• About Us
  • Advertise
  • Careers
  • Contact Us
Saturday, December 7, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူတို့ခံစားချက်

by YMG
June 12, 2019
in Articles
5 min read
0
0
SHARES
18
VIEWS
Share on FacebookShare on Twitter

ရန်ကုန်၊ ” ဥပဒေစိုးမိုးရေးကတော့ အိမ်ထဲမှာ နေရင် မုဒိမ်းကျင့် သတ်ခံရတယ်။ အပြင်သွားရင်လဲ မုဒိမ်းကျင့် အသတ်ခံရတယ်။ တက္ကစီစီးရင်လဲ တက္ကစီသမားက မုဒိမ်းကျင့် သတ်တယ်။ နိုက်ကလက်သွားရင် ခုံနဲ့ဝိုင်းရိုက် သတ်တယ်။ တရားရုံးသွားလို့ရှိရင်လဲ တရား ရုံးတွေမှာ ထမင်းဝဝစားထားဆိုပြီး ပြောနေသူ တွေ ရှိတယ်။ လူသတ်တဲ့အမှုတွေက မပေါ်ဘူး။ တရားခံတွေက ရာဇဝတ်မှုတွေကနေ ပြေးလွတ် နေတယ်။ ဆိုတော့ အဲဒီလို အနေအထားမျိုး ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကတော့ အတော်ကြီး ပြိုကျပျက်စီးနေတယ်လို့ ပြောရ မှာပဲ”ဟု တရားဥပဒေစိုးမိုးမှု အခြေအနေနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းဦးက မှတ်ချက်ပြု ပြောဆိုသည်။

တရားစီရင်ရေးကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုများကို စီမံချက်များချမှတ်ကာ လုပ်ဆောင် နေသည်ကို တွေ့ရသော်လည်း စစ်အစိုးရလက်ထက်အတွင်း နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးခဲ့သည့် စနစ်ယန္တရားများနှင့် ပြည်သူအကြား ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်သည်ဟု သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်သို့ ရောက်ရှိစေရန် ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို ဆောင်ရွက်သည့်ကာလ တစ်ခုကို ဖြတ်သန်းရာတွင် အစိုးရအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ကိစ္စရပ်များသည် စိန်ခေါ် မှုများဖြစ်ပြီး ကြိုးစားဖြေရှင်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

”တရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့ တရား စီရင်ရေးမှာ သူတို့တွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ စီမံချက်တွေနဲ့ပေါ့။ အသိအမှတ် ပြုပါတယ်။ သို့ရာတွင် အဲဒီအတိုင်းချည်းပဲတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ သူတို့ဘက်ကတော့ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်တဲ့ တရားစီရင် ရေးမှာ ရာဇဝတ်တရားစီရင်ရေးနဲ့ပတ်သက်တဲ့ တရားရုံးတို့ ရှေ့နေချုပ်ရုံးတို့ကတော့ ပြုပြင် ပြောင်းလဲမှုဖြစ်ဖို့ ကြိုးပမ်းနေတာကို တွေ့ရ တယ်။ သို့ရာတွင် အခြားတစ်ဖက်မှာတော့ တရား ဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ ငညျအငအကအငသည တွေ၊ ပြည်ထဲရေးဝန်ကြီးဌာနလို ဌာနတွေကတော့ ဘာမှတော့ မပြောင်းလဲဘူး။ ဘာမှလဲ မလုပ် ပေးနိုင်ဘူး။ ပြောလဲ မပြောဘူး။ တုပ်တုပ်မျှ မလှုပ်ဘူး”ဟု ဦးသိန်းသန်းဦးက သူ၏အမြင် ကို ဆက်လက်သုံးသပ်ပြသည်။

 

ခြေ/ဥ ပြဋ္ဌာန်းချက်နှင့် နိုင်ငံသားအခွင့်အရေး

 

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်း ချက် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ မူလ အခွင့်အရေးနှင့် တာဝန်များကဏ္ဍတွင် ပုဒ်မ ၃၄၇ ၌ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် မည် သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့် အရေး ရရှိစေရမည်။ ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည် ဟု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ-၃၇၅ တွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူ တစ်ဦးဦး သည် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရှိစေရမည် ဟု အတိအလင်း ဖော်ပြထားသည်။

