မုံရွာ၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရန်ကုန် ဘုရင့် နောင်ပွဲရုံကဲ့သို့ ပွဲရုံတန်းတစ်ခုကို မြို့နှင့် အလှမ်းမဝေးသည့်နေရာတွင် တည်ဆောက်ရန် Layout Plan ရေးဆွဲအကောင်အထည်ဖော် နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(SRCCI) ဥက္ကဋ္ဌ ဦးမျိုးမင်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် ပဲအများဆုံးထွက်သော တိုင်းဒေသကြီးတစ်ခုဖြစ်၍ နိုင်ငံခြားအိတ်စပို့ပဲများ ဖြစ်သော ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေထောက်ပဲ၊ ကုလားပဲစသော ပဲများကို ရန်ကုန်မြို့သို့ ၂၂ဘီး တွဲကားများဖြင့် တင်ပို့နေရာ အဆိုပါ တွဲကားကြီးများသည် မုံရွာမြို့ တွင်း ပွဲရုံများ ပြန့်ကျဲစွာတည်ရှိ နေသော မြို့တွင်းသို့ ဝင်ရောက်ရန် အဆင်မပြေတော့သဖြင့် ပွဲရုံတန်းတစ်ခု ဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
”နိုင်ငံတကာနဲ့ယှဉ်ပြိုင်ရောင်း ချတဲ့အခါ ကုန်ကျစရိတ်တွေ လျှော့ ချနိုင်ဖို့ ပွဲရုံတန်းအကောင်အထည် ဖော်တာပါ။ မြို့ထဲမှာလည်း ယာဉ် ကြောပိတ်ဆို့မှုတွေမဖြစ်အောင် ရောပါတယ်။ မြို့ထဲက ပွဲရုံအသေး လေးတွေကတော့ ကျန်နေမှာပါ။ ပွဲရုံကြီးတွေကျ ရန်ကုန်၊ မန္တလေး ကိုတင်မယ်ဆို တွဲကားနဲ့တင်ရတာ မြို့ထဲမှာ အဆင်မပြေတော့ဘူး”ဟု SRCCI ဥက္ကဋ္ဌဦးမျိုးမင်းက ပြောသည်။
မုံရွာမြို့ရှိ ပွဲရုံတန်းအကောင်အထည်ဖော်မည့်နေရာကို Plan A, B, C ထား၍ မြေနေရာရှာဖွေ နေပြီး ဘက်စုံအဆင်ပြေမည့်နေရာကို အတည်ပြုရွေးချယ်မည်ဖြစ် ကြောင်း ပွဲရုံတန်းတည်ဆောက်မည့်နေရာသည် အတိအကျမရှိ သေးဘဲ မုံရွာမြို့အနီးတစ်ဝိုက်တွင် နေရာသုံးနေရာ အကြမ်းဖျင်းလျာထားပြီး ယင်းနေရာများထဲမှ ဈေးသင့်ပြီး သွားလာမှုကောင်းသည့် နေရာကို ရွေးချယ်သွားမည်ဖြစ် ကြောင်းသိရသည်။
KTS
#democracytoday
Discussion about this post