ရန်ကုန်၊ ဒီဇင်ဘာ ၉
ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရေးသည် စီးပွားရေးကောင်းမှဖြစ်မည် ဖြစ်ပြီး စီးပွားရေးကဏ္ဍသည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ တစ်ပြေးတည်းဖြစ်ရမည်ဟု ကုန်သည်စက်မှုအသင်းချုပ်၏ စီးပွားရေး အကြံပေး ဦးမြင့်က အကြံပြုပြော ကြားလိုက်ကြောင်းသိရသည်။ ဒီဇင်ဘာ ၉ ရက်က ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီလာခံ ၂ဝ၁၇ ၌ ပြောကြားခြင်းဖြစ်သည်။
ကုန်သည်စက်မှု အသင်းချုပ်၏ စီးပွားရေးအကြံပေး ဦးမြင့်က ”စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘာကို မျှော်မှန်းရမှန်းမသိတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ ဒီလိုဖြစ်နေတော့ စီးပွားရေးဟာ တုံ့ဆိုင်းနေတယ်။ ဘာကို မျှော်မှန်းရမှန်း မသိတော့ စီးပွား ရေးက လုပ်လို့မရဘူး။ စီးပွားရေး ကို ပြန်ကောင်းအောင် ဘာလုပ်ရ မလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးရပါမယ်။ သူ့အနေ နဲ့ ကျွန်တော်တို့စီးပွားရေး တိုးတက်အောင် ကောင်းမွန်မှုကို ပြန်လည်တည်ဆောက်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ယုံကြည်လို့ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်စဉ်းစား ပေးဖို့ တင်ပြချင်ပါတယ်။ နံပါတ်တစ်အနေနဲ့ စီးပွားရေးကဏ္ဍကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောစေချင်ပါတယ်။ စီးပွားရေးဟာဆိုရင် ငြိမ်းချမ်းရေးတည် ဆောက်မှုနဲ့အတူ တစ်ပြေးတည်း ဖြစ်ရမယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေး၊ ပြည်ပထွက် သွားသူတွေသူတို့ဆန္ဒအတိုင်း ပြန်လာနိုင်ရေး၊ ပြန်လည်အခြေ ချနေထိုင်ရေးနဲ့ ပြုစုပျိုးထောင် ရေးတွေဟာ စီးပွားရေးကောင်းမှ ဖြစ်နိုင်တာ။ စီးပွားရေးရှင်သန်မှု ဟာမဖြစ်မနေပါဘဲ”ဟု ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ညီလာခံတွင် ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။
ယင်းအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် စီးပွားရေးကော်မတီအဖွဲ့ဝင်များ၊ စီးပွားရေးအကြံပေးများ၊ ပြည် ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်များတွင် စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ် ရေးကိစ္စများနှင့် ဗဟိုဘဏ်အဆင့် ငွေကြေးရေးရာ ကိစ္စများတွင် အဓိကလုပ်ဆောင်နေသည့် အရာ ရှိများနှင့် မကြာခဏတွေ့ဆုံ၍ အနှစ်သာရရှိသော အမြင်ဖလှယ်မှုများ လုပ်ဆောင်ပေးသင့်ပြီး ၎င်းပုဂ္ဂိုလ်များ၏ အကြံပြုချက်များ ကိုရယူကာ စီးပွားရေးပြန်လည် တိုးတက်ရှင်သန် အားကောင်း လာနိုင်ရေးအတွက် လက်တွေ့အစီ အစဉ်များကို စနစ်တကျအချိန်ယူလုပ်ဆောင်ရန် အကြံပြုခဲ့သည်။ ဦးမြင့်က ”စီးပွားရေး၊ ဘဏ္ဍာ ရေး၊ အုပ်ချုပ်ရေးနဲ့ အခြားအရေး ပါတဲ့ကဏ္ဍတွေမှာ ကျွမ်းကျင်ပိုင်နိုင်ကြောင်း သက်သေထူပြီးသား သူတွေ အများကြီးရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီကျွမ်းကျင်သူတွေနဲ့ တွေ့ဖို့၊ သူတို့ပြောတာတွေ နားထောင်ကာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကိုမှတ်သားပြီး သူတို့အကြံ ပြုချက်တွေကို စဉ်းစားပေးရာမှာ ဆန္ဒမစောစေအောင် ထိန်းပေးဖို့ နဲ့ သူတို့အကြံတွေယူပြီး အတိုင် ပင်ခံရဲ့ ဦးဆောင်မှုအောက်မှာ စီးပွားရေးပြန်လည် တိုးတက်ရှင် သန်အားကောင်းလာနိုင်ရေးအတွက် လက်တွေ့အစီအစဉ်များကို စနစ်တကျအချိန်ယူလုပ်ဆောင် ဖို့ အကြံပြုလိုပါတယ်”ဟု ပြော ကြားသည်။ ယင်းအကြံပြု တင်ပြချက် များကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်အနေဖြင့် စာတမ်းပြုစု၍ နိုင်ငံတော်သို့ တင်ပြသွားမည်ဖြစ် ကြောင်းသိရသည်။
TEEP
#democracytoday
Discussion about this post