မကွေး၊ မတ် ၁၂
မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်ဒေသထွက် အငယ်စား၊ အသေးစားနှင့် အလတ်စားဒေသထွက်ကုန်ပစ္စည်းများ ပြပွဲ/ပြိုင်ပွဲများကျင်းပရေး အကြိုညှိနှိုင်းဆွေး နွေးပွဲကို မတ် ၁၂ ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။ အကြိုညှိနှိုင်းဆွေးနွေးမှုအရ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဒေသတို့ပူး ပေါင်း၍ အငယ်စား၊ အသေးစားနှင့် အလတ်စားဒေသထွက်ကုန် ပစ္စည်းများ ပြပွဲ/ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး ဗိုလ်ချုပ်ပန်းခြံ လမ်းကြားတွင် မတ် ၂၄၊ ၂၅၊ ၂၆ ရက်အထိသုံးရက်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
”အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုရေး၊ ဆုချီး မြှင့်ရေး၊ အကဲဖြတ်အမှတ်ပေးရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဧည့်ခံကျွေးမွေး ရေး၊ ပြန်ကြားရေး၊ ဖျော်ဖြေရေးနဲ့ လုံခြုံရေးဆပ်ကော်မတီဆိုပြီး ဆပ် ကော်မတီ ၁ဝ ခု ဖွဲ့စည်းဆောင်ရွက်ထားပါတယ်” ဟု မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေး မှူး ဦးဝေဇင်ထွန်းက ပြောသည်။ အဆိုပါပြပွဲတွင် မကွေးတိုင်း ဒေသကြီး ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် နှမ်း၊ မြေပဲ၊ ဆီ၊ ထန်းပရိဘောဂပစ္စည်းများ၊ ချင်း ပြည်နယ်မှ ချင်းရိုးရာပစ္စည်းများနှင့် ရခိုင်ပြည်နယ်မှ ပုစွန်ခြောက်၊ ငါးခြောက်၊ ရခိုင်ရိုးရာပစ္စည်းများ ပြသမည့်လုပ်ငန်း ၄၈ မျိုးပါဝင်ပြီး ဆိုင်ခန်းပေါင်း ၁ဝဝ ခန့် ပြသမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲ/ပြိုင်ပွဲများကျင်းပနိုင် ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကားပြော ကြားခြင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာ နဝန်ကြီး ဦးဇော်မင်းမှ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန်ပစ္စည်းများ ပြပွဲ/ပြိုင်ပွဲများ ကျင်းပခြင်းနှင့်ပတ်သက်၍ ဆွေး နွေးခြင်း၊ မကွေးတိုင်းဒေသကြီးအ စိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ဆောင်ရွက်ထားမှုအခြေ အနေများကို ရှင်းလင်းခြင်း၊ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဒေသတာဝန်ရှိသူများက ဒေသထွက်ကုန်များနှင့် ပြသမည့်ကုန်ပစ္စည်းများအကြောင်း ဆွေးနွေးပြောကြားကြသည်။ အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ရခိုင်ပြည်နယ် SME ဌာနမှ တာဝန်ရှိသူများ၊ ချင်းပြည်နယ် SME ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ZZ
#democracytoday
Discussion about this post