HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး ခင်ယွန်းစံ ဇာတိမွေးရပ်မြေက ကွက်လပ် တစ်နေရာ

ရောင်နီတင်ဝင်း

*****************

 တစ်နေ့သ၌ ကျွန်ုပ်စာရေးသူသည် စီးပွားရေးလည်းမပါ အိမ်ကဇနီးမယားလည်း အမြင်ကပ်နေသည့် စာရေးစာဖတ်အလုပ်ကို လုပ်နေသည့် အလျောက်စာရေးရန် ကုန်ကြမ်းရှာဖို့အရေး အခွင့်အရေးမျှော်လင့်နေလေ၏။ ထိုစဉ် ခင်ဦးမြို့နယ် မဒေါင်းလှရွာက ရှင်ပြုမင်္ဂလာဖိတ်ကြားစာ တစ်စောင်ရာက်လာ၏။ ရေငတ်နေသူ ရေတွင်းထဲကျသည့်အလား ဝမ်းသာစွာဖြင့် ရှင်ပြုပွဲလည်းသွားရင်းစာရေးရန် ကုန် ကြမ်းရှာရင်း ခရီးထွက်ဖြစ်ခဲ့၏။ ရှင်ပြုမင်္ဂလာပွဲကျင်းပသည့် မဒေါင်းလှကျေးရွာအနီးက ရွှေကာရွာသို့ရောက်ရှိသွားတော့၏။

ဆက်လက်ဖတ်ရှုရန် ...

တစ်ခုသော တန်ဖိုးအား ခုတ်လှဲလိုက်ရသောအခါ

ပြည်သစ်ဟန်

***************

 

တန်ဖိုးရှိသောအရာနှစ်ခုယှဉ်လာခိုက် တစ်ခု ခုကို စွန့်လွှတ်လိုက်ရမည်ဆိုသောအခါ...။

အုန်းပင်ကြီးတစ်ပင် ကျွန်တော်၏အိမ်ရှေ့ လမ်းဘေးတွင် သက်တမ်းရှည်ကြာစွာပေါက်ရောက် ရှင်သန်နေခဲ့တာကြာလှပါပြီ။ လေခွင်းလျှင် အလက်တို့ပြုတ်ကျကြသည်။ ကြွက်ကိုက်လျှင် အုန်းသီးနုနုလေးတွေပါ အခေါင်းပေါက်တွေနှင့်မကြာခဏပြုတ်ကျကြသည်။ လေလွင့်သွားသောအသီးများပေါ့။ ကြွက်များအတွက်တော့ အသိုက်ဖြစ်သလို အစားအစာတစ်ခုပင်ဖြစ်သည်။ ပြုတ်ကျသောအုန်း လက်များကတော့ ထင်းအနေနှင့်အသုံးဝင်ပါသည်။ အုန်းလက်များက အချိန်တန်လာလျှင် ရင့်ရော် ခြောက်သွေ့ကာ သူ့အလိုလိုလည်းပြုတ်ကျတတ် ပါသည်။ အုန်းအလက်အသစ်များ အစားထိုးဝင် ရောက်လာသည်ပေါ့။ ဒါသဘာဝပင်မဟုတ်လား။

ဆက်လက်ဖတ်ရှုရန် ...

ဒေါ်အောင်ဆန်းစုကြည် ဆန့်သောလက် မကွေးမီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ပိုင်း ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မှစတင်ကာ မြန်မာ့နိုင်ငံရေးလောကထဲသို့ ဝင် ရောက်သည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် သြဂုတ်၂၄ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌ လူထုပရိသတ်နှင့်စတင်၍ ခဏတာ တွေ့ဆုံခဲ့သည်။ သြဂုတ်၂၆ ရက်တွင် ရွှေတိ ဂုံဘုရား အနောက်ဘက်မုခ်၌ ကျင်းပသည့် လူထုဟောပြောပွဲမှ စတင်ကာ နိုင်ငံကျော်ရုံ မျှမက ကမ္ဘာကျော်သည်အထိ ထင်ရှားကျော် ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အလုပ်လက်မဲ့နှင့် တိုးပွားလာသည့် ပြည့်တန်ဆာပြဿနာ

ရန်ကုန်၊

သား ညိုညို၊ နှာတံ သွယ်သွယ်နှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရား များကို ပိုင်ဆိုင်ထားသူ၊ အသက် ၂၅နှစ်အရွယ် မိန်းကလေးတစ်ဦး။ သူ့မျက်နှာပေါ်တွင် တန်ဖိုး အသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ် ထားပြီး အနီရင့်ရင့်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။ ကျောလယ်လောက်အထိရှည် သည့်ဆံပင်မှာ ရွှေအိုရောင်အကြား အဖြူဟိုက် လိုက် ဖောက်ထားလျက်။

ဆက်လက်ဖတ်ရှုရန် ...

စနစ်သစ်ပညာရေး ပညာရေးစနစ်သစ်

မကြာသေးမီ ရက်ပိုင်းအတွင်းက အခြေခံပညာရေးအဆင့် စာမေးပွဲ အောင်စာရင်းများ ထွက်သည်။ သေဆုံး နှင့် စာမေးပွဲမဖြေဆိုသူမှအပ သူငယ်တန်းမှ အဋ္ဌမတန်းအထိ စာမေးပွဲဖြေဆိုသူ ကျောင်း သား ကျောင်းသူများအားလုံး တစ်ယောက်မျှ ကျရှုံးခြင်းမရှိ ရာနှုန်းပြည့် အောင်မြင်ကြ သည်။ ယင်းအတွက် ကျောင်းသားကျောင်း သူများအားလုံး ပျော်ကြသည်။ မိဘများက မိမိတို့သားသမီးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်ပူပန်ကြသည်။ အထူးသဖြင့် ယခုနှစ် စာမေးပွဲအောင်စာရင်းများကို Grade A, B, C, D ခွဲခြားသတ်မှတ်ခြင်းမပြုဘဲ ထုတ် ပြန်ခဲ့ခြင်းကြောင့် သားသမီး၏ ပညာရေး အဆင့်အတန်းကိုမသိရှိရသဖြင့် စိတ်မကောင်း ဖြစ်ကြရသည်။ ထို့အတူ မိမိတို့သားသမီးများ ပညာတကယ် တတ်မတတ် အကဲခတ်ခွင့် မရသဖြင့် အားမလိုအားမရ ဖြစ်ကြရသည်။

ဆက်လက်ဖတ်ရှုရန် ...

သမ္မတသစ်၏ ပြုပြင်ပြောင်းလဲရေးအစ လက်တွေ့သာဓက

ရန်ကုန်၊ 


'' အုပ်စိုးတဲ့ လူတန်းစား၊ အာဏာရတဲ့ လူတန်းစားက သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ သူ့ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်း ထားပြီးတော့ သူတည်ထောင်ထားတဲ့ သူ့အကျိုး စီးပွားကာကွယ်မယ့် တရားရုံးကတစ်ဆင့် သူ့ရဲ့ ဆန့်ကျင်ဘက်ကို ဖိနှိပ်တာပေါ့ဗျာ။ အခု တည် ထားတဲ့ ဥပဒေတွေက စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့အတွက် စစ်အာဏာရှင်လွှတ်တော် ကနေ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဗျ။ လူထုကို ကာကွယ်ဖို့မဟုတ်ဘူး။ သူ့တရားရုံးကလဲ သူချ ထားတဲ့ဥပဒေကို ကျော်လုပ်လို့ မရဘူး။ အဲဒီ အတိုင်း သွားရတာဖြစ်တဲ့အတွက် သမ္မတကြီး စဉ်းစားဖို့ကတော့ တရားစီရင်ရေးပြုပြင်ပြောင်း လဲရေးဆိုတာ တရားရုံး တစ်ခုတည်း ပြုပြင် ပြောင်းလဲလို့မရနိုင်ဘူး''ဟု သုံးသပ်ပြောဆိုလာ သူမှာ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးသိန်းသန်းဦး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

သမ္မတသစ် မိန့်ခွန်းနှင့် သတင်းမီဒီယာသမားများအတွက် မျှော်လင့်ချက်

ရန်ကုန်၊ အစိုးရသက်တမ်း ငါးနှစ်အတွင်း ဒု တိယအကြိမ်အဖြစ် နိုင်ငံတော်သမ္မတရာထူး ကို ဦးဝင်းမြင့်က မတ် ၃ဝ ရက်တွင် တရားဝင် ရယူခဲ့သည်။ အဆိုပါနေ့ ပြည်ထောင်စု လွှတ် တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတနှင့် ဒု တိယ သမ္မတများ ကတိသစ္စာပြုပြီးနောက် ခုနစ် မိနစ်နှင့်သုံးစက္ကန့်ကြာ မိန့်ခွန်းအား သမ္မတသစ် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

သစ်မှောင်ခို၊ မူးယစ်ဆေး၊ ကျောက်စိမ်းမှောင်ခိုနှင့် လူမှောင်ခိုလုပ်ပြီး ဘယ်သူတွေ စီးပွားရှာနေလဲ

စီးပွားရေးသမားဟာ ဘယ်အချိန် အကြိုက်ဆုံးလဲမေးရင် ကန့်သတ် လိုက်တဲ့အချိန် အကြိုက်ဆုံးလို့ဖြေတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက် ပိုင်းတွေမှာ သစ်မခုတ်ရ၊ ကျောက်စိမ်းမှောင် ခိုမတင်ရ အမိန့်ချမှတ်ထားပေမယ့် သစ် မှောင်ခို၊ ကျောက်စိမ်းမှောင်ခို၊ လူမှောင်ခိုနဲ့ မူးယစ်ဆေး သယ်ယူမှုတွေ ကျယ်ကျယ်ပြန့် ပြန့်ရှိနေတာ ကြာပါပြီ။

ဆက်လက်ဖတ်ရှုရန် ...