ထိုအခြင်းအရာသည် နိုင်ငံသားတစ်ယောက် အတွက် ဥပဒေအကာအကွယ်ကို အပြည့်အဝ ပေးထားခြင်းလည်းဖြစ်သည်။ သို့သော် အဆိုပါ ပြဋ္ဌာန်းချက်သည် စာရွက်ပေါ်တွင် ဖော်ပြပါရှိ သည့် အခြေအနေထက် ပြည်သူများ၏ လက် တွေ့ဘဝတွင် ထိရောက်စွာ လိုက်နာကျင့်သုံး၍ ပြည်သူများအား ဥပဒေအကာအကွယ်ကို အ ပြည့်အဝ ပေးအပ်နိုင်ပါက အကျိုးရှိနိုင်မည့် ပြဋ္ဌာန်းချက်များ ဖြစ်သည်။

ထို့အပြင် တရားစီရင်ကဏ္ဍအတွင်း ဥပဒေ နှင့်မညီသည့် ဆောင်ရွက်ချက်များ၊ ဆုံးဖြတ် ချက်များကို ချမိခြင်း သို့မဟုတ် ဥပဒေအား ကျော်လွန်၍ ဆုံးဖြတ်မိပါက အများပြည်သူတွေ အတွက် ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်သည်။ ထို့ အတူ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ စသည့် အဂတိတရားများနှင့် ပတ်သက်ဆက်နွှယ်ကာ စီရင်ဆုံးဖြတ်မိခြင်းသည်လည်း ပြည်သူများ အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် အဂတိလိုက် စားမှု မြောက်ခြင်းကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် သတိပြုသင့်သည်။

 

လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် တရားစီရင်ရေး

 

RelatedPosts

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အောင်မြင်နိုင်ခြေ နည်းနေ

June 17, 2019

စစ်နဲ့ ငြိမ်းချမ်းရေးကြားက အကာအကွယ်မဲ့ လူတန်းစား

June 13, 2019

ဇာတ်ပျက် ဗျူရိုကရက်ကြီးများခေတ်

June 13, 2019

အမှတ်တရ ပုံရိပ်များ

June 13, 2019

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လူမှုကွန်ရက် စာမျက်နှာများအတွင်း ပျံ့နှံ့ခဲ့သည့် သတင်း စကားများက ပြည်သူများအကြား စိတ်ဝင်စားမှု များပြားခဲ့သည်။ မန္တလေးတိုင်း ပြည်ကြီးတံခွန် တရားရုံးတွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့် စဥ့်ကူးမြို့ နယ် တရားရုံးတွင်ဖြစ်ခဲ့သည့် ဖြစ်စဉ်များ ဖြစ် သည်။ အဆိုပါဖြစ်စဉ်များတွင် အမှုအခြေအနေ ကို သေချာသိရှိခြင်း မရှိသော်လည်း ¤င်းတို့၏ ပြောဆိုချက်များအရ ဥပဒေပါ ပြဋ္ဌာန်းချက်မှ အကာအကွယ်ပေးထားသည့် အခြေခံ အခွင့် အရေးအချို့ ပျောက်ဆုံးနေသည့် အချက်များ ကို တွေ့ရှိရကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်ကြသည်။ 

 

မန္တလေး ပြည်ကြီးတံခွန် တရားရုံးအတွင်း ဖြစ်ပေါ်ခဲ့သည့် အမှုတွင် အမိန့်ချမှတ်သည့် အမှုနှင့်ပတ်သက်၍ နစ်နာသည်ဟုဆိုကာ ရှေ့ နေဖြစ်သူမှ တရားရုံးအား ဖိနပ်ဖြင့် ပစ်ပေါက် ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် တရားလွှတ်တော်ရှေ့နေ များ၏ သုံးသပ်ချက်အရ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၂၈ (ပြည်သူ့ဝန်ထမ်းတစ်ဦး တရားစီရင် မှု ဆောင်ရွက်နေချိန်မှာ တမင်စော်ကားဝင် ရောက် နှောင့်ယှက်ခြင်းကို ကျူးလွန်ခြင်း)ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် အာမခံလျှောက် ထားပါက ပေးအပ်ရမည့်အမှု ဖြစ်သည့်အပြင် ရှေ့နေလိုက်ပါခွင့်ကို ပိတ်ပင်ခြင်းသည် ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း သုံးသပ်ကြသည်။

 

