HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

NLD အစိုးရလက်ထက် ထင်သာမြင်သာသော အစိုးရအဖွဲ့အပြောင်းအလဲ

၂ဝ၁၇ ခုနှစ်အတွင်း NLD အနေ ဖြင့် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင် ရွက်မှုများ ပိုမိုမြန်ဆန်လာရေးအတွက် ဝန်ကြီးဌာနအချို့တွင် လိုအပ်နေသော ဒုတိယဝန်ကြီးများကို ဖြည့်စွက်ခန့်ထားခဲ့သည်။ သို့သော် နှစ်ကုန်ပိုင်းတွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ပထမပတ်မှ စတင်ကာ အစိုးရအဖွဲ့များအတွင်း ပြောင်းလဲမှုများစတင်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မျိုးမြန်မာပြည်ရွာ ၊ တို့စောင့်ရှောက်ဖို့ပါ သေရင်လည်းမကြောက်ပါ ၊ ရင်မြေကတုတ်ပါ

( ၁ )

''နှစ်နိုင်ငံနယ်နိမိတ်စာချုပ်ပါ  သတ်မှတ်ချက်များ  ချိုးဖောက်ရာ ရောက်သည့်  သဲအိတ် ၊ အိုဗာဟက်ပစ်ကျင်းနှင့်  ဘန်ကာများ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌  ပြုလုပ်ထား၍  တရားဝင်ကန့်ကွက်''   အထက်ဖော်ပြပါ ခေါင်းစဉ်ဖြင့် မြန်မာ့အလင်း သတင်းစာ မေ ၁၂ရက်နေ့ထုတ် စာမျက်နှာ ၁ဝတွင် သတင်းတစ်ပုဒ် ဖတ်ရှုရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာအစိုးရ ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများ

ဒီမိုကရေစီအစိုးရသက်တမ်း၏ ငါးနှစ်တာအချိန်သည် ၂ဝ၂ဝ တွင် ပြည့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဒီချုပ်အစိုးရ တာဝန်ယူထားသည်မှာ နှစ်နှစ်ကျော်ကြာကာလအတွင်း ရောက်ရှိပြီ ဖြစ်သည့်အလျောက် သောင်ပြိုကမ်းပြို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများထဲမှအချို့မှာ အစိုးရ၏ကိုင်တွယ်အုပ်ချုပ်မှုအပေါ် အားမလိုအားမရ ဖြစ်ပေါ်နေသည်။ တစ်ဖက်တွင်လည်း အစိုးရအနေဖြင့် ကဏ္ဍပေါင်းစုံမှ စိန်ခေါ်မှုများစွာ ရှိနေသည်မှာ မြေကြီးလက် ခတ်မလွဲပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အရက်သမား

ရွာဆိုမှတော့ တောအရက်သောက်ရ တာပေါ့။ တချို့က ချက်အရက်လို့ ပြောကြ သေးတယ်။ အရက်ဆိုမှတော့ ''ချက်''ရတာ ချည်းပါပဲ။ ဒါကို ချက်အရက်လို့ ခေါ်ကြသေး တယ်။ မချက်ရတဲ့အရက်ရှိသလား။ တချို့ က ချက်အရက်ကို ''ထွေးညို'' တဲ့။ ထွေးညို ဆိုတော့ တစ်ချိန်ကတော့ နာမည်ကြီး ဓာတ် ပြားပြဇာတ်ပေါ့။ ကွမ်းတောင်ကိုင် တော သူအချောအလှ ထွေးညိုကို တောအရက်နဲ့ တင်စားထားလိုက်ကြတာ။ အရက်သောက် တဲ့ကဗျာဆရာ တောဘက်ရောက်ခိုက် ဝေါ ဟာရအသစ် ထွင်ခဲ့သလားမသိ။ အခုတော့ ထွေးညိုဆို တောအရက်၊ တောအရက်ဆို ထွေးညိုဆိုတာ အားလုံးသိနေကြပါပြီ။

ဆက်လက်ဖတ်ရှုရန် ...

