စစ်ကိုင်း၊ နိုဝင်ဘာ ၂၃
စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ် (၁)အထကမြောက်ဘက်ဥပစာရှိ ဆိုင်ခန်း ၁၆ ခန်းတွင် ဖွင့်လှစ်ထားသည့်လူနေဈေးဆိုင်များကို အိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေအရ နိုဝင်ဘာ ၂၁ ရက်က ဖယ်ရှားခဲ့ပြီးဖြစ်သဖြင့် အဆိုပါဆိုင်ခန်းများအား လေလံရောင်းချ ရေးအဖွဲ့မှ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
”အထက(၁)မျက်နှာစာဆိုင်ခန်းတွေဆောက်ချိန်မှာ အထက် မြန်မာပြည်အခြေခံပညာဦးစီးဌာနက ကျောင်းအုပ်ကိုရော ကျောင်း အကျိုးတော်ဆောင်အဖွဲ့ကိုပါ အသိပေးခြင်းမရှိဘဲ သူတို့သဘော နဲ့သူတို့ဆောက်ခဲ့တာပါ။ ၁၉၉၉ ခုနှစ်မှာ ဒီကိစ္စဖြစ်တာပါ။ ကျောင်း ရှေ့မျက်နှာစာတစ်ခုလုံးဆိုင်ခန်း တွေပိတ်နေတာဆိုတော့ မြို့ခံတွေကလွဲရင် ဒီနေရာမှာကျောင်းရှိမှန်း တောင်မသိကြပါဘူး”ဟု ကျောင်း အကျိုးတောင်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားသည်။ ယခင်အစိုးရလက်ထက်က ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နှင့်ကျောင်းအုပ်ဆရာကြီးတို့က ဆိုင်ခန်းများဖျက်သိမ်းရေးစာဖြင့် တင်ပြတောင်းဆိုခဲ့သော်လည်း အောင်မြင်မှုမရခဲ့သလို စစ်ကိုင်း မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းမှ ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေး တင်ပြခဲ့သော်လည်း အဆိုပါဆိုင် ခန်းများအားဖယ်ရှားခြင်းမပြုလုပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။
ယခုအခါ အထက(၁)ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ကျောင်း ရှေ့မျက်နှာစာဥပစာမြင်ကွင်းပျောက် နေမှုကို အစည်းအဝေးပြုလုပ်ပြီး တာဝန်ရှိအထက်အဖွဲ့အစည်းအ ဆင့်ဆင့်အထိတင်ပြခဲ့ရာ ခရိုင်ပညာရေးမှူးအား အခွင့်အာဏာရှိသူအဖြစ် တာဝန်ယူစေ၍ အိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေအရ နိုဝင်ဘာ ၂၁ ရက်က ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိုင်ခန်း ၁၆ ခန်းပါတိုက်တန်းအား ဈေးပြိုင်စနစ်ဖြင့် မျက်မြင်အခြေအနေအတိုင်း တင်ဒါ ခေါ်ယူလေလံတင်ရောင်းချမည် ဖြစ်ရာ မည်သူမဆို မိမိလက်ရေး ဖြင့် လေလံတင်သွင်းနိုင်ပြီး တင်ဒါကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁ဝ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
DW
#democracytoday
Discussion about this post