ရန်ကုန်၊ ဇူလိုင် ၂၆
ခြောက်ကြိမ် မြောက်ကျပ် ၁ဝဝဝ တန်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင်ထီ ဆုငွေကျပ်သန်းပေါင်း ၁၇၆ဝဝ အပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်း မရှိသည့် ဘဏ္ဍာသိမ်းရငွေကျပ်သန်းပေါင်း ၂၅ဝ ကိုထပ်မံထည့်သွင်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။
သြဂုတ် ၁ ရက်တွင် ကျင်းပမည့် ခြောက်ကြိမ်မြောက်ကျပ်၁ဝဝဝတန် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲအတွက်’က’ အက္ခရာမှ’ကဂ’အက္ခရာထိ စုစုပေါင်းအက္ခရာ အလုံးရေ(၃၆)လုံးအားရောင်းချခဲ့ ပြီး ထီလက်မှတ်စာအုပ်ရောင်းရ ငွေမှာ ကျပ်သန်းပေါင်း (၂၉၄၅၄ ဒသမ ၄၈ဝ) သန်းဖြစ်ပြီး ယင်း ရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်းပေါင်း(၁၇၆၇၂ ဒသမ ၆၈၈)သန်းကို ထီဆုငွေ အဖြစ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက ”ခြောက် ကြိမ်မြောက်အောင်ဘာလေသိန်း ဆုဖွင့်ပွဲအတွက်ထီလက်မှတ် ၃၆ လုံးရောင်းချနိုင်ခဲ့ပါတယ်။ ထီဆု ငွေအနေနဲ့ခွဲဝေချီးမြှင့်ပေးမယ့် အထူးဆုကြီးစနစ်မှာ ကျပ်သိန်း တစ်သောင်းငါးထောင်ဆုတစ်ဆု၊ ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းနှစ်ထောင်ဆုသုံးဆုနဲ့ ကျပ်သိန်းတစ်ထောင်ဆုခြောက် ဆု ပါဝင်မှာဖြစ်ပါတယ်” ဟု ဇူလိုင် ၂၆ ရက်ကဒီမိုကရေစီတူ ဒေးသို့ ပြောသည်။
ဘဏ္ဍာသိမ်းရငွေမှ ထည့် သွင်းဖွင့်လှစ်ပေးမည့်ငွေကျပ်သန်း ၂၅ဝ အား ဝေဝေဆာဆာဆု မဲများဖြစ်သည့် ကျပ်သုံးသိန်းဆု ၂ဝ ဆု၊ ကျပ်နှစ်သိန်းဆု၂ဝဝဆု၊ ကျပ်တစ်သိန်းဆု ၂ဝဝဝ ဆုနှင့် ကျပ်ဆယ်သိန်းဆုလေးဆု စုစု ပေါင်း ၂၂၂၄ ဆုအား ထပ်မံချီး မြှင့်ပေးမည်ဖြစ်ကြောင်းသိရသည်။
အောင်ဘာလေသိန်းဆုဌာန ခွဲမှညွှန်ကြားရေးမှူးဦးကျော်သန့်လွင်က”အောင်ဘာလေသိန်းဆု ပေါက်စဉ်ထုတ်ပေးတဲ့နေ့ကစပြီး တစ်နှစ်အတွင်းတောင်းခံခြင်းမပြု တဲ့ဆုငွေတွေကို နိုင်ငံတော်အခွန် ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ ဘာ ကြောင့်ဘဏ္ဍာသိမ်းနေရလဲဆိုရင် များသောအားဖြင့် ထီဆုငွေတွေ ဖြစ်တယ်။ ထီမတိုက်ကြတာပေါ့။လူတွေကလည်းတစ်ခါတလေ ဆုကြီးလောက်ပဲတိုက်ဖြစ်တယ်။ဆုငယ်တွေမတိုက်ဖြစ်ဘူး။ ကိုယ်သည် ငါးသောင်းဆု ပေါက်နေလားတစ်သိန်းဆုပေါက်နေလား မသိကြဘူး။ သူတို့ကိုသူတို့ထီပေါက် မှန်းမသိကြဘူး။ အဓိကထီတိုက် မှုအားနည်းနေတာပါ။ ထီတိုက်ကြ ဖို့တိုက်တွန်းလိုပါတယ်”ဟုပြော သည်။
လက်ရှိအောင်ဘာလေ သိန်းဆုဌာနခွဲတွင်ထီဆုရရှိသော်လည်း ထီဆုရရှိမှန်းမသိခြင်း၊ ထီဆုလက်မှတ်ပျောက်ဆုံးပျက်စီးခြင်းများ ကြောင့် ဆုငွေများစွာထုတ်ယူရန် ကျန်ရှိနေသေးကြောင်း၊ ခြောက်ကြိမ် မြောက်ကျပ် ၁ဝဝဝ တန် အောင် ဘာလေသိန်းဆုဖွင့်ပွဲကို လာမည့် သြဂုတ် ၁ ရက်နံနက် ၈ နာရီအ ချိန်တွင် ရန်ကုန်မြို့၊ ကျောက်တံ တားမြို့နယ်ရှိအောင်ဘာလေ သိန်း ဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
TEEP
#democracytoday