မိုးခေါ်တဲ့ ပွဲ

ရွှေကူမေနှင်း

*******************

 ' မိုးတွေ ရွာပြီ'

တစ်လောကလုံး ပြုံးရွှင်ဝမ်းမြောက်ကြရတယ်။ တောင်ဆီကဝေ့တက်လာတဲ့ မိုးသားတိမ်လိပ်တွေနဲ့ မိုးသက်လေကို ခံစားရင်း မိုးကိုကြိုကြတယ်။ မိုးကို လူတွေ တော်တော်ချစ်ကြတယ်။ လူတွေတင်မဟုတ်ပါဘူး။ သစ်ပင်မြက်ပင်တွေလည်း မိုးကိုချစ်ကြတာပါပဲ။ တောင်သူလယ်ယာလုပ်၊ ဓားမခုတ်သမားတွေဆိုရင် ပီတိတွေဝေလို့ပေါ့။

ဆက်လက်ဖတ်ရှုရန် ...

ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ကြစို့၊ ချစ်စွာသော သတင်းမီဒီယာ အို - အမောင်တို့

တက္ကသိုလ်စိန်တင်

******************

( ၁ )

''ဒုတိယအကြိမ် မြန်မာသတင်းစာမီဒီယာ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲ ကျင်းပ''

အထက်ဖော်ပြပါခေါင်းစဉ်ဖြင့် မေလ ၆ ရက်ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၈ တွင် သတင်းတစ်ပုဒ် ဖော်ပြပါရှိသည်။ ထိုသတင်းမှာ ဤသို့ဖြစ်၏။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူး၍ ''မြန်မာ့ဒီမိုကရေစီနိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာ ရပ်တည် ရေး'' ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် မြန်မာ သတင်းမီဒီယာစာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေး ရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ် ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်းအရှေ့ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန် ...

အမြွှာပူး အစိုးရ

ဆာသော်ဒိုး

**************

( က )
ပြည်ကား ကမ္ဘာတစ်လွှားမှာ ရှာမှရှား 'ထူး ခြား'သည့် တိုင်းပြည်။ ဘုရားဟောထဲမှာ 'လူမျိုးတစ်ရာ့တစ်ပါး'ဟု ပါသော်ငြား ယခုအခါ မြန်မာပြည်မှာတင် 'လူမျိုး ၁၃၅'မျိုးတိတိ ရှိနေပါသည်ဟု 'အဘ'တို့ ထုတ်ပြန်ခဲ့ပါ၏။ ထူးခြားလှသည့် ဤတိုင်းပြည်မှာ ဆယ့်နှစ်ရာသီပတ်လုံး 'ပွဲတော်'ကြီးတွေ တအုန်းအုန်း ခြိမ့်ခြိမ့် သဲသဲလည်း ရှိခဲ့ပါပေ၏။ တိုင်းနဲ့ပြည်နယ် ဆယ့်လေးခုခွဲ ထားပေရာ တောင်ပေါ်ဒေသနေ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ၏ ရိုးရာပွဲတော်များကိုပါ ထည့်သွင်းလိုက်ပါက 'ဆယ့်နှစ်ပွဲ' မကတော့မူဘဲ '၁၃၅'မျိုးအထိ ရှိသွားမည်ဟု ယူဆရပါ၏။

ဆက်လက်ဖတ်ရှုရန် ...

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ရခိုင်ပဋိပက္ခ

ရန်ကုန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် ဘင်္ဂါလီဒုက္ခသည်အများစု စုဝေးနေ ထိုင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့သို့ သွားရောက်လေ့လာမည်ဟု နိုင်ငံတကာ မီဒီယာများမှဖော်ပြပြီး ရက်ပိုင်းအတွင်း လုံခြုံ ရေးကောင်စီ၏ အမြဲတမ်းကိုယ်စားလှယ်ငါးဦး နှင့် ကိုယ်စားလှယ် ၁ဝ ဦး စုစုပေါင်း ၁၅ ဦးတို့ ပါဝင်သည့်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်သို့ ဧပြီ၂၈ ရက်တွင် စတင်ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...