• About Us
  • Advertise
  • Careers
  • Contact Us
Friday, December 13, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

မြန်မာအစိုးရ ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများ

by YMG
June 13, 2019
in Articles
1 min read
0
0
SHARES
23
VIEWS
Share on FacebookShare on Twitter

RelatedPosts

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အောင်မြင်နိုင်ခြေ နည်းနေ

June 17, 2019

စစ်နဲ့ ငြိမ်းချမ်းရေးကြားက အကာအကွယ်မဲ့ လူတန်းစား

June 13, 2019

ဇာတ်ပျက် ဗျူရိုကရက်ကြီးများခေတ်

June 13, 2019

အမှတ်တရ ပုံရိပ်များ

June 13, 2019

ဒီမိုကရေစီအစိုးရသက်တမ်း၏ ငါးနှစ်တာအချိန်သည် ၂ဝ၂ဝ တွင် ပြည့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဒီချုပ်အစိုးရ တာဝန်ယူထားသည်မှာ နှစ်နှစ်ကျော်ကြာကာလအတွင်း ရောက်ရှိပြီ ဖြစ်သည့်အလျောက် သောင်ပြိုကမ်းပြို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများထဲမှအချို့မှာ အစိုးရ၏ကိုင်တွယ်အုပ်ချုပ်မှုအပေါ် အားမလိုအားမရ ဖြစ်ပေါ်နေသည်။ တစ်ဖက်တွင်လည်း အစိုးရအနေဖြင့် ကဏ္ဍပေါင်းစုံမှ စိန်ခေါ်မှုများစွာ ရှိနေသည်မှာ မြေကြီးလက် ခတ်မလွဲပင် ဖြစ်သည်။

နိုင်ငံရေးစိန်ခေါ်မှု

ပျက်စီးယိုယွင်းခဲ့သည့် စနစ်ဟောင်းတစ်ခု ကို အချိန်ငါးနှစ်တာကာလအတွင်း အကောင်း ပတိအတိုင်း လုပ်နိုင်စွမ်းရှိသည့် တန်ခိုးရှင် အစိုးရ မဟုတ်သဖြင့် အရာအားလုံးမစွမ်းဆောင် နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထို အချက်ကပင် ဒီမိုကရေစီစနစ်တစ်ရပ်ကို မရင့် ကျက်သေးသည့် သက်တမ်းနုနယ်သေးသော အစိုးရနှင့် ပြည်သူတစ်ရပ်အကြား ကွာဟချက် ကို အချိုးထပ်တူချနိုင်ရန်အတွက် လိုအပ်နေ သည်။ ထိုအချက်ကပင် နိုင်ငံရေးအခွင့်အလမ်း တစ်ရပ်အဖြစ် အခြားသော အင်အားစုမျိုးစုံမှ အသုံးချလာနိုင်သည်။

ယခုနှစ် နိုဝင်ဘာလအတွင်း ကြားဖြတ် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ရန် စီ စဉ်ထားသည်။ ထို့အတူ အထွေထွေရွေးကောက် ပွဲကြီးမှာ နီးကပ်လာသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းဆဲ အချိန်အခါတွင်မူ ပြည်သူများ အနေဖြင့် ရွေးချယ်ပိုင်ခွင့်များသည် များသထက် များပြားလာနိုင်သည်ကို လက်ရှိ အာဏာရ အစိုးရတစ်ရပ်အနေဖြင့် သတိချပ်သင့်သည်။ သို့သော် ဒီမိုကရေစီလမ်းသို့ လျှောက်လှမ်းစ ရွေးကောက်ပွဲဖြစ်စဉ်များတွင် အင်အားကြီးပါတီ များ၏ အားပြိုင်မှုက ကြီးမားလေ့ရှိကြောင်း ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သူများက သုံး သပ်ထားကြသည်။

စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်း များစွာ ရောက်ရှိခဲ့သည့် ပြည်သူတို့၏ အခြေ အနေသည် ဒီမိုကရေစီ အရပ်သားအစိုးရ၏ ‘ပြောင်းလဲချိန်တန်ပြီ’ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြောင်းလဲလာလျက်ရှိသည့် အတွေးအမြင်များ ရှိလာသည်။ ထိုအပြောင်းအလဲနှင့်အတူ အစိုးရ မှ ပြည်သူ့အပေါ်ပေးအပ်ထားသည့် ကတိကဝတ် များကိုလည်း ကျန်ရှိနေသည့် အချိန်ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြ မှသာလျှင် ပြည်သူကပေးမည့် ရမှတ်ကောင်း များ ရရှိမည်ဖြစ်သည်။ ထိုအခြေအနေများကို အကောင်အထည်ဖော်ရန်အတွက်မူ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက အဓိကအခန်းကဏ္ဍမှ ပါဝင်လို့နေသည်။

နိုင်ငံတကာဖိအား

ရခိုင်ပြည်နယ်အရေးသည် အစိုးရအတွက် အဓိကကျသည့် နိုင်ငံတကာဖိအားပေးမှုတစ်ရပ် ဖြစ်ကြောင်း တစ်စတစ်စ ပုံပေါ်လာပြီး ယခု နှစ်အတွင်း ပိုမိုဆောင်ရွက်နေသည်ကို တွေ့ရှိ ရသည်။ ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံ တကာ ရာဇဝတ်ခုံရုံး(ICC)သို့ တင်သွင်းရန် စီစဉ်နေသည့် အရေးကိစ္စသည် တစ်ဖက်သတ် စွဲချက်တင် အပြစ်ဖို့ခြင်းဖြစ်သည်ဟု လေ့လာ သူများက ထောက်ပြကြသည်။

သို့သော် ဘင်္ဂါလီအရေးကိစ္စ ဆောင်ရွက် နေကြသည့် အင်အားကြီးနိုင်ငံများနှင့် ဒီချုပ် အစိုးရ အကျပ်တွေ့စေရန် ဆောင်ရွက်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ထိုကိစ္စသည် ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်။ ရခိုင်ပြည်နယ်အရေးသည် နိုင်ငံ၏ အချုပ်အ ခြာအာဏာအား သွေးထိုးစမ်းနေသည့်သဘော လည်း သက်ရောက်နေသည်။ ရခိုင်အရေးကိစ္စ ၏ နောက်ကွယ်တွင်ကား များပြားလှသော အကြောင်းအခြင်းအရာများ ရှိနေသည်။

”ICC က ကျွန်တော်တို့ကို စစ်ဆေးပိုင်ခွင့် လုံးဝမရှိတဲ့ အနေအထားနဲ့ ICC ရဲ့ ရှေ့နေချုပ် က စစ်ဆေးဖို့ ကြိုးပမ်းတယ်ဆိုတာက နိုင်ငံ တကာက ကျွန်တော်တို့ ရခိုင်ကိစ္စနဲ့ပတ်သက် ရင် ကျွန်တော်တို့နိုင်ငံကို မတရားတစ်ဖက်သတ် ဖိအားပေးဖို့ ကြိုးစားတယ်ဆိုတာ ပုံပေါ်လာ တယ်ပေါ့ဗျာ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံး သပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့အပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် ရုရှား၊ တရုတ်၊ အမေရိကန် စသည့် နိုင်ငံများသည်လည်း ICC ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လက်ခံထားခြင်းမရှိသည်မှာလည်း အထင်အရှားဖြစ်သည်။ ထိုအခြေအနေမျိုးတွင် မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်မှု သည် ဘင်္ဂါလီအရေး လှုပ်ရှားဆောင်ရွက်နေ ကြသည့် အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာ မြောက် စီမံကိန်းလည်း ဖြစ်နေသည်။

”ARSA အဖွဲ့ရဲ့ တောင်းဆိုချက်မှာ ကမ္ဘာ အနှံ့ ပျံ့နေတဲ့ ဘင်္ဂါလီတွေကို လက်ခံရမယ်ဆိုတဲ့ဟာပါတယ်။ ပြောရရင် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီနယ်မြေအတွက် ထူထောင်ရမယ်၊ ကမ္ဘာ့ နိုင်ငံ အသီးသီးကို ရောက်နေတဲ့ ဘင်္ဂါလီတွေအတွက် တောင်းဆိုနေတဲ့ကိစ္စကို ကုလအဖွဲ့ တွေက ဘာမှအရေးမပါသလို ခပ်ပေါ့ပေါ့ ခပ်ဝါးဝါး ပြောနေတယ်။ ဖုံးကွယ်ထားနေတယ်။ တကယ်ဖြေရှင်းရမှာက ဒီပြည်နယ်မှာ ဒီအသိုင်းအဝိုင်းတွေ တကယ်ကို သဟဇာတဖြစ်မယ့် ငြိမ်းချမ်းမယ့် ဖွံ့ဖြိုးတိုးတက်မယ့် နည်းလမ်း။ ဒါတွေကိုဖော်ဆောင်ချင်တယ်ဆိုရင် လူ့အသိုင်းအဝိုင်းကြားမှာ သဟဇာတဖြစ်မယ့်ဟာ လုပ် ပေးရမယ်။ တည်ငြိမ်အောင် လုပ်ပေးရမယ်။ စီးပွားရေးအခွင့်အရေးတွေ တိုးတက်အောင်လုပ်ရမယ်။ သမိုင်းမှာလဲ သက်သေသာဓကတွေ ရှိတယ်။ အခုကတော့ ဖိအားပေးဖို့လောက်ကို ဆောင်ရွက်နေတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့ လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးရဲနိုင်အောင် (ခ) စာရေးဆရာ ကိုဝက ထောက်ပြပြောဆို သည်။

အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီချက်များရယူပြီး ပြန်လည်လက်ခံ ပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိနေသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများက အ ထောက်အထားမဲ့ စွပ်စွဲလျက်ရှိသည့် လူမျိုးသုဉ်း သတ်ဖြတ်ခြင်းနှင့်အတူ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည်ဆိုသည့် အချက်ပေါ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုများကို ရှုတ်ချထားကြောင်းနှင့် အခွင့်အရေးချိုးဖောက်မှုများ ကို မြန်မာနိုင်ငံ တရားရုံးများသို့ ဖော်ထုတ်တင် ပြလိုသူ မည်သူ့ကိုမဆို လုံခြုံရေးအမခံမှု ပေး မည်ဟုလည်း ဆိုထားသော်လည်း ဖော်ထုတ် ပြောဆိုမည့်သူ ပေါ်ထွက်မလာခဲ့ပေ။ ထိုအခြေ အနေများတွင် ကမ္ဘာ့နိုင်ငံများ၏ တစ်ဖက်သတ် စုံစမ်းချက်များ၊ သက်သေအထောက်အထားမဲ့ ပြောဆိုသံများနှင့် စွပ်စွဲလျက်ရှိသည့် မြန်မာ နိုင်ငံ၏ ရခိုင်ပြည်နယ်အရေးကိစ္စသည် အရပ် သားအစိုးရအား စိန်ခေါ်မှုကြီးတစ်ခုကို ဖန်တီး နေသည်မှာ ပေါ်လွင်ထင်ရှားနေပြီး အစိုးရအ နေဖြင့် သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည်။

ငြိမ်းချမ်းရေး

ယခုလအတွင်း ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည့် နည်းတူ ထိုဖြစ်စဉ်များတွင် ဦးဆောင်လှုပ်ရှားသည့် တက်ြ<ွကလှုပ်ရှားသူ ၄ဝ ကျော်တို့သည် မတူညီသည့်နေရာအသီးသီးတွင် အမှုရင်ဆိုင် နေရလျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားလာခဲ့သည့် စစ်ပွဲများက ပြည် တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည်လှုပ်နှိုး ပေးသကဲ့သို့ ရှိနေသည်။

ဒီချုပ်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ ဦးစားပေးရည်မှန်းချက်များအဖြစ် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုး တက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက် ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအ တွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် ပြောဆိုလျှောက် လှမ်းလျက် ရှိသည်မှာ နှစ်နှစ်တာကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ စားပွဲဝိုင်းထက်များတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာခဲ့ သော်လည်း မြေပြင်အခြေအနေများတွင် မငြိမ်းချမ်းသည့် အခြေအနေများကလည်း အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိန်ခေါ်နေ သယောင်ရှိသည်။

”လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ် နိုင်ရေးအတွက် စစ်ရေးအရ မဖြေရှင်းဘဲ နိုင်ငံ ရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့မူအပေါ်မှာ အခြေ ခံပြီး ပေါ်ပေါက်လာတဲ့ NCA စာချုပ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်မယ့် ပထမ ဆုံး အခွင့်အလမ်းအဖြစ် မျှော်လင့်ခဲ့တယ်။ သို့ သော် အားရကျေနပ်မှုက မရှိပြန်ဘူး။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ လုပ်နေသော်လည်း စစ်ပွဲများ ဖြစ်ပွားနေပြန်တာ ဘာကြောင့်လဲဆိုတာ မေးခွန်းထုတ်စရာ။ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ညှိနှိုင်းအဖြေရှာခြင်းဆိုတာထက် နည်းပညာပိုင်းတွေမှာ ရှေ့ရောက်ပြီး လက်တွေ့မြေပြင်မှာ ညှိနှိုင်း အကောင်အထည်ဖော်ရမယ့်အပိုင်း တွေက အားနည်းနေတာကြောင့်လို့မြင်တယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လေ့လာ သုံးသပ်သူတစ်ဦးဖြစ်သည့် ကိုအေးချမ်းက ပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ အကန့်အသတ်များဖြင့် ဆောင်ရွက်နေရသည့် အစိုးရတစ်ရပ်အတွက် အခက်အခဲများစွာ ရှိ နိုင်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍ၏ ပုဒ်မ ၁၉၉(က)အရ နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံ တော် သမ္မတဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် သမ္မတ၏ အခွင့်အာဏာများအတွင်းမှ ကျန် ရှိသည့် အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မည်သို့ အကောင်အထည် ဖော် ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။ လက်ရှိအချိန်တွင်တော့ အစိုးရမှ အား အင်အပြည့်ဖြင့် ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေသည် အားရကျေနပ် လောက်သည့် အခြေအနေတစ်ရပ်သို့ မရောက် ရှိသေးခြင်းသည် တိုင်းပြည်အတွက် စိန်ခေါ်မှု များစွာရှိသည့်အထဲမှ တစ်ခုအပါအဝင် ဖြစ် နေသည်။

စီးပွားရေး

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များ(LDC)အဆင့်မှ လွတ်မြောက်ရန်အတွက် ၄င်းတို့ သတ်မှတ်ထားသည့် စံနှုန်းသုံးခုအား ပြည့်မီလာ၍ ထောက်ခံတင်ပြထားကြောင်း ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UNECOSOC)၏ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ ဆိုင်ရာကော်မတီ(CDP)၏ ယခုနှစ် မတ်လ တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ထိုကဲ့သို့ တိုးတက်မှုအရှိန်အဟုန် ကို ထိန်းသိမ်းမည်ဆိုပါက လာမည့် ၂ဝ၂၁ ခုနှစ် နောက်ပိုင်းတွင် ဖွံ့ဖြိုးစနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးသော နိုင်ငံအဖြစ် အခွင့်အလမ်းများ ရရှိလာမည်ဟု သိရသည်။

ထို့အပြင် ယခုနှစ်အတွင်း ငွေကြေးဖောင်း ပွမှု ကျဆင်းလာပြီး နိုင်ငံ၏စီးပွားရေးမှာလည်း တိုးတက်လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင် ခံစာသစ်တွင် ဖော်ပြထားပြန်သည်။ မြန်မာ့စီး ပွားရေးသည် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း အနည်းငယ် နှေးကွေးခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ယခု နှစ်တွင် အကောင်းဘက်တွင် ရှိနေဆဲဖြစ်သည် ဟုလည်း ဖော်ပြထားခြင်းသည် စိုက်ပျိုးရေး ကဏ္ဍ ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်မှု အား ကောင်းခြင်းတို့အပေါ် အခြေခံ၍ မှန်းဆထား ခြင်းဖြစ်သည်ဟု ဆိုထားသည်။ သို့သော် မြေပြင် အခြေအနေတွင်မူ ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းသည် ကျပ်တည်းလျက်ရှိပြီး စီး ပွားရေးလုပ်ငန်းကြီးအချို့မှာ တိုးတက်လာခြင်း မရှိသေးပေ။

”ဒီနှစ်လဲ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍကတော့ ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေး ပါဘူး။ နောက်တစ်ခုကလဲ ဘတ်ဂျက်အပြောင်း အလဲကာလ လုပ်ထားတော့ ခြောက်လဘတ်ဂျက် ဆွဲတယ်ပေါ့။ တခြားစီးပွားရေးအခြေအနေ တွေကလဲ သိပ်တော့ ထူးထူးခြားခြား အပြောင်း အလဲ မရှိဘူး။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တို့ ဘာတို့က မှန်းသလောက် မဝင်လာဘူးပေါ့ နော်။ အဲဒီတော့ စီးပွားရေးတိုးတက်မှုနှုန်းမှာ ပြီး ခဲ့တဲ့နှစ်တွေထက် စာလို့ရှိရင် လျော့သွားစရာ အကြောင်းရှိတယ်ပေါ့”ဟု စီမံကိန်းစီးပွားရေး အကြံပေး အဖွဲ့ဝင်လည်းဖြစ် စီးပွားရေးပညာ ရှင်တစ်ဦးဖြစ်သူ ဦးဇော်ဖေဝင်းက သုံးသပ်ပြော ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ပသို့ ဆန်တင်ပို့မှု တိုးတက်လာသော်လည်း ကုန်သွယ်ရေးလိုငွေ များပြားနေဆဲ ဖြစ်သည်။ ထို့အပြင် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုး ငါးရာခိုင်နှုန်း ရှိသင့်သော် လည်း ယခုအခြေအနေသည် ၆ ဒသမ ၆၅ ထိ ရောက်ရှိနေပြီး ဘတ်ဂျက်လိုငွေ ပို၍များပြား လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းပြော ဆိုမှုများရှိသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ အရ ငွေကြေးဖောင်းပွမှုများ ကျဆင်းလာသည်ဆိုသော်လည်း မြေပြင်အခြေအနေတွင် စီးပွား ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ငွေကြေးပမာဏ ကျဆင်းသည့်သဘော သက် ရောက်နေသည်ဟု ထောက်ပြကြသည်။ ကိန်း ဂဏန်းများအရ ယခုနှစ်ဧပြီလတွင် မြန်မာနိုင်ငံ ၏ ပြည်ပကုန်သွယ်မှုသည် ဒေါ်လာ သန်း ၂၂၈ဝ ရရှိခဲ့ပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၃ဝဝ ပိုမိုဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ မည်သို့ ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေသည် စာရွက်ပေါ်ရှိ ကိန်းဂဏန်းများအရ တိုးတက်လာသည် ဆိုသော်လည်း အစိုးရအနေ ဖြင့် မြေပြင်အခြေအနေတွင် ကြိုးစားရုန်းကန် ရမည့် အခြေအနေတွင် ရှိနေသည်။

ထိုနည်းအတူ အခြားသော နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု စသည့် အဘက်ဘက်မှ စိန်ခေါ်လျက်ရှိသည့် ကဏ္ဍအသီးသီးကို ဒီချုပ်အစိုးရ အနေဖြင့် ကျန်ရှိသည့် အစိုးရသက်တမ်းကာလ အတွင်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဦးစားပေးလုပ်ငန်းများ ချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းများပြုလုပ်၍ စိန် ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးစားရဦး မည် ဖြစ်ပေသည်။

P2

Previous Post

ငါးမဖမ်းရ ရာသီ ကာလအတွင်း ကမ်းဝေး ငါးဖမ်းစက်လှေ ၂ဝ ရာခိုင်နှုန်းသာ ဖမ်းဆီးခွင့်ပြု

Next Post

မျိုးမြန်မာပြည်ရွာ ၊ တို့စောင့်ရှောက်ဖို့ပါ သေရင်လည်းမကြောက်ပါ ၊ ရင်မြေကတုတ်ပါ

YMG

Related Posts

Articles

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အောင်မြင်နိုင်ခြေ နည်းနေ

June 17, 2019
Articles

စစ်နဲ့ ငြိမ်းချမ်းရေးကြားက အကာအကွယ်မဲ့ လူတန်းစား

June 13, 2019
Articles

ဇာတ်ပျက် ဗျူရိုကရက်ကြီးများခေတ်

June 13, 2019
Articles

အမှတ်တရ ပုံရိပ်များ

June 13, 2019
Articles

မုဒိန်းတပ်သား

June 13, 2019
Articles

စာရေးဆရာပြဇာတ်

June 13, 2019
Next Post

မျိုးမြန်မာပြည်ရွာ ၊ တို့စောင့်ရှောက်ဖို့ပါ သေရင်လည်းမကြောက်ပါ ၊ ရင်မြေကတုတ်ပါ

Discussion about this post

Connect with us

ADVERTISEMENT

Recommended

မုံရွာမြို့တွင် ရှစ်လေးလုံး အရေးတော်ပုံ ၃၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

4 months ago

ကိုရီးယားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သော ပဲပုပ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး?

10 months ago

ဘရွတ်ကလင်းဘက်ခမ်း ကျောင်းထွက်ခဲ့

1 year ago

စစ်ကိုင်းမြို့၌ ကျင်းပသည့် ပထမအကြိမ်ကျောက်မျက်ရတနာအချောထည်နှင့် ကျောက်စိမ်းအတွဲများရောင်းချပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၀ဝ ကျော်ခင်းကျင်းပြသ

4 months ago

အီရန် နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂတွင် အမေရိကန်နိုင်ငံက စီးပွားရေး အကြမ်းဖက်ဝါဒ ဆောင်ရွက်နေကြောင်း ပြစ်တင် ဝေဖန်

5 months ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    4 shares
    Share 4 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
  • ‘မြန်မာသံနဲ့ပဲ ခံစားတတ်တယ်၊ လွမ်းတတ်တယ်’ အိအိချွန်

    0 shares
    Share 0 Tweet 0
  • မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်း ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာ??

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.