HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူတို့ခံစားချက်

ရန်ကုန်၊ '' ဥပဒေစိုးမိုးရေးကတော့ အိမ်ထဲမှာ နေရင် မုဒိမ်းကျင့် သတ်ခံရတယ်။ အပြင်သွားရင်လဲ မုဒိမ်းကျင့် အသတ်ခံရတယ်။ တက္ကစီစီးရင်လဲ တက္ကစီသမားက မုဒိမ်းကျင့် သတ်တယ်။ နိုက်ကလက်သွားရင် ခုံနဲ့ဝိုင်းရိုက် သတ်တယ်။ တရားရုံးသွားလို့ရှိရင်လဲ တရား ရုံးတွေမှာ ထမင်းဝဝစားထားဆိုပြီး ပြောနေသူ တွေ ရှိတယ်။ လူသတ်တဲ့အမှုတွေက မပေါ်ဘူး။ တရားခံတွေက ရာဇဝတ်မှုတွေကနေ ပြေးလွတ် နေတယ်။ ဆိုတော့ အဲဒီလို အနေအထားမျိုး ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကတော့ အတော်ကြီး ပြိုကျပျက်စီးနေတယ်လို့ ပြောရ မှာပဲ''ဟု တရားဥပဒေစိုးမိုးမှု အခြေအနေနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းဦးက မှတ်ချက်ပြု ပြောဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က အရေးယူခွင့်ရှိသလား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်က အစွန်း ရောက် ဘင်္ဂါလီလက်နက်ကိုင်အကြမ်းဖက် (ARSA)အဖွဲ့သည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ရဲကင်းစခန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားသုံး ဝင်ရောက်တိုက် ခိုက်ခဲ့သည်။ ယင်းပဋိပက္ခအတွင်း၌ တပ်မ တော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မ တော်သား ၉ ဦး၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂၁ ဦး၊ စုစုပေါင်း ၃ဝ ၊ ဒေသခံတိုင်းရင်းသား ၂၁ ဦး၊ ဟိန္ဒူဘာသာဝင် ၅၂ ဦး၊ အစ္စလာမ်ဘာသာ ဝင် ၅၁ ဦး၊ စုစုပေါင်း ၁၂၄ ဦး အသက်ဆုံး ရှုံးခဲ့သည်။ ဒေသခံတိုင်းရင်းသားများ အပါ အဝင် ၄င်းဒေသရှိ ဟိန္ဒူဘာသာဝင်များ နေ ရပ်စွန့်ခွာ ထွက်ပြေးသဖြင့် အိုးမဲ့၊ အိမ်မဲ့ဖြစ် ခဲ့ရသည်။ ယင်းအကြမ်းဖက်လုပ်ရပ်များအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဖြစ် သည့် ARSA အဖွဲ့မှ ဝန်ခံထားသည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ဗေဒင်၊ ယတြာ အားကိုးပြီး ကျော်ဖြတ်ကြမှာလား

ဆရာ ဖဂျက်ရီ တင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ်)

****************************************************

၂ဝ၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကား ရက်အနည်းသာလိုပါတော့သည်။ အချို့ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာသင်နှစ်စကတည်းက စနစ်တကျအချိန်ဇယားနှင့် ကြိုတင်ပြင်ဆင်ခဲ့ကြသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် အဆင်သင့် ဖြစ်နေကြပါပြီ။ အချို့ကျောင်းသားကျောင်းသူများ hot spot မေးခွန်းနောက်လိုက်နေကြသည်။ အချို့လည်း ''ဘယ်လူကြီးရဲ့မြေး၊ ကျိတ်ဝိုင်းကျူရှင်''က၊ ခန့်မှန်း မေးခွန်းက လာမယ့်စာမေးပွဲကြီးမှာ အနည်းဆုံးဘယ်နှမှတ်ဖိုး ကြိမ်း သေပါမယ်''ဆိုပြီး မိတ္တူကူးယူသင်ပေး၊ သင်ယူလုပ်နေသူတွေကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးပြကြီးတွေမှာ မရေတွက်နိုင်အောင်ပင် များပြားလွန်းလှသည်။ ဗေဒင်၊ ယတြာ၊ မန္တရားဆရာများကလည်း မြန်ပြည်တစ်ဝန်း နေရာပေါင်းစုံမှ အလျှိုလျှိုထွက်ပေါ်လာနေကြသည်။ ထိုဆရာသမားတို့အားဆက်သရ သော အလှူငွေကြေး၊ ဥာဏ်ပူဇော်ခကြေးများကလည်း မနည်းလှ ချေ။ ''လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ''ဆိုတဲ့စကားကလည်း အခုလို စာမေးပွဲရာသီ အချိန်မျိုးတွင် ရာခိုင်နှုန်းပြည့်မှန်နေသလိုမျိုး စာရေးသူခံစားနေရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖေ့စ်ဘွတ်ခ်ပေါ်က လိမ်လည်မှုတွေ ကာကွယ်ဖို့လိုပြီ

နိုင်ငံတစ်ခုတွင် ကံစမ်းမဲပေါက်သည်ဟုလည်း ကောင်း၊ ထီကံစမ်းသည်ဟူ၍လည်းကောင်း၊ဆုမဲပေါက်သည်ဟုလည်းကောင်း နည်းမျိုးစုံဖြင့် ပြောဆို ကာ ဒေါ်လာငွေ သန်းပေါင်းများစွာ ရရှိမည်ဖြစ်ပြီး ထိုငွေ အား ယူဆောင်ရန်အတွက် အခွန်ကြေး ငွေကျပ် သိန်း ရာဂဏန်းအား ပေးဆောင်ရန်လိုအပ်ကြောင်း လူမှုကွန် ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ပေါ်မှတစ်ဆင့် လိမ်လည်ကာ ငွေကြေးတောင်းခံသည့်စနစ်က ပြန်လည်တွင်ကျယ်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

ဈေးသည်မ

ခက်ဆစ်လင်း(ပြည်)

ခရမ်းလွန်ရောင်ခြည်များ၊ အယ်လ်နီညိုများ၏ဘေး အန္တရာယ်ကို တွေးပူနေရန်အတွက် သူမတွင် အခွင့်အရေးမရှိခဲ့ပါ။ နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးပါးစလုံး၏ နံနက်ခင်းတိုင်းတွင် ဈေးဗန်း ကလေးကိုခေါင်းတွင်ရွက်ကာ သူမအနေဖြင့်လမ်းအပေါ် သို့ထွက်ခဲ့ရသည်ချည်းသာဖြစ်ပါသည်။ နွေနေမည်သို့ ပူပြင်းပူပြင်း သူမဂရုပြုမနေနိုင်သလို၊ မိုးတွေမည်မျှသည်းသည်း သူမအရေးစိုက်၍လည်း မနေနိုင်ပါ။ ဆောင်းနှင်းတွေမည်မျှဝေနေပါစေ၊ ဈေးဗန်းကလေးကိုရွက်ထားသည့် သူမ၏ခြေလှမ်းများကတော့မြို့ကလေး ၏ လမ်းတကာအထက်တွင်သာ ပြေးလွှားလှုပ်ရှားနေရစမြဲဖြစ်ပေသည်။ သူမအတွက် တစ်နေ့တာမျှော် လင့်ချက်ဟူသည်မှာလည်း ထမင်းနှစ်နပ်သာ ဖြစ်ပါ၏။ မြို့ကလေး၏ လမ်းတကာအထက်တွင် ခြေလှမ်းပေါင်းများစွာကိုထပ်နေအောင် လျှောက်လှမ်း နေနိုင်ပါမှ သူမ၏ခေါင်းပေါ်မှဈေးဗန်းကလေးလည်း ပေါ့သထက်ပေါ့ပါးလာပေလိမ့်မည်။ ထို့ကဲ့သို့ ခေါင်း ပေါ်မှဈေးဗန်းကလေး ပေါ့သထက်ပေါ့လာခြင်းပင် လျှင် သူမအတွက်ပျော်ရွှင်စရာအခိုက်အတန့်လေးများလည်း ဖြစ်နေပါတော့သည်။ သို့မှလည်း လက်လုပ်လက်စားဖြစ်သည့်သူမအနေဖြင့် အနီးကပ်ဆုံးသော မနက်ဖြန်များအတွက် အားအင်များထပ်မံမွေးမြူနိုင် မည်လည်းဖြစ်နေခြင်းကြောင့်ပင်။

ဆက်လက်ဖတ်ရှုရန် ...

အမြင်ဖြင့် ဆုံးဖြတ်ခြင်းသည် အမှားများ၏

ဇင်မင်း (မြို့သာ)

============

ယနေ့ခေတ်တွင် ပညာရေးဌာနနှင့်ပတ်သက် သောသတင်းများ ဖေ့စ်ဘွတ်ခ်ပေါ်တွင်မကြာ ခဏတွေ့နေရ၏။ သတင်းစာများတွင်လည်း မကြာခဏ ဖတ်ရှုတွေ့မြင်နေရသည်။ ဆရာတစ်ဦးက တပည့်တစ်ဦးအား အကြောင်းတစ်ခုခုကြောင့်ရိုက်သည့်အခါ လက်လွန်၍အညိုအစင်းများထင်ခြင်း၊ ဆရာမတစ်ဦးမှ ကျောင်းသားတစ်ဦးအားလက်သည်း ဖြင့်ဆွဲဆိတ်သည့်သတင်းများနှင့် အခြားသော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ဆရာ၊ ဆရာမများရိုက်နှက်ဆုံးမကြသည်မှာ လက်လွန်ကြသည်များကို လူမှုကွန်ရက်တွင်မကြာခဏတွေ့နေရ၏။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင်းက ထိတ်လန့်ကြောက်ရွံ့ဖွယ်မှုခင်းများ

ရန်ကုန်၊ နှစ်တစ်နှစ်ကုန်၍ နောက်တစ်နှစ်သို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။ ကုန်ဆုံးခဲ့သည့် နှစ်အတွင်း၌ ပြောင်းလဲမှုများစွာ၊ အဖြစ်အပျက် ပေါင်းများစွာ ဖြစ်ပျက်ခဲ့ကာ ယင်းတို့အနက်မှ မှုခင်းဖြစ်စဉ်များစွာမှာ အများပြည်သူအတွက် ထိတ်လန့်ဖွယ်ရာ အခြေအနေများအဖြစ် တည် ရှိလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆေးဝါးတု ၊ စားသောက်ကုန်အတုများနှင့် ပြည်သူ့ကျန်းမာရေး


ရန်ကုန်၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့် ပညာရေးမှာ အဓိကကျသည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဒီဇင်ဘာ ၂၃ ရက်တွင် ဒေါ်ခင် ကြည် အမျိုးသမီးဆေးရုံ လွှဲပြောင်းပေးအပ်ပွဲ နှင့် ဆေးရုံဖွင့်လှစ်သည့်အခမ်းအနားတွင် ပြော ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...