

Page 3 of 3