မူဆယ်၊ ဇန်နဝါရီ ၂၉
ငွေကျပ်သိန်းပေါင်းတစ်သိန်းခန့်မတည် ရင်းနှီးထားသော အရှေ့မြောက် တံခါးအများပိုင်ကုမ္ပဏီကိုဇန်နဝါရီ ၂၉ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါအများပိုင်ကုမ္ပဏီကို မူဆယ်မြို့၊ မိုင်းယု၊ ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန်အနီးတွင် ဖွင့်လှစ်ထားရှိပြီး တောင်သူများ၏သစ်သီးဝလံများကို ခိုင်မာသောဈေးကွက်ဖြင့် စည်းစနစ်ကျစွာရောင်းချနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
အရှေ့မြောက်တံခါးအများပိုင်ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ်ဦးအောင်ကျော်မိုးက”ဝန်ဆောင် ခအနေနဲ့ကားတစ်စီးကိုအရင်တုန်းက ယွမ် ၁ဝဝ ကောက်ခံခဲ့တယ်။ ဒီနှစ်မှာအကြမ်းဖျင်းယွမ် ၂ဝဝ သတ်မှတ်ပါတယ်။ ဝန်ဆောင်မှုကရတဲ့ အကျိုးအမြတ်ထက် ဒီအဝန်းအဝိုင်း ဖွံ့ဖြိုးဖို့ခိုင်မာဖို့ပဲဦးစားပေးတာပါ။ အစ်ကိုတို့မှာ အခွန်ဆောင်ထားပြီးသားလုံးလုံးငွေဖြူက ကျပ်သိန်း ၅၈ဝဝဝ ရှိတယ်။ ဒီကျပ်သိန်း ၅၈ဝဝဝ နဲ့မတည်ထားတယ်။ နောက်ထပ် ထပ်ပြီးလုပ်ဖို့လုပ်ငန်းတွေအတွက်ကို ဘဏ်ချေးငွေကျပ်သိန်း လေးသောင်းကျော်ယူထားတာရှိတယ်။ တခြားလုပ်ငန်းတွေအတွက် ရောဆိုရင် စုစုပေါင်းကကျပ်သိန်း ပေါင်းတစ်သိန်းလောက်ဖြစ်သွားမှာပေါ့။ လက်ရှိကကျပ်သိန်းငါး သောင်းကျော်လောက်သုံးပြီးသွားပြီ”ဟု ဇန်နဝါရီ ၂၉ ရက်က ကျင်းပ ပြုလုပ်သည့် အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။
အရှေ့မြောက်တံခါးအများပိုင်ကုမ္ပဏီကို ပွဲရုံ ၁၆ ရုံဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှုပေးရာတွင် ကွင်းကြေးအားသယ် ယူပို့ဆောင်မှုအများဆုံးပြုလုပ်သည့် ၁ဝ ဘီး၊ ၁၂ ဘီး PE ယာဉ်တစ် စီးလျှင်ယွမ် ၂ဝဝ ကောက်ခံလျက်ရှိကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဦးအောင် ကျော်မိုးက”တစ်နေ့တစ်နေ့ကိုကား အစီးရေ ၄ဝဝ နဲ့ ၈ဝဝ အကြား ရောင်းဖို့ဆိုတာက မြေနှစ်ဧကလေး မှာရောင်းဖို့ ဘယ်လိုမှအဆင်မပြေဘူး။ အသီးရဲ့သဘောသဘာဝကတစ်နေကုန်ရောင်းလို့မရဘူး။ ရောင်းကုန်ကအလွန်ဆုံးရှိ လေးနာရီဆိုတော့ တစ်စီးကိုအလွန်ဆုံးပေးနိုင်ရင် ၅ မိနစ်ပဲ။ နှစ်ဧကမှာတစ်ပြိုင်နက် တည်းရောင်းနိုင်တာက တစ်နာရီမှ အစီး ၆ဝ လောက်ပဲရောင်းနိုင်တယ်။ အဲဒီတော့ လေးနာရီမှာ အစီး ၂၄ဝ ဆိုတော့ ဒီထက်ပိုမလုပ်နိုင်ဘူး။ ရေရှည်မှာဖွံ့ဖြိုးလာမှာဆိုတော့ ကြိုပြီး ပြင်ဆင်ထားဖို့လိုတယ်”ဟု ပြောသည်။
TEEP
#democracytoday
Discussion about this post