HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

လေကိုဆန်ကာ တို့ပျံမလား

ဒီမိုကရေစီတူဒေး

ဤရက်ပိုင်းတွေမှာ မကြီးကျယ်တစ်ယောက် အကြီးအကျယ် စိတ်ညစ်နေသည်။ စိတ်ညစ်ရသည့် အကြောင်းရင်းမှာလည်း အတော်ကြီးသည်။ ယခင် နံနက်ပိုင်း ၅ နာရီ အိပ်ရာထသော်လည်း ယခု ၄ နာရီ အိပ်ရာထရတော့မည်။ သား ကျောင်းသားအတွက်၊ လင်တော်မောင်ရုံးသွားဖို့အတွက်၊ ကိုယ့်ရုံးသွားဖို့အတွက် ထမင်း၊ဟင်းများကိုအ မြန်ချက်ပြုတ်ပြင်ဆင်ရတော့မည်။ မကြီးကျယ်တို့အတွက် အချိန်ပိုထွက်လာဖို့က အရေးကြီးသည်မဟုတ်ပါလား။ မကြီးကျယ်၏ အကြီးအကျယ် စိတ်ညစ်ခြင်းသည် မည်သည့်နေရာမှ မြစ်ဖျားခံသနည်း။ လင် ယောက်ျားဖြစ်သူ ကိုတတ်ပကြောင့်လား။ မဟုတ်ပါ။ ဒါဆိုသားတော်မောင်ဖြစ်သူ မောင်ကျောင်းသားကြောင့်လား။ ဒါလည်းမဟုတ်ပါ။ ရုံးတွင်လည်း အစစအဆင်ပြေပါသည်။ ဒါဆို မကြီးကျယ်တစ်ယောက်ဘာကြောင့် အကြီးအကျယ် စိတ်ဆင်းရဲနေရသနည်း။

ဆက်လက်ဖတ်ရှုရန် ...

ပြောသူသည် နားထောင်တတ်သူ မဟုတ်

ဒိုးဒိုးဒေါက်

----------------

ပြီးခဲ့တဲ့နေ့တစ်နေ့က နေပြည်တော်သား အကျွန် ငဒေါက်ငနဲသား ဈေးသွားတော့ မျှော်လင့်မထားတဲ့သူတစ်ဦးနဲ့ တည့်တည့်ကို တိုးပေတာပ။ အကျွန်နဲ့သူ ကွဲကွာခဲ့တာ ဆယ်စုနှစ်၊ နှစ်နှစ် လောက်တောင် ကြာပါပကောလားဗျာ။ သူ့ကိုမြင်မြင်ချင်း အကျွန်က မှတ်မိသလို၊ သူကလည်း မှတ်မိလေသဗျ။ သူ့နာမည်က ကိုအောင်တင့်(အမည်လွှဲ)ပါ။ အကျွန့်ထက် အသက်ငါးနှစ်ကျော်ကျော်ကြီးသူမို့ အကျွန်အပါအဝင် သက်တူရွယ်တူ လူငယ်များက ချစ်စနိုးဖြင့် အစ်ကိုအောင်လို့ ခေါ်ပေတယ်ပ။ အစ်ကိုအောင်ဟာ ခပ်ပျော်ပျော်နေတတ်တဲ့ လူပျိုကြီး တစ်ဦးပါပေ။ သလို ချစ်စနိုးခေါ်တာကို အစက သဘောဝှေ့ နှစ်ခြိုက်ပေမယ့် နောက်တော့ ဘယ်လိုအတွေးပေါက်သွားသလဲမသိ။

ဆက်လက်ဖတ်ရှုရန် ...

သူရဲကောင်း (ရဲဘော်သုံးကျိပ်)တို့ လဲလျောင်းရန် မြေတစ်နေရာ  

မောင်ဆန္ဒ(လယ်ဝေး)

 **************************

ရဲဘော်သုံးကျိပ်ဟုပြောလိုက်လျှင် မြန်မာပြည် လွတ်လပ်ရေးရရန် ဂျပန်ပြည်သို့ စစ်ပညာသွား ရောက်သင်ယူပြီး အသက်ပေးတိုက်ခိုက်သူများဟု မြန်မာတိုင်းရင်းသားမှန်သမျှ သိကြသည်။ ထို့နောက် ရဲဘော်သုံးကျိပ်ကို ဦးစီးခေါင်းဆောင်သူမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟု သိကြပြန်သည်။ ဂျပန်ပြည်၌ စစ်ပညာသင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းက (အိုမိုဒါမွန်ဂျီ)ဟူသော ဂျပန်အမည်ခံယူပြီး တော်လှန်ရေးကာလတွင် ဗိုလ်တေဇဟု ဗိုလ်ဘွဲ့ခံခဲ့သည်။ ဗိုလ်ဘွဲ့ခံချင်၍မဟုတ်။ နောက်ပိုင်းတွင် ကျန်ရစ်သော မိဘဆွေမျိုးများကို အကြောင်းရှာ နှိပ်စက်မှုမခံရစေရန် နာမည်ဝှက်ယူခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဂီတ ဖန်တီးမှု

ရွှေကူမေနှင်း

+++++++++++

လူသားတွေရဲ့ ဖြစ်တည်မှုမှာ ဝမ်းစာရှာရတာအပြင် အချင်းချင်းဆက်သွယ်ရတဲ့ 'ဘာသာစကား'ဟာ ပထမဆုံး ဖွံ့ဖြိုးမှုဖြစ်ပါတယ်။ အသံထွက်ရုံ 'ဝူးဝူးဝါးဝါး'ကနေ ဆိုလိုတဲ့အဓိပ္ပာယ်ကို ပြနိုင်ဖို့ အချိန်အကြာကြီးနေခဲ့ရပုံရှိပါတယ်။ အဲဒါနဲ့အတူ ခံစားချက်ကို ဖွင့်ဟတဲ့ 'အသံ'ဟာလည်း ပေါ်ပေါက်လာဟန် ရှိတယ်။ ဝမ်းသာရင်၊ ဝမ်းနည်းရင်..အသံတစ်မျိုးစီ ဖွင့်ထုတ်ကြရာက အသံရိုးရိုးကနေ .. 'သံစဉ်' ဖြစ်လာတာဟာ 'ဂီတ'ရဲ့ ဇာစ်မြစ်ပါပဲ။

ဆက်လက်ဖတ်ရှုရန် ...

ဝဇီရာပွဲက ပြန်ခဲ့တယ်

ကိုရွှေအောင်

<----------------->

 ဇူလိုင်၊ သြဂုတ် နှစ်လစလုံး ရန်ကုန်မှာ မိုးဖြိုင်ဖြိုင် ရွာလိုက်တာ မိုးနဲ့၊ လေနဲ့ အပြင်မထွက်ချင်တာနဲ့ ရုံးပိတ်ရက်တွေမှာတောင် ရန်ကုန်မြို့တွင်း ဟိုဟိုဒီဒီ မသွားဖြစ်တဲ့အထိပဲ။ စက်တင်ဘာလဆန်ပိုင်းရောက်ပြီး စနေတစ်ရက် စက်တင်ဘာ ၈ ရက်နေ့မှာတော့ နေသာတာနဲ့ မြို့ထဲထွက်ဖြစ်တယ်။ နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာသတင်းတွေဖတ်ကြည့်တော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ဝဇီရာရုပ်ရှင်ရုံမှာ ရုပ်ရှင်ပွဲတော်တစ်ခုပြသဖို့ရှိတယ်လို့ သတင်းရလိုက်တယ်။ ၂၉ လမ်းက မြင့်ချစ်တီးထမင်းဆိုင်ကို အရင်သွားပြီး အဆင့်မြင့်မြင့်စား၊ (အဆင့်မြင့်ဆို ဆိုင်က လေးထပ်မှာ) ပြီးမှ ဝဇီရာရုံဘက်ထွက်ခဲ့တယ်။

ဆက်လက်ဖတ်ရှုရန် ...

အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးခုနှစ်ကို ရှာဖွေခြင်း

မောင်ဖြူ (ကြွီတဲကျွန်း) -- အယာနာပီအဖွဲ့

--------------------------------------------------------

ရှေးခေတ်ရခိုင်ဒေသသည် မြန်မာပြည်တွင် အခြားဒေသများနှင့်မတူ တစ်မူထူးခြားသည့်ဒေသတစ်ခုဖြစ်သည်။ အကြောင်းမှာ ရခိုင်ဒေသ၌ သက္ကတဘာသာဖြင့် ရေးထိုးထားသောကျောက်စာအတော်များများ တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။ ရခိုင်သည် ပထဝီအနေအထားအရ အိန္ဒိယပြည်အရှေ့ မြောက်ပိုင်းနှင့် နယ်မြေတစ်စပ်တည်းနီးကပ်စွာတည်ရှိသောကြောင့် ရှေးခေတ်ကကူးလူး ဆက်ဆံသွားလာမှုများပြားခဲ့မည်မှာ အထူးတင်ပြစရာလိုမည်မဟုတ်ပေ။ ထိုအကြောင်း တရားများကြောင့် ရှေးရခိုင်တို့သည် အိန္ဒိယမှ စာပေဘာသာယဉ်ကျေးမှုတို့ကို တိုက်ရိုက် လက်ခံရရှိခဲ့ခြင်းဖြစ်သည်ကို အာနန္ဒစန္ဒြမင်း ကျောက်စာက မှန်ကန်ကြောင်း သက်သေခံနေသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆင်းရဲသားများအတွက် ရန်ပုံငွေ  

မောင်သိန်းညွန့်(ကော့ကရိတ်)

-----------------------------------

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဆင်းရဲသားများအတွက် ရန်ပုံငွေထူထောင်တဲ့သတင်းတွေကို ဖတ်ရတဲ့အခါမှာ လွန်စွာဝမ်းသာကြည်နူး ဖြစ်ရပါတယ်။ တစ်ကြိမ်တည်းမှာ ကျွန်တော်ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်သက်တမ်းအတွင်း ဆင်းရဲမှုအဆင့် ၂၆ ရာခိုင်နှုန်းရှိတဲ့ မြန်မာနိုင်ငံသားတစ် ယောက်အနေနဲ့ သူတို့ရဲ့အစီအစဉ်တွေ၊ ပရဟိတရန်ပုံငွေ ထူထောင် ကြတဲ့သတင်းတွေကို လေ့လာသင်ယူပြီး ပြန်လည်မျှဝေလို့ရပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ပညာရေးနှင့် နိုင်ငံရေးသိပ္ပံ သင်ကြားရေး

<<<<<<<>>>>>>>>

ဒေါက်တာမောင်သင်း

 <<<<<<<>>>>>>>>

ပညာရေးဟာ နိုင်ငံတိုင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးရေးကို စွမ်းဆောင်သူများမှာ လူသားပင်ဖြစ်ပါသည်။ လူသားဆိုပေမယ့် အရည်အသွေးနိမ့်ကျသူများဖြင့် ဖော်ဆောင်၍ မဖြစ်နိုင်ကြောင်း သမိုင်းကသက်သေပြခဲ့ပါသည်။ လူသားရဲ့ စွမ်းဆောင်ရည်မြင့်မားအောင် သမိုင်းစဉ်ဆက် လေ့ကျင့်ပေးသည့်လုပ်ငန်းကတော့ ပညာရေးပင် ဖြစ်ပေသည်။ သို့ပါ၍ နိုင်ငံတစ်နိုင်ငံလုံးရဲ့ အရေးအရာတွေ ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေမှာ ပါဝင်စွမ်းဆောင်ကြမည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ပေးတဲ့ လုပ်ငန်း ဖြစ်လို့ ပညာရေးဟာ နိုင်ငံရေးပဲဖြစ်ပါသည်။ ထို့အတူ နိုင်ငံရေးရဲ့အရေးအရာထဲမှာ ''ပြည်သူများတွင်လည်း နိုင်ငံရေးအသိအမြင်ကျယ်ခြင်း'' ဆိုတဲ့ အင်္ဂါရပ်တစ်ခုလည်း ပါဝင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...