”ရှေ့နေကို ဝင်ခွင့်မပေးဘူးဆိုတာ။ စီရင်ချက်မှာ တရားလွှတ်တော်ရှေ့နေရဲ့ နာမည်ပါတယ်။ ဒါပေမဲ့ ပြောနေတာတွေက ရှေ့နေ က အခန်းထဲဝင်လို့ မရဘူးလို့ ပြောနေတယ်။ အဲဒီအဖြစ်အပျက်ကို ပြောရမယ်ဆိုရင် တိတိ ကျကျ ရေးပါ။ ကျွန်တော် အမှားအမှန်မသိဘူး။ ဖြစ်စဉ်ကိုမသိဘူး။ ဝင်ခွင့်မရဘူးဆိုရင် မှားတယ်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းဟာ ဥပဒေအရာမှာ တန်းတူအခွင့်အရေးရှိပြီး တော့ ဥပဒေရဲ့အကာအကွယ်ကို လူတိုင်းရခွင့် ရှိတယ်။ ငြင်းပယ်ခံရာ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ငြင်းခံရတာ ဖြစ်တယ်လို့ ပြောချင်တယ်”ဟု ဦးသိန်းသန်းဦး က ဆက်လက်ပြောဆိုသည်။

 

ထို့အပြင် ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ မဟာဗျူဟာစီမံကိန်းများ ချမှတ်၍ တရားရေးဝန်ထမ်းများသည် လူထုနှင့် ဆက်ဆံခြင်း၊ သတင်းမီဒီယာများနှင့် ဆက်ဆံ ခြင်း စသည်တို့တွင် ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ရန်အတွက် သင်တန်းများပေးခြင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသော်လည်း ယခုကဲ့သို့ တရားရုံးနယ်ပယ် အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် တရားဥပဒေစိုးမိုးရေးနယ်ပယ်ကို ထိခိုက်စေ နိုင်ကြောင်း သုံးသပ်ကြသည်။

 

ထိုနည်းတူပင် စဥ့်ကူးခရိုင် တရာရုံးတွင် လည်း တရားစီရင်ရေးကိစ္စနှင့် သက်ဆိုင်သည့် အကြောင်းအရာအချို့ကြောင့် တရားလိုဖြစ်သူ မှ တရားရုံးရှေ့မျက်နှာစာမှ ဖေ့စ်ဘွတ်ခ်တွင်ူငလန တင်၍ ထုတ်လွှင့်ခဲ့ရာ ကြည့်ရှုသူများပြား ခဲ့ပြီး တရားစီရင်ရေးကဏ္ဍအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

 

”တစ်ဖက်ကသက်သေခံတွေရဲ့ ထွက်ချက် တွေကို ဖတ်သွားတယ်။ တရားလိုဖြစ်တဲ့ ကျွန်မ ကိုယ်တိုင်ရဲ့ ထွက်ချက်တွေကို ဖတ်မသွားဘူး။ ကျွန်မတို့ရဲ့ ခိုင်လုံတဲ့သက်သေတွေရဲ့ ထွက် ချက်တွေကို မဖတ်သွားဘူး။ တစ်ဖက်သတ်အမိန့် ပေါ့။ စွဲချက်မှာပါတာတင် လွှတ်လိုက်လို့ ကျွန်မ က ပြောဖြစ်ခဲ့တာပါ။ လေးနှစ်လုံးလုံး ဖုံးကွယ် ထားခဲ့ရတဲ့ အမှုကြီးလည်း ဖြစ်တယ်။ ဘာမှ ဖြေရှင်းခွင့်မရဘဲနဲ့ အခုချိန်အထိ နစ်နာဆုံးရှုံး မှုတွေ ကြုံခဲ့ရတယ်။ ဘဝပျက်မတတ် ဖြစ်ခဲ့ရ တယ်။ အဲဒီအတွက် မခံစားနိုင်လို့ ပြောဖြစ်ခဲ့ ပါတယ်”ဟု တေးသံရှင်တသသက ပြောသည်။

 

ထိုအခြေအနများကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဦးစီးကာ မန္တလေးတိုင်း ဒေသကြီး တရားရေးဦးစီးမှူးက ပြည်သူများ မှန်ကန်သည့် သတင်းအချက်အလက် ရရှိစေ ရေးအတွက် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါရှင်းလင်းပွဲအတွင်း လူမှုကွန်ရက်အတွင်း ပျံ့နှံ့ခဲ့သည့် ဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

 

”ဖိနပ်နဲ့ပေါက်တဲ့ကိစ္စတို့ တသသကိစ္စတို့ ကလဲ သေသေချာချာမရှင်းဘူး။ ဖိနပ်ပေါက်တဲ့ အစဉ်အလာကိုလဲ မရှိစေချင်ဘူး။ အဲဒါကိုလဲ ကြာတော့ တုတ်ဆွဲဓားဆွဲ ဖြစ်လာနိုင်တယ်။ အဲလိုလဲ မလုပ်ပါနဲ့။ ထိထိရောက်ရောက် တိုင်ပါ။ တိုင်လို့ အရေးမယူရင် ဥပဒေနဲ့အညီ ဆန္ဒ ထုတ်ဖော်ပါ။ အဲလိုမဟုတ်ဘဲလုပ်လာရင် ဖိနပ် အစား ဓားတွေတုတ်တွေပါလာရင် ပိုပြီးတော့ ဆိုးလာနိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူ ပေါ့။ အပေါ်ကလူတွေကလဲ ချက်ချင်းဆင်းပြီး တော့ သေသေချာချာ မေးမြန်းပြီး လိုအပ်ချက် တွေ ဖြည့်ဆည်းပေးဖို့ လိုတယ်။ အဲဒါကြီးကို အချိန်ဆွဲပြီး ကြန့်ကြာအောင်လို့တော့ မထား စေချင်ဘူး။ အချိန်နှောင့်နှေးမှုတွေ ရှိလာရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ လူစုလူဝေးတွေ ပေါ် လာနိုင်တယ်။ အချိန်မလင့်ခင်လုပ်မှ ရမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က သုံးသပ်ပြောဆိုသည်။

 

သာမန်ပြည်သူများအနေဖြင့် တရားရုံး၊ ရဲစခန်းများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးတို့ နှင့်ဆက်ဆံရာတွင် ဥပဒေပိုင်းဆိုင်ရာ နားလည် မှုမရှိ၍ အခက်အခဲများစွာ ရှိနေခြင်းကလည်း ပြည်သူနှင့် နိုင်ငံဝန်ထမ်းများအကြား ဆက်ဆံ ရာတွင် အဓိက အခက်အခဲတစ်ရပ် ဖြစ်နေ ကြောင်း ပြောဆိုသည်။

”တရားရုံးတွေ ရဲစခန်းတွေ ခဏထားပါ ဦး။ အခြားဌာနဆိုင်ရာတွေကိုသွားရင်တောင် မှ အော်ငေါက်တာတွေ ရှိနေသေးတယ်။ ကျွန် တော် မှတ်ပုံတင်ပျောက်လို့ ဘယ်လိုပြန်လုပ်ရ မလဲ သွားစုံစမ်းတာ အော်ငေါက်ခံရသေးတယ်။ ဒါတွေက မဖြစ်သင့်တော့ဘူး။ ဝန်ထမ်းသည် ဝန်ဆောင်မှုပေးရမယ့် အခြေအနေပါ။ အောက် ခြေအဆင့်အထိ ပြောင်းလဲမှုတွေလုပ်ရဦးမယ်” ဟု ဌာနဆိုင်ရာနှင့်ပတ်သက်၍ ထိတွေ့ဆက် ဆံခဲ့သူ တစ်ဦးဖြစ်သည့် ကိုနိုင်ဝင်းကပြောသည်။

 

အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံလျက်ရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တရားရုံး၊ ဥပဒေရုံးနှင့် ရဲတပ်ဖွဲ့များ သည် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးလုပ် ငန်းများ လုပ်ဆောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့အတူ ပြည် သူများအနေဖြင့် မှုခင်းဆိုင်ရာကိစ္စများ ဖြစ်ပေါ် လာပါက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ရမည်ကို စိုးရွံ့မှုများရှိလာပါက ပူး ပေါင်းဆောင်ရွက်မှုကို ထိခိုက်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

 

”လူထုက ဒီလိုမျိုး တရားရုံးတွေဘာတွေ ရောက်တယ်ဆိုရင် ဥပဒေပိုင်းဆိုင်ရာကို နား မလည်ကြဘူး ဖြစ်နေတယ်။ ကိုယ့်အခွင့်အရေး ကို ဘယ်လိုလဲဆိုတာ မသိဘူး။ ကိစ္စတစ်ခုဖြစ် ရင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ မသိဘူးဖြစ် နေတယ်။ သိတဲ့ တာဝန်ရှိတဲ့လူတွေကလဲ ဒါ ကို သေချာမရှင်းပြတော့ ပြည်သူတွေက ထိတွေ့ ဆက်ဆံရမှာကို ပိုပြီးကြောက်ရွံ့လာကြတယ်။ ဒါကို သက်ဆိုင်ရာအစိုးရအနေနဲ့ ဥပဒေပိုင်း ဆိုင်ရာတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဆောင်ရွက်ပေးသင့်တယ်”ဟု လယ်ယာမြေ မှုခင်းများနှင့်ပတ်သက်၍ လိုက်လံကူညီပေး နေသူတစ်ဦးက ပြောသည်။

 

ပြုပြင်ပြောင်းလဲမှုများနှင့် တရားစီရင်ရေး

 

တရားစီရင်ရေးကဏ္ဍနှင့်ပတ်သက်၍ မြန် မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင် ရေးကျင့်ဝတ် အခန်း(၁)ပါ ”လွတ်လပ်မှု”အခန်း ၏ အပိုဒ် ၄ တွင် ဖော်ပြချက်အရ တရားသူကြီး များသည် ယေဘုယျအားဖြင့် လူမှုအသိုင်း အဝိုင်းနှင့်ဖြစ်စေ မိမိစီရင်ဆုံးဖြတ်ရမည့်အမှုမှ အမှုသည်များနှင့်ဖြစ်စေ အနှောင်အဖွဲ့ ကင်း ရမည်ဟု ဖော်ပြထားခြင်းသည် တရားစီရင်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းမွန် သည့် ပြဋ္ဌာန်းချက်များဖြစ်သည်။

 

”စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို သက်ဆိုင်တဲ့ ဥပဒေ၊ စည်း မျဉ်းတွေကို ကိုးကားခြင်းမပြုဘဲ ပြုလုပ်ကြတဲ့ အခါ ဆင်ခြင်တုံတရား အားနည်းပြီး တစ်ဖက် သတ်ဆန်တဲ့ ဆောင်ရွက်ချက်တွေ၊ ဆုံးဖြတ် ချက်တွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီကတစ် ဆင့် တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေပြီး အစိုးရ အပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ကျဆင်းစေပါ တယ်”ဟု တရားဥပဒေစိုးမိုးရေးအတွက် တရား မျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

 

လွတ်လပ်ရေး ရပြီးစအချိန်တွင် ပြဋ္ဌာန်း သတ်မှတ်သည့် မြန်မာနိုင်ငံ၏ ဥပဒေအဆင့် အတန်းသည် ဟောင်ကောင်၊ စင်ကာပူ စသည့် နိုင်ငံများမှ လေးစားခဲ့ရသည့် သမိုင်းကြောင်းများ ရှိခဲ့ဖူးသည်ဟုဆိုကြသည်။ ထို့အပြင် ဥပဒေပညာနှင့်ပတ်သက်၍ ကျွမ်းကျင်သည့် ပညာ ရှင်များစွာ ပေါ်ပေါက်ခဲ့သော်လည်း ဥပဒေပညာ ကို တန်ဖိုးထားသည့်ခေတ်စနစ် ပျက်သုဉ်းသွား ခြင်းကြောင့် အဆိုပါ အစဉ်အလာကောင်းများ ကို ပြန်လည်ထူထောင်ရန်အတွက် ဝိုင်းဝန်း ကြိုးပမ်းရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

 

”အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ တရား ဥပဒေနဲ့ သက်ဆိုင်တဲ့ ဌာနအဖွဲ့အစည်းတွေ အပေါ်မှာ လူစုလူဝေးနဲ့ ဖိအားပေးမှုတွေရှိလာ တဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင် လာတာလဲ ပါတယ်။ အဲဒီတော့ တရားဥပဒေစိုး မိုးရေးပေါ့။ ရဲစခန်းက အလုပ်မလုပ်လို့ မပီပြင် လို့ ရဲစခန်းကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် လဲ တရားနည်းလမ်းအရ စနစ်တကျဆောင်ရွက် ရမယ်။ အခုက ထစ်ခနဲရှိ လူစုလူဝေးနဲ့ သက် ဆိုင်ရာ မြို့နယ်ရပ်ကွက်တွေကမဟုတ်ဘဲ တခြား နေရာတွေက လူတွေနဲ့ ဆောင်ရွက်နေတာကို ကြည့်ခြင်းအားဖြင့် တမင်သက်သက် အကွက် ချပြီးတော့ လုပ်နေတဲ့လူတွေ။ အဲဒီတော့ ဒီလို ဟာမျိုးတွေကိုသာ ဆက်လုပ်နေမယ်ဆိုရင် တရား ဥပဒေစိုးမိုးရေးက ဘယ်လိုမှ အကောင်အထည် မဖော်နိုင်ဘူး။ တစ်ဖက်ကလဲ တရားရေး၊ ဥပ ဒေ၊ ရဲစခန်းစတဲ့ ပုဂ္ဂိုလ်တွေကလဲ အမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ စနစ်တကျဆောင် ရွက်ဖို့ လိုတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပြန်သည်။

 

အဂတိလိုက်စားမှုများ၊ ဥပဒေအား လိုရာ ဆွဲ၍ ကိုယ်ကျိုးရှာဖွေမှုများ၊ တရားမျှတမှု မရှိ ခဲ့သည့် အခြေအနေများသည် နှစ်ကာလများ စွာ ဖြတ်သန်းခဲ့ရသည့်အတွက် တရားစီရင်ရေး ကဏ္ဍအပေါ် ပြည်သူများ၏ ယုံကြည်မှုသည် ကျဆင်းခဲ့သည်။ ထိုအခြေအနေများကို အချိန် မီ ထိန်းကျောင်းပြုပြင်ကာ ပြည်သူများ နိစ္စဓူဝ တွေ့ကြုံနေရသော တရားဥပဒေစိုးမိုးမှု အခက် အခဲများကို အစိုးရအနေဖြင့် ကူညီဖြေရှင်းမှ သာလျှင် ပြည်သူများကို တရားဥပဒေ၏အရိပ် အောက်တွင် လုံခြုံစွာထားရင်း ဒီမိုကရေစီပန်း တိုင်သစ်ဆီသို့ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

 


Previous Post

ခုနစ်ရက်အကြာ ကျင်းပမည့် ချင်းတွင်း သင်္ကြန်အတွက် တိုင်းအစိုးရနှင့် ပြည်သူလူထု တွေ့ဆုံ ပြည်သ?

Next Post

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု ပူးတွဲ စစ်ရေးလေ့ကျင့်မည့် နေ့ရက်ကို ထုတ်ပြန်ကြေည?

YMG

Related Posts

Articles

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အောင်မြင်နိုင်ခြေ နည်းနေ

June 17, 2019
Articles

စစ်နဲ့ ငြိမ်းချမ်းရေးကြားက အကာအကွယ်မဲ့ လူတန်းစား

June 13, 2019
Articles

ဇာတ်ပျက် ဗျူရိုကရက်ကြီးများခေတ်

June 13, 2019
Articles

အမှတ်တရ ပုံရိပ်များ

June 13, 2019
Articles

မုဒိန်းတပ်သား

June 13, 2019
Articles

စာရေးဆရာပြဇာတ်

June 13, 2019
Next Post

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု ပူးတွဲ စစ်ရေးလေ့ကျင့်မည့် နေ့ရက်ကို ထုတ်ပြန်ကြေည?

Discussion about this post

Connect with us

ADVERTISEMENT

Recommended

နှစ်စဉ် ကျင်းပခဲ့သည့် ဒူးရင်းသီးစား ပွဲတော် ကော့ကရိတ်မြို့နယ် လောင်းကိုင်ရွာတွင် အစဉ်အလာ ??

2 years ago
Yangon Media Group

ဂျူးလီယက် အဖြစ် ပြဇာတ်မှာ သရုပ်ဆောင်မယ့် နမ်ဂျူ

2 years ago

ရန်ကုန် စည်ပင်ရွေးကောက်ပွဲတွင် ဒီချုပ်နှင့်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ၁ဝ??

10 months ago

လူနာများနှင့်ဓာတ်ပုံတွဲရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ဆရာဝန်အယောင်ဆောင်တင်လိုသူကို ဗဟိုအမျိုး

12 months ago

စစ်ကိုင်းတိုင်းအတွင်း ၁၃ မြို့နယ်တွင် လေပြင်းတိုက်၊ ကနီမြို့နယ်တွင် အိမ်ခြေ ၁ဝဝ ကျော် ပျက်

2 years ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • တရုတ်ပြည်သို့ ပို့ဆောင်ရန်ြေ>ွမမျိုးစုံကို သယ်ဆောင်လာသူများကို ရေပူစစ်ဆေးရေးဂိတ်တွင် ဖမ်

    0 shares
    Share 0 Tweet 0
  • ဓနုဖြူမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၁ လုံးရေထဲပါ

    0 shares
    Share 0 Tweet 0
  • အမေရိကန် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပိုမို တင်သွင်းဝယ်ယူရန် တရုတ် သဘောတူ